နွံနက်ပိုင်းအားကစားသတင်းတိုများ (၁၉.၁၁.၂၀၂၀)

အိုက်စလန်ကို တင်ကစားခဲ့တဲ့ အင်္ဂလန်အသင်းကတော့ (၄-ဝ)ရလဒ်နဲ့အတူ ပွဲပြီးဆုံးခဲ့ပါတယ်။ လူငယ်ကစားသမားလေး ဖိုဒင်(၂)ဂိုးသွင်းယူပြီး၊ ဒီကလန်ရိုက်စ် ၊ မေဆင်မောင့်တို့ရဲ့ဂိုးတွေနဲ့အတူ (၄-ဝ)ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အသက် (၂၀)ပဲရှိသေးတဲ့ ကစားသမားအနေနဲ့ ဝင်ဘလေကွင်းမှာ တပွဲတည်း (၂)ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

နေးရှင်းလိဂ်ဖိုင်နယ်ကို တက်ရောက်သွားဖို့အတွက် ဘယ်လ်ဂျီယမ်အသင်းကို လူကာကူက သွင်းဂိုး(၂)ဂိုးနဲ့ကူညီပေးခဲ့ပါတယ်။ (၄-၂)ရလဒ်နဲ့ ဒိန်းမတ်ကိုအနိုင်ရတဲ့ပွဲမှာ လူကာကူ၊ တိုင်လီစမန်၊ ဒီဘရိုင်းတို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရခဲ့ပြီး၊ ဒီနိုင်ပွဲကြောင့် ပြင်သစ်၊ စပိန်၊ အီတလီနဲ့အတူ နေရှင်းလိဂ်ဗိုလ်လုပွဲတက်သွားခဲ့ပြီဖြစ်ပါတယ်။

ပိုလန်ကို (၁-၂)နဲ့အနိုင်ရခဲ့တဲ့ နယ်သာလန်ကတော့ အုပ်စုတွင်းပြိုင်ဘက် အီတလီကိုမကျော်နိုင်ဘဲ ဖိုင်နယ်တက်ခွင့်နဲ့လွဲသွားခဲ့ပါတယ်။ ဘော့စနီးယားကို (၂-ဝ)နဲ့ နိုင်သွားတဲ့ အီတလီကြောင့် နယ်သာလန်တို့ (၁)မှတ်လျော့ (၁၁)မှတ်နဲ့ အီတလီ (၁၂)မှတ်ကို မမီဘဲ ဗိုလ်လုပွဲနဲ့ဝေးခဲ့ပါတယ်။

အမျိုးသမီး ကွန်တီတန်နယ်ဖလားပွဲစဉ်အဖြစ်ကစားခဲ့တဲ့ စပါးနဲ့အာဆင်နယ်တို့ပွဲစဉ်ကေတော့ (၂-၂)နဲ့ သရေကျခဲ့ပါတယ်။ ပင်နယ်တီအထိဆက်သွားခဲ့ချိန်မှာ အာဆင်နယ်တို့ (၅-၄)နဲ့အနိုင်ရခဲ့ပြီး၊ စပါးအသင်းရဲ့နာမည်ကြီး အဲလက်စ်မော်ဂန်တယောက် ပင်နယ်တီလွဲချော်ခဲ့လို့ ဖြစ်ပါတယ်။

လီဗာပူးအသင်း တိုက်စစ်မှူး မိုဟာမက်ဆာလားကတော့ ကိုဗစ် (၁၉)ပေါ့စတစ် ဒုတိယအကြိမ် ထပ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ဒုတိယမြောက် စစ်ဆေးမှုအထိ ပေါ့စတစ်ထွက်နေတဲ့အတွက် (၇)ရက်တာလောက် သီခြားထပ်နေရဖို့ ရှိနေပါတယ်။

လက်ကျန်နေရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲရလဒ်တွေကတော့ ဝေးလ် ၃-၁ ဖင်လန်၊ အစ္စရေး ၁-၀ စကော့တလန်၊ မြောက်အိုင်ယာလန် ၁-၁ ရိုမေးနီးယား၊ တို့နဲ့ ပြီးဆုံးခဲ့ပါတယ်။ နေရှင်းလိဂ်ဖိုင်နယ်ပွဲစဉ်တွေကို အောက်တိုဘာလ (၂၀၂၁)မှာ ဗိုလ်လုပွဲတက်သွားတဲ့ လေးသင်းတည်းနဲ့ ကန်မှာဖြစ်ပါတယ်။

AZ-SportsGabar