ဆာလတ်ကို ကိုဗစ်ဘယ်လိုကူးလဲ ပြောကြားရင်း အဆင်ခြင်မဲ့လုပ်ရပ်တွေအပေါ် အီဂျစ်အသင်းဖော် ပေါ်တင်ဝေဖန်

ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ်ရော ဂါပိုးတွေ့ရှိခဲ့တာကြောင့်နိုင်ငံအသင်းရဲ့ ပွဲစဉ်တွေကိုလွဲချော်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူးဆာလတ်နဲ့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်အပေါ် အီဂျစ်တိုက်စစ်မှူးမီဒိုက ဝေဖန်ပြောကြားမှုတွေပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။အီဂျစ်တို့ဟာ အင်တာနေရှင်နယ်ဘရိတ်အတွင်း တိုဂိုအသင်းနဲ့ နှစ်ကြိမ်တိုင်တိုင်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ(၂)ကြိမ်လုံးမှာအီဂျစ်တောင်ပံကစားသမား ဆာလတ်ဟာ လွဲချော်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ သောကြာနေ့ကစစ်ဆေးမှုမှာ ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့တဲ့ အတွက်ကြောင့် အီဂျစ်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမဲ့ လူစာရင်းမှာတော့ ပါဝင်လာခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီမတိုင်မီမှာ ဆာလတ်ဟာသူ့အကိုဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ကခုန်နေတဲ့ ဗီဒီယိုဖိုင်တစ်ခူထွက်ပေါ်လာခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ထဲမှာဆာလတ်ဟာ ကိုဗစ်ကာကွယ်မှုအဖြစ် Mask တပ်ထားခဲ့ခြင်းမရှိသလို မင်္ဂလာဆောင်အတွင်း လူတွေတစ်ဦးနဲ့တစ်ဦး Social distancinng ဖြစ်ခဲ့တဲ့ အနေအထားမှာလည်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့် ဆာလတ်ရဲ့ ကိုဗစ်ကုးစက်မှုဟာ မင်္ဂလာဆောင်ကနေကူးစက်ခံခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဆာလတ်ရဲ့ ဒီလိုစည်းမဲ့ ကမ်းမဲ့ လုပ်ရပ်တစ်ခုအပေါ်မှာ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က နှုတ်ဆိတ်နေခဲ့တဲ့ အပေါ် မီဒိုက အခုလိုပဲပြောကြားသွားခဲ့ပါတယ်။

” လူ(၈၀၀) (၉၀၀)လောက်ရှိနေတဲ့ မင်္ဂလာဆောင်ကိုဆာလတ်သွားခဲ့တာက အမှားမဟုတ်ဘူးလို့ လူတွေကထင်နေတာလားဗျ၊ဒီလို့ကိုရိုနာအချိန်မှာဒါကလုံးဝအမှားမဟုတ်ဘူးပေါ့လေ၊ သူ့အကိုရဲ့ မင်္ဂလာဆောင်အတွက် သူ့အကိုနဲ့အောင်ပွဲခံဖို့ဆိုတာက ဖြစ်သင့်ပါတယ်၊ဒါပေမဲ့ဒီအချိန်မှာတော့မဟုတ်ဘူးပေါ့ဗျာ၊အီဂျစ်ကိုလာတယ်ဆိုတာ နိုင်ငံအတွက် ကစားပေးဖို့လိုရတာပါ၊ သူ့အကိုမင်္ဂလာဆောင်ကိုတက်ဖို့မဟုတ်ဘူးလေ၊

လူတွေက ဆာလတ်ကိုချစ်ကြတယ်၊ ဒါပေမဲ့ မင်္ဂလာဆောင်ကအခြေအနေတွေကိုကြည့်လိုက်ပါဦး၊ လူပေါင်းများစွာနဲ့သူကထိတွေ့ခဲ့တာပါ၊ အခုတော့ ကိုဗစ်ကူးစက်ခံထားရပြီလေ၊ ဆာလတ်ကိုမှားတယ်လို့ပြောမယ့်သူတွေဒီနိုင်ငံမှာ မရှိကြတော့ဘူးလား၊ကြောက်လန့်မှုတွေက တော်တော်လေးကိုကြီးကျယ်ခမ်းနားလွန်းပါတယ်ဗျာ ” လို့ပြောကြားသွားခဲ့ပါတယ်။

AZ-SportsGabar