ေနရွင္လိဂ္မွာဗိုလ္စြဲဖို႔ေပၚတူဂီေရပန္းစားေနရတဲ့အေၾကာင္းအရင္း(၃)ရပ္

လာမယ့္ တနဂၤေႏြညမွာေတာ့ ေဘာလံုးပရိသတ္ေတြ မျဖစ္မေန ေစာင့္ၾကည့္သြားရမယ့္ ပြဲေကာင္းတစ္ပြဲကေစာင့္ၾကိဳေနပါတယ္။ အဲတာကေတာ့ ေပၚတူဂီနဲ႔နယ္သာလန္တို႔ယွဥ္ျပိဳင္ကစားၾကမယ့္ ေနရွင္လိဂ္ ဗိုလ္လုပြဲျဖစ္ျပီး၊ ႏွစ္သင္းစလံုးမွာ ကမာၻေက်ာ္ကစားသမားေတြ ပါ၀င္ေနတဲ့အတြက္ လူစိတ္၀င္စားမႈကလည္း ျမင့္တက္ေနပါတယ္။

ဆီမီးဖိုင္နယ္အဆင့္မွာ အဂၤလန္အသင္းကို ေက်ာ္ျဖတ္လာခဲ့တဲ့နယ္သာလန္ထက္ ေပၚတူဂီအသင္းက ဒီပြဲမွာ အႏိုင္ရဖို႔ ပိုမိုေရပန္းစားေနျပီး၊ ေနရွင္လိဂ္ဖလားၾကီးကို ဆြတ္ခူးသြားႏိုင္လိမ့္မယ္လို႔ ေဘာလံုးေရးရာကြ်မ္းက်င္သူေတြက ထင္ေၾကးေပးေနၾကပါတယ္။ တကယ္လည္း ေပၚတူဂီအသင္း ဗိုလ္စြဲသြားႏိုင္တဲ့ အေၾကာင္းအရင္းေတြက ခိုင္ခိုင္လံုလံုရွိေနျပန္ပါတယ္။ အဲတာေတြကေတာ့-

(၁) အိမ္ကြင္းအားသာခ်က္

ေပၚတူဂီဟာ အုပ္စုပြဲစဥ္မွာ ပိုလန္နဲ႔အီတလီအသင္းေတြကို ေက်ာ္ျဖတ္ျပီး အုပ္စု ထိပ္ဆံုးမွာ ရပ္တည္ႏိုင္ခဲ့တာေၾကာင့္ ဆီမီးဖိုင္နယ္ကို တက္ေရာက္ခြင့္ရရွိခဲ့တာပါ။ ဆီမီးဖိုင္နယ္မွာလည္း ကစားရခက္တဲ့ ဆြစ္ဇာလန္အသင္းကို အိမ္ကြင္းပရိသတ္ေတြရဲ႕တစ္ခဲနက္အားေပးမႈေအာက္မွာ အႏိုင္ကစားႏိုင္ခဲ့ျပီး ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ တနဂၤေႏြေန႔မွာ ကစားရမယ့္ နယ္သာလန္နဲ႔ပြဲစဥ္ကိုလည္း အိမ္ကြင္းပရိသတ္ေတြရဲ႕ေ႔ရွေမွာက္မွာ ကစားရမွာျဖစ္လို႔ ေပၚတူဂီအေနနဲ႔ အိမ္ကြင္းအားနဲ႔ နယ္သာလန္ကို ေသခ်ာေပါက္ဖိအားေပးႏိုင္ပါလိမ့္မယ္။

(၂) ဘနာဒိုေဆးလ္ဗားရဲ႕ကြင္းလယ္ပိုင္း လႊမ္းမိုးႏိုင္မႈ

မန္စီးတီးကစားသမား ဘနာဒိုေဆးလ္ဗားဟာ နယ္သာလန္ကြင္းလယ္က ဖရန္႔ကီဒီေဂ်ာင္လို ကစားသမားနဲ႔ ရင္ဆိုင္ရာမွာ ေပၚတူဂီအတြက္အဓိကအေရးၾကီးဆံုးလူျဖစ္ေနပါတယ္။ ေဆးလ္ဗားဟာ ျပီးခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္မွာလည္း ေဘာလံုးျဖတ္ေတာက္ရယူႏိုင္မႈ (၅)ၾကိမ္နဲ႔ အေရးပါတဲ့ ေပးပို႔မႈ (၄)ၾကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ျပီး၊ ဟက္ထရစ္သြင္းခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕ေနာက္ကြယ္က ပြဲရဲ႕အေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ကမာၻ႔အဆင့္ကစားသမားဆိုတာ သံသယျဖစ္စရာမလိုတဲ့ ေဆးလ္ဗားဟာ ဗိုလ္လုပြဲမွာလည္း နယ္သာလန္ကြင္းလယ္ကို စိုးမိုး ႏိုင္ပါလိမ့္မယ္။

(၃) စီေရာ္နယ္ဒို

ေရာ္နယ္ဒိုကေတာ့ ေပၚတူဂီဗိုလ္စြဲသြားႏိုင္တယ္ဆိုတဲ့ အဓိက အေၾကာင္းအရင္းတစ္ခုျဖစ္သလို ေပၚတူဂီနဲ႔ နယ္သာလန္တို႔ရဲ႕အၾကီးမားဆံုး ျခားနားခ်က္ လို႔ေျပာရင္လည္း လြန္မယ္မထင္ပါဘူး။ ေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းရဲ႕ ေနရွင္လိဂ္ျပိဳင္ပြဲအစ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ျပီး၊ ဆီမီးဖိုင္နယ္အဆင့္မွာမွ ျပန္လည္ပါ၀င္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေရာ္နယ္ဒိုဟာ သူစတင္ကစားခဲ့တဲ့ပြဲမွာပဲ (၃)ဂိုးသြင္းယူႏိုင္ခဲ့ျပီး ကစားရခက္တဲ့ ဆြစ္ဇာလန္အသင္းကို ေနာက္ေကာက္ခ်ကာ ေပၚတူဂီကို ဗိုလ္လုပြဲပို႔ေဆာင္ေပးခဲ့ပါတယ္။ ဒါေၾကာင့္ အေရးၾကံဳခ်ိန္မွာ အသင္းကို ဦးေဆာင္ႏိုင္စြမ္းရွိျပီး၊ အခြင့္အေရး အနည္းငယ္ ရရွိတာနဲ႔ ပြဲအေျဖကို ေျပာင္းလဲႏိုင္စြမ္းရွိတဲ့ ေရာ္နယ္ဒိုကို ထိန္းခ်ဳပ္ႏိုင္ဖို႔ နယ္သာလန္ခံစစ္အေနနဲ႔ အခက္ေတြ႕ႏိုင္ျပီး အမွားတစ္ခ်က္လုပ္မိတာနဲ႔ ခံစားသြားရဖို႔ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

နေရှင်လိဂ်မှာဗိုလ်စွဲဖို့ပေါ်တူဂီရေပန်းစားနေရတဲ့အကြောင်းအရင်း(၃)ရပ်

လာမယ့် တနင်္ဂနွေညမှာတော့ ဘောလုံးပရိသတ်တွေ မဖြစ်မနေ စောင့်ကြည့်သွားရမယ့် ပွဲကောင်းတစ်ပွဲကစောင့်ကြိုနေပါတယ်။ အဲတာကတော့ ပေါ်တူဂီနဲ့နယ်သာလန်တို့ယှဉ်ပြိုင်ကစားကြမယ့် နေရှင်လိဂ် ဗိုလ်လုပွဲဖြစ်ပြီး၊ နှစ်သင်းစလုံးမှာ ကမ္ဘာကျော်ကစားသမားတွေ ပါဝင်နေတဲ့အတွက် လူစိတ်ဝင်စားမှုကလည်း မြင့်တက်နေပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းကို ကျော်ဖြတ်လာခဲ့တဲ့နယ်သာလန်ထက် ပေါ်တူဂီအသင်းက ဒီပွဲမှာ အနိုင်ရဖို့ ပိုမိုရေပန်းစားနေပြီး၊ နေရှင်လိဂ်ဖလားကြီးကို ဆွတ်ခူးသွားနိုင်လိမ့်မယ်လို့ ဘောလုံးရေးရာကျွမ်းကျင်သူတွေက ထင်ကြေးပေးနေကြပါတယ်။ တကယ်လည်း ပေါ်တူဂီအသင်း ဗိုလ်စွဲသွားနိုင်တဲ့ အကြောင်းအရင်းတွေက ခိုင်ခိုင်လုံလုံရှိနေပြန်ပါတယ်။ အဲတာတွေကတော့-

(၁) အိမ်ကွင်းအားသာချက်

ပေါ်တူဂီဟာ အုပ်စုပွဲစဉ်မှာ ပိုလန်နဲ့အီတလီအသင်းတွေကို ကျော်ဖြတ်ပြီး အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရရှိခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာလည်း ကစားရခက်တဲ့ ဆွစ်ဇာလန်အသင်းကို အိမ်ကွင်းပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုအောက်မှာ အနိုင်ကစားနိုင်ခဲ့ပြီး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ကစားရမယ့် နယ်သာလန်နဲ့ပွဲစဉ်ကိုလည်း အိမ်ကွင်းပရိသတ်တွေရဲ့ေ့ရှမှောက်မှာ ကစားရမှာဖြစ်လို့ ပေါ်တူဂီအနေနဲ့ အိမ်ကွင်းအားနဲ့ နယ်သာလန်ကို သေချာပေါက်ဖိအားပေးနိုင်ပါလိမ့်မယ်။

(၂) ဘနာဒိုဆေးလ်ဗားရဲ့ကွင်းလယ်ပိုင်း လွှမ်းမိုးနိုင်မှု

မန်စီးတီးကစားသမား ဘနာဒိုဆေးလ်ဗားဟာ နယ်သာလန်ကွင်းလယ်က ဖရန့်ကီဒီဂျောင်လို ကစားသမားနဲ့ ရင်ဆိုင်ရာမှာ ပေါ်တူဂီအတွက်အဓိကအရေးကြီးဆုံးလူဖြစ်နေပါတယ်။ ဆေးလ်ဗားဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ဘောလုံးဖြတ်တောက်ရယူနိုင်မှု (၅)ကြိမ်နဲ့ အရေးပါတဲ့ ပေးပို့မှု (၄)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး၊ ဟက်ထရစ်သွင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့နောက်ကွယ်က ပွဲရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အဆင့်ကစားသမားဆိုတာ သံသယဖြစ်စရာမလိုတဲ့ ဆေးလ်ဗားဟာ ဗိုလ်လုပွဲမှာလည်း နယ်သာလန်ကွင်းလယ်ကို စိုးမိုး နိုင်ပါလိမ့်မယ်။

(၃) စီရော်နယ်ဒို

ရော်နယ်ဒိုကတော့ ပေါ်တူဂီဗိုလ်စွဲသွားနိုင်တယ်ဆိုတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်သလို ပေါ်တူဂီနဲ့ နယ်သာလန်တို့ရဲ့အကြီးမားဆုံး ခြားနားချက် လို့ပြောရင်လည်း လွန်မယ်မထင်ပါဘူး။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ နေရှင်လိဂ်ပြိုင်ပွဲအစ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး၊ ဆီမီးဖိုင်နယ်အဆင့်မှာမှ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရော်နယ်ဒိုဟာ သူစတင်ကစားခဲ့တဲ့ပွဲမှာပဲ (၃)ဂိုးသွင်းယူနိုင်ခဲ့ပြီး ကစားရခက်တဲ့ ဆွစ်ဇာလန်အသင်းကို နောက်ကောက်ချကာ ပေါ်တူဂီကို ဗိုလ်လုပွဲပို့ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် အရေးကြုံချိန်မှာ အသင်းကို ဦးဆောင်နိုင်စွမ်းရှိပြီး၊ အခွင့်အရေး အနည်းငယ် ရရှိတာနဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ရော်နယ်ဒိုကို ထိန်းချုပ်နိုင်ဖို့ နယ်သာလန်ခံစစ်အနေနဲ့ အခက်တွေ့နိုင်ပြီး အမှားတစ်ချက်လုပ်မိတာနဲ့ ခံစားသွားရဖို့ရှိနေပါတယ်။

လူညိုချော@SportsGabar