ယူရို (၂၀၂၀)ကိုလွဲမယ့် ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား (၁၀)ဦး

ယူရို(၂၀၂၀)ကိုလွဲချော်မယ့် ကမ္ဘာ့ဈေးအကြီးဆုံးကစားသမား စာရင်းကို စပေါ့ဘိုတ်ဘယ် အားကစားဝက်ဆိုက်ဒ်တစ်ခုကနေပြီးတော့ထုတ်ပြန်ပေးခဲ့ပါတယ်။ဒီစာရင်းမှာ ဒေါ့မွန်အသင်းရဲ့ကြယ်ပွင့်ကစားသမားလေး အာလင်ဒဟောလန်ကတော့ထိပ်ဆုံးမှာရှိနေတာမဟုတ်ပါဘူး။ အာလင်းဟာ ဒေါ့မွန်မှာခြေစွမ်းကောင်းတွေနဲ့ သွင်းဂိုးတွေများစွာသွင်းယူပြီး ခြေစွမ်းပြကာ အသင်းကိုကူညီပေးနေပေမဲ့၊

ဒီရာသီအစောပိုင်းတုန်းက ကစားခဲ့တဲ့ယူရို(၂၀၂၀) ပလေးအော့ဖ်ပွဲစဉ်မှာနိုင်ငံအသင်းဖြစ်တဲ့ နော်ဝေကို ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဆိုလိုတာကတော့ လာမယ့်နွေမှာကျင်းပမယ့် ယူရို ပြိုင်ပွဲမှာ နော်ဝေသားလေးအာလင်းတစ်ယောက် ပွဲကြည့်ပရိသတ်ပဲလုပ်ရတော့မှာဖြစ်ပါတယ်။ဒီလိုမျိုး နိုင်ငံပြိုင်ပွဲကြီး ကိုလွဲချော်ခဲ့ရတဲ့ နာမည်ကြီးကစားသမားဟာ အာလင်းတစ်ယောက်ထဲတော့မဟုတ်ပါဘူး။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဂိုးသမားဖြစ်သူ အိုဘလတ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆေတွထဲကတစ်ယောက်အဖြစ်သက်မှတ်ခံထားရတာဖြစ်ပါတယ်။ဒါပေမဲ့ အိုဘလတ်ဟာလည်း နိုင်ငံလက်ရွေးစင်အသင်း ဆလိုဗေနီးယားအသင်းနဲ့ အတူ ယူရို(၂၀၂၀)ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့အတွက်ကျရှုံးသွားခဲ့ပြီး ပွဲကြည့်ပရိသတ်လုပ်ရတော့မှာဖြစ်ပါတယ်။

ဆိုတော့ အာလင်းရဲ့ လက်ရှိပြောင်းရွှေ့ကြေးဟာ ယူရိုသန်း(၈၀)လောက်အထိရှိနေတာဖြစ်သလို အိုဘလတ်ရဲ့ပြောင်းရွှေ့ကြေးကလည်း ယူရိုသန်း(၉၀)လောက်အထိရှိနေတာကြောင့် ကမ္ဘာ့ဈေးကြီးဆုံးကစားသမားတွေရဲ့ ယူရို(၂၀၂၀)ကိုလွဲချော်မှုလို့ဆိုရမှာဖြစ်ပါတယ်။အိုဘလတ်နဲ့အာလင်းတို့လိုယူရို(၂၀၂၀)ကိုလွဲချော်သွားတော့မယ့်နောက်ထပ်ကစားသမား (၈)ဦးကိုဖော်ပြပေးသွားပါမယ်။

(၁)လူကာဂျိုဗစ်(ဆားဘီးယား၊ ရီးရဲလ်မက်ဒရစ်)။ ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်း။ (၂)ခွန်ဘူလာ(အယ်ဘေနီးယား၊ရိုးမား)။ပြောင်းရွှေ့ကြေး ယူရို(၂၅)သန်း။ (၃)မီလန်ကိုဗစ်( ဆားဘီးယား၊ ဖီအိုရင်တီးနား)။ပြောင်းရွှေ့ကြေး ယူ(၂၈)သန်း။(၄) မန်နိုလက်( ဂရိ၊ နာပိုလီ)။ပြောင်းရွှေ့ကြေး ယူရို(၃၂)သန်း။ (၅)ကိုစတစ်( ဆားဘီးယား၊ ဖရန့်ဖတ်)။ပြောင်းရွှေ့ကြေး ယူရို(၃၂)သန်း။

(၆)အိုဒီဂတ်( နော်ဝေ၊ ရီးရဲလ်မက်ဒရစ်)။ပြောင်းရွှေ့ကြေး ယူရို(၄၅)သန်း။ (၇)ပီဂျာနစ်( ဘော့စနီယား၊ ဘာစီလိုနာ)။ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)။(၈)မီလစ်ကိုဗစ်ဆာဗစ်( ဆားဘီးယား၊ လာဇီယို) ပြောင်းရွှေ့ကြေး ယူရို (၆၅)သန်း တို့ပဲဖြစ်ပါတယ်။

AZ-SportsGabar