အဓိက ကစားသမားတွေ အစုံအလင်ဒဏ်ရာရနေတဲ့ လီဗာပူးရဲ့ ဖြစ်နိုင်ခြေ Line up အသစ်

လီဗာပူးအသင်းရဲ့တိုက်စစ်မှူး မိုဆာလားတယောက် ကိုဗစ်ပေါ့စတစ်ထပ်ထွက်ခဲ့ပါတယ်။ (၇)ရက်ထပ်နားရဖို့ရှိနေတဲ့အပေါ် အသင်းရဲ့ထရိန်နင်မှာ လူစုံတက်စုံရှိမှာမဟုတ်တော့ပါဘူး။ ဗန်ဒိုက်နဲ့ ဂိုမက်က ဒီအပတ်အတွက် နောက်တန်းမှာ ဒဏ်ရာရနေပြီး၊ အာနိုးကလည်း မကြာသေးခင်မှ ထပ်ပြီး၊ ဒဏ်ရာရသွားတဲ့အပေါ် လီဗာပူးနောက်တန်းက အတော်လေးကို အားလျော့နေပါတယ်။

တချိန်တည်းမှာပဲ အင်္ဂလန်အတွက် သွားကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်မှာလည်း နာကျင်မှုပြဿနာရှိပြီး၊ လူစာရင်းကေနေပါ နှုတ်ထွက်ခဲ့ရတယ်လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။ ချိန်ဘာလိန်ဒဏ်ရာရနေတဲ့ ကွင်းလယ်ကို ဟန်ဒါဆန်ကပါ ထပ်ပေါင်းခဲ့တာဖြစ်ပါတယ်။ နောက်ခံလူ ရောဘတ်ဆန်ကလည်း ပေါင်ခြံဒဏ်ရာကို စတော့တလန်အတွက် နေရှင်းလိဂ်ကစားပေးရင်းရထားပြန်ပါတယ်။

ဒါပေမဲ့ ရောဘတ်ဆန်က ဆားဘီးယားပွဲမှာနားပြီး၊ အစ္စရေးနဲ့ပွဲမှာ ပြန်ပါလာတဲ့အတွက် စိုးရိမ်ရတဲ့အထိတော့မဟုတ်ပါဘူး။ အင်တာနေရှင်ဂျူတီတွေပြီးသွားတဲ့အတွက် ကစားသမားတွေဟာ သောကြာနေ့မှာ လီဗာပူးထရိန်နင်ကို ရောက်လာမှာပါ။ တနင်္လာနေ့မှာ လက်စတာနဲ့အရေးကြီး ပရီးမီးယားလိဂ်ကို ကစားရမှာဖြစ်ပေမဲ့ ကြားထဲမှာအနားရချိန် (၃)ရက်ပဲရှိတာက ကလော့ပ်ကို ဘေးကျပ်နံကျပ်ဖြစ်စေပါတယ်။

အကယ်လို့ ဒီသုံးရက်အတွင်း ဒဏ်ရာရနေတာမဟုတ်တဲ့ ကစားသမားတွေပြန်ပါလာရင်တော့ လူအင်အားအပြည့်နဲ့ အခုလို (၁၁)ယောက်ကို မြင်ရနိုင်ပါတယ်။ ဂိုး- အလစ်ဆင်၊ နောက်တန်း ဘယ်မှညာ- ရောဘတ်ဆန်၊ ဖာဘင်ဟို၊ မာတစ်၊ မီလ်နာ၊ ကွင်းလယ်- ဝှစ်ချ်နယ်ဒန်၊ ဟန်ဒါဆန်၊ သီယာဂို၊ ရှေ့တန်း၊ မာနေး၊ ဖာမီနို၊ ဂျိုတာတို့ပါ။ ဒီစာရင်းမှာ ကြံ့ခိုင်မှုမပြည့်တဲ့ ကစားသမားတွေ ပြန်သက်သာလာတယ်လို့တွက်ထားပါတယ်။

ဆိုပေမဲ့ တယောက်မှ ကြံ့ခိုင်မှုမပြည့်ခဲ့ဘူးဆိုရင်တော့ အခုလို Line up ဖြစ်လာမှာပါ။ ဂိုး -အလစ်ဆင်၊ နောက်တန်း – ဆီမီကတ်၊ မာတစ်၊ ဖီလစ်၊ မီလ်နာ၊ ကွင်းလယ်- ကာတစ်ဂျုံး၊ ဝှစ်ချ်နယ်ဒန်၊ ကိတ်တာ၊ ရှေ့တန်း – မာနေး၊ ဖာမီနို၊ ဂျိုတာတို့ပါ။ ဒဏ်ရာရနေတဲ့ ကစားသမားတွေနဲ့ မိုဆာလားလိုကိုဗစ်ဖြစ်နေတဲ့ ကစားသမားတွေတော့ ထည့်ထွက်လို့မရပါဘူး။

ကျိန်းသေတဲ့ အလစ်ဆင်၊ မာတစ်၊ မီလ်နာ၊ ဝှစ်ချ်နယ်ဒန်၊ မာနေး၊ ဖာမီနို၊ ဂျိုတာ (၇)ယောက်ကိုမူတည်ပြီး ကျန်တဲ့နေရာတွေ အပြောင်းအလဲလုပ်ရမှာဖြစ်ပါတယ်။ ကြံ့ခိုင်မှုမပြည့်ခဲ့တဲ့ ကစားသမားကို အတင်းပွဲထွက်ခိုင်းဖို့လည်း မဖြစ်နိုင်တဲ့အပေါ် လက်စတာကို ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ကလော့ပ်အတွက် လူအင်အားက ရွေးချယ်ဖို့ များများ စားစားမရှိဘူးလို့ ဆိုရမှာပါပဲ။

AZ- SportsGabar