ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ မက်ဆီကို ဒုတိယအကြိမ်ထပ်ကြိုးပမ်းမယ့် မန်စီးတီး

မက်ဆီနဲ့ ဘာစီလိုနာရဲ့စာချုပ်က ဒီနှစ်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကထွက်ခွာဖို့တောင်းဆိုခဲ့ပေမဲ့ မက်ဆီကို ဘာစီလိုနာက စာချုပ်ဖျက်သိမ်းကြေးမပေးရင် မထွက်ရဘူးဆိုတဲ့ စကားကြောင့် အသင်းမှာဆက်ရှိနေခဲ့ပါတယ်။ အဆိုပါအချိန်တုန်းက မန်စီးတီးအသင်းက တရားဝင်ကို မက်ဆီကို ချိတ်ဆက်ခဲ့ပြီး၊ အသင်းကိုရော်ကလာဖို့ ကြိုးပမ်းခဲ့ပါတယ်။

တနှစ်လက်ကျန်စာချုပ်ကို လျော်ကြေးပေးပြီး အသင်းကိုခေါ်ဖို့ ပြင်ဆင်ခဲ့တာပါ။ ဘာစီလိုနာက လက်မခံခဲ့တဲ့အတွက် ပြီးဆုံးသွားခဲ့ပြီး၊ မက်ဆီလည်းအသင်းမှာဆက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အခြေအနေတွေက မန်စီးတီးအတွက် တဖန်ပြန်လည်လာခဲ့ပါပြီ။ ဥက္ကဌဘာတိုမြူထွက်သွားချိန်မှာ အကြွေးနစ်နေတဲ့ ဘာစီလိုနာအတွက် မက်ဆီကို ဆက်မထားဖို့ပါ။

The Sun က ဖော်ပြခဲ့တဲ့ သတင်းအရ မန်စီးတီးဟာ လက်ရှိမက်ဆီရနေတဲ့ လစာကိုဆက်လက်ပေးချေမယ့်အပြင် နဂိုထက်ပိုတဲ့နှုန်းထားတဲ့ ကမ်းလှမ်းမယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာရဲ့လစာအများဆုံး ကစားသမားဖြစ်နေတဲ့ ဝန်ကို ပေါ့စေမယ့်အပြင် မက်ဆီရဲ့ နှစ်ဝက်လောက်ကျန်နေတဲ့ စာချုပ်အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း (၅၀)အထိပေးချေဖို့ ဆန္ဒရှိနေပါတယ်။

ဇန်နန်ဝါရီမှာ မက်ဆီကို လက်လွှတ်ခဲ့မယ်ဆိုရင် လစာပေးချေမှုလည်းသက်သာသွားမယ့်အပြင် ပေါင်သန်း (၅၀)လည်းရမယ့်အနေအထားက အကြွေးပေါင် (၄၃၇)သန်းတင်နေတဲ့ ဘာစီလိုနာအတွက် ကောက်ရိုးတမျှင်ဖြစ်လာဖို့ရှိနေပါတယ်။ တဖက်မှာတော့ မက်ဆီကို ခေါ်ဖြစ်တာနဲ့ ပတ်ဂွါဒီယိုလာ မန်စီးတီးမှာ ဆက်ရှိမရှိအဖြေပေါ်သွားမယ့်အပေါ် မန်စီးတီးကလည်း ငွေသုံးပေးဖို့ စီစဉ်ထားပါတယ်။

မက်ဆီကိုယ်တိုင်ကတော့ သူ့အပြောင်းအရွှေ့ကို ဘာမှမစဉ်စားထားပေမဲ့ လက်ရှိကလပ်တာဝန်ရှိသူတေကသာ ထွက်ခွင့်ပြုမယ်ဆိုရင် မန်စီးတီးကိုခေါင်းညိတ်ဖို့သေချာနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ တဖက်မှာတော့ အသင်းဟောင်း နယူးအိုဘွိုင်းမှာ ဒါမှမဟုတ် မေဂျာလိဂ်ကလပ်တခုမှာ သွားကစားမယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါပေမဲ့ ဇန်နဝါရီမှာ မန်စီးတီးက ကမ်းလှမ်းမယ့်အချက်ကတော့ မက်ဆီကို အတော်လေးစွဲဆောင်နိုင်မှာတော့ အသေအချာပါပဲ။

AZ-SportsGabar