အချက်အလတ်တွေအရ ပရီးမီးယားလိဂ်ရဲ့အကြီးကျယ်ဆုံးအခမ်းနားဆုံးအသင်းအဖြစ် လီဗာပူးလ်ရပ်တည်

ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဘောလုံးသမိုင်းမှာ အောင်မြင်မှု အရှိဆုံး အသင်းတွေအဖြစ်ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့ ဒီနှစ်သင်းထဲမှာ ဘယ်အသင်းက ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံးအသင်းအဖြစ်ရပ်တည်နေတာလဲဆိုတဲ့ အငြင်းခုန်မှုတွေကတော့ရှိနေဆဲပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နည်းပြဂျာကင်ကလော့ရဲ့ ဦးဆောင်မှုနဲ့ အတူ၊

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက နှစ်ပေါင်း(၃၀)အတွင်းပထမဆုံးအကြိမ်အမှတ်ပေးဖလားကိုပြန်လည်ရယူနိုင်ခဲ့ပေမဲ့ ယူနိုက်တက်တို့ကတော့ဖာဂူဆန်အနားယူသွားပြီးကတည်းက ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေတာ(၇)နှစ်ခန့်ရှိနေပြီပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့အားကစားသုတေသနအဖွဲ့တစ်ခုကနေပြီးတော့ ပရီးမီးယားလိဂ်အသင်းသမိုင်းတစ်လျှောက်၊

ဘောလုံးရာသီတစ်ခုတိုင်းစီမှာ ရပ်တည်နိုင်ခဲ့တဲ့ ရပ်တည်မှုတွေ အမှတ်ပေးဇလားရရှိခဲ့မှုအကြိမ်အရေအတွက် တွေကို အခြေခံပြီးတော့ ပရီးမီးယားလိဂ်ရဲ့ အခမ်းနားဆုံးအသင်း(၁၀)သင်းကို ရွေးချယ်သက်မှတ်ပေးသွားခဲ့ပါတယ်။ အဆိုပါသုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ယူနိုက်တက်တို့ဟာ လီဗာပူးလ်နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီးတော့ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ အခမ်းနားဆုံးအသင်းအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

FootballInT80s လို့အမည်ရတဲ့ အားကစားသူသုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အခမ်းနားဆုံးအသင်း(၁၀)သင်းကိုထုတ်ဖော်ပေးလိုက်ပါတယ်။(၁၀)စပါး။ ။စပါးဟာ ပရီးမီးယားလိဂ်သမိုင်းမှာဘောလုံးရာသီ(၈၆)ရာသီအထိယှဉ်ပြိုင်ကစားထားခဲ့ပြီးအမှတ်ပေးဖလား (၂)ကြိမ်ရရှိထားခဲ့ကာအချက်အလတ်တွက်ချက်မှုတွေအရ ရမှတ်(၁၈၂)မှတ်နဲ့ အဆင့်(၁၀)နေရာမှာရပ်တည်နေပါတယ်။

(၉)နယူးကာဆ်။ ။ဘောလုံးရာသီ(၈၉)ရာသီယှဉ်ပြိုင်ကစားထားခဲ့ပြီး အမှတ်ပေးဖလား (၄)ကြိမရရှိကာ ရမှတ်(၁၉၈)မှတ်နဲ့ အဆင့်(၉)နေရာမှာ ရပ်တည်နေပါတယ်။(၈)ချဲလ်ဆီး။ ။ဘောလုံးရာသီ(၈၆)ရာသီယှဉ်ပြိုင်ကစားထားခဲ့ပြီး အမှတ်ပေးဖလား (၆)ကြိမ်နဲ့ ရမှတ်(၂၀၂)မှတ်ရှိထားခဲ့ပါတယ်။(၈)ဆန်းဒါးလန်း။ ။ဆန်းဒါးလန်ကလည်း ချဲလ်ဆီးနဲ့ဘောလုံးရာသီ (၈၆)ရာသီမှာကစားထားခဲ့ကာ အမှတ်ပေးဖလား(၆)ကြိမ်နဲ့ ရမှတ်တူအဆင့်(၈)နေရာမှာရပ်တည်လျက်ရှိနေပါတယ်။

(၆)မန်စီးတီး။ ။မန်စီးတီးကတော့ ပရီးမီးယားလိဂ်ဘောလုံးရာသီ(၉၂)ရာသီကစားထားခဲ့ပြီးအမှတ်ပေးဖလား(၆)ကြိမ်နဲ့ရမှတ်(၂၁၄)မှတ်ရရှိထားခဲ့ပါတယ်။(၅)အက်စတွန်ဗီလာ။ ။ပရီးမီးယားလိဂ်ဘောလုံးရာသီ(၁၀၇)ရာသီယှဉ်ပြိုင်ကစားထားခဲ့ကာ အမှတ်ပေးဖလား (၇)ကြိမ်နဲ့ ရမှတ်(၂၄၉)မှတ်ရရှိကာ အဆင့်(၅)နေရာမှာရပ်တည်နေပါတယ်။

(၄)အာဆင်နယ်။ ။ဘောလုံးရာသီ(၁၀၄)ရာသီယှဉ်ပြိုင်ကစားထားခဲ့ပြီးပရီးမီးယားလိဂ်ဖလား (၁၃)ကြိမ်နဲ့ ရမှတ်ပေါင်း(၂၇၃)မှတ်အထိရရှိထားခဲ့ပါတယ်။(၃)အဲဗာတန်။ ။ဘောလုံးရာသီ(၁၁၈)ရာသီအထိယှဉ်ပြိုင်ကစားထားခဲ့ပြီး အမှတ်ပေးဖလား (၉)ကြိမ်နဲ့ ရမှတ်ပေါင်း (၂၈၁)မှတ်အထိရရှိထားခဲ့ကာ အဆင့် (၃)(နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။

(၂)ယူနိုက်တက်။ ။ဘောလုံးရာသီ(၉၆)ရာသီအထိယှဉ်ပြိုင်ကစားထားခဲ့ပြီးအမှတ်ပေးဖလား (၂၀)ကြိမ်နဲ့ ရမှတ်ပေါင်း (၂၉၂)မှတ်အထိရရှိထားခဲ့ကာ လီဗာပူးလ်နောက် ဒုတိယနေရာမှာရပ်တည်နေပါတယ်။ (၁)လီဗာပူးလ်။ ။လီဗာပူးလ်ကတော့ ဘောလုံးရာသီ(၁၀၆)ခုမှာ အမှတ်ပေးဖလား (၁၉)ကြိမ်ရရှိထားခဲ့ပြီး ရမှတ်ပေါင်း (၃၀၇)နဲ့ ပရီးမီးယားလိဂ်ရဲ့ အခမ်းနားဆုံးအသင်းအဖြစ်ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိနေပါတယ်။

AZ-SportsGabar