ပရိသတ်တွေအပြည့်နဲ့ ပွဲစဉ်တွေကို ဘယ်အချိန်မှာပြန်ကြည့်ရနိုင်မလဲ

ဘောလုံးပရိသတ်တွေအနေနဲ့ (၂၀၂၀)ခုနှစ်မကုန်ခင်မှာပဲ ကွင်းအတွင်းဝင်ရောက်ကြည့်ရှု့ခွင့်ရမယ့် အခြေအနေတွေရှိနေတယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ အထူးသဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပရိသတ်တွေကွင်းအတွင်းပြန်လည်ဝင်ရောက်ကြည့်ရှု့ခွင့်ရဖို့ အလားအအလာတွေရှိနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမတ်လ(၉)ရက်နေ့မှာ ကစားခဲ့တဲ့ လက်စတာနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ပွဲစဉ်ဟာဘောလုံးပရိသတ်တွေကွင်းဝင်ရောက်ကြည့်ရှုခွင့်ရခဲ့တဲ့ နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒေးလီးမေးသတင်းစာရဲ့ အဆိုအရ ဒီဇင်ဘာလထဲမှာပရိသတ်တွေအနေနဲ့ကွင်းအတွင်းပြန်လည်ဝင်ရောက်ကြည့်ရှု့ခွင့်ရတော့မယ့် အခြေအနေတွေမှာရှိနေတယ်လို့ သိရပါတယ်။

သတင်းတွေအရ အင်္ဂလန်ရဲ့ ဒုတိယလော့ဒေါင်းဟာ ဒီဇင်ဘာလထဲမှာပြီးဆုံးမှာဖြစ်တဲ့အတွက်ကြောင့် ဒီဇင်ဘာလထဲမှာပြောင်းလဲမှုတွေဖြစ်လာဖွယ်ရှိနေတာဖြစ်တယ်လို့ သတင်းတွေကဆိုတာပါ။ ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာလော့ဒေါင်းပြီးဆုံးမှာဖြစ်ပြီးတော့ပရီးမီးယားလိဂ်အသင်းတစ်ချို့ကလည်း လော့ဒေါင်းအပြီး ကွင်းအတွင်းပရိသတ်တွေဝင်ရောက်ကြည့်ရှု့နိုင်ဖို့အတွက်၊

ကွင်းအတွင်းကိုဗစ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး အစိုးရကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားလျက်ရှိနေတယ်လို့ သိရပါတ.်။ ကွင်းအပြည့်ပရိသတ်တွေပြန်လည်ပြီးတော့ကြည့်ရှု့ခွင့်မရရင်တောင် အနည်းဆုံး ပရိသတ်ပေါင်း (၂၅၀၀၀)ပမာဏလောက်ဝင်ရောက်ကြည့်ရှုှု့ခွင့်ရဖို့အတွက် အစိုးရတာဝန်ရှိသူတွေနဲ့ ပရီးမီးယားလိဂ်အသင်းတစ်ချို့ဟာတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။

လက်ရှိမှာ ပရိသတ်တွေအနေနဲ့ ကွင်းအတွင်းဝင်ရောက်ကြည့်ရှု့ခွင့်မရသေးပေမဲ့ ရုပ်ရှင်ရုံတွေမှာဘောလုံးပွဲတွေကို လာရောက်ကြည့်ရှု့ခွင့်ရနေပြီဖြစ်ပါတယ်။ဒါ့ကြောင့် ဒုတိယလော့ဒေါင်းပြီးမယ့် ဒီဇင်ဘာလထဲမှာ ပရီးမီးယားလိဂ်အသင်းတွေသာ အစိုးရနဲ့ အောင်မြင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားနိုင်ခဲ့မယ်ဆိုရင် ကွင်းအတွင်းမှာ ပရိသတ်တွေနဲ့ ဘောလုံးပွဲတွေကို ပြန်လည်ကြည့်ရှု့ရတော့မှာပဲဖြစ်ပါတယ်။

AZ-SportsGabar