နာမည်ကြီးကစားသမား(၁၅)ဦးရွေးချယ်ပေးတဲ့ လမ်းပတ်၊ပေါစခိုးနဲ့ ဂျာရက်တို့(၃)ဦးထဲကအကောင်းဆုံးသူကဘယ်သူဖြစ်နေမလဲ

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုရဲ့ကာလတွေမှာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ နာမည်ကြီးကွင်းလယ်ကစားသမား (၃)ဦး ပေါ်ထွက်ခဲ့ပါတယ်။ ဒီကစားသမားတွေကတော့ ယူနိုက်တက်ရဲ့ ပေါစခိုး၊ ချဲလ်ဆီးရဲ့လမ်းပတ်နဲ့ လီဗာပူးလ်ရဲ့ ဂျာရက်တို့ပဲဖြစ်ပါတယ်။ဒီကစားသမား(၃)ဦးလုံးဟာ သက်ဆိုင်ရာ အသင်းတွေရဲ့ အခမ်းနားဆုံးဂန္ထဝင်ကစားသမားတွေလည်းပဲဖြစ်ပါတယ်။

သူ့ခေတ်သူ့အခါမှာ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်မှာ ပေါစခိုး၊ ဂျာရက်နဲ့ လမ်းပတ်တို့ဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကစားသမားတွေဖြစ်ခဲ့ကြပေမဲ့ နိုင်ငံလက်ရွေးစင်အင်္ဂလန်မှာတော့ အသင်းဖော်တွေဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ပိုင်းဟာတော်တော်လေးကို strong ဖြစ်ခဲ့တာပါ။

ဒါ့အပြင် ဒီကွင်းလယ်ကစားသမား (၃)ဦးမှာ ဘယ်သူကအကောင်းဆုံးဖြစ်မလဲဆိုတဲ့ ငြင်းခုန်မှုတွေကလည်း စီရော်နယ်ဒိုနဲ့မက်ဆီ ဘယ်သူပိုကောင်းလဲဆိုတဲ့ ငြင်းခုန်မှုတွေလို အပြိုင်အဆိုင်ဖြစ်နေခဲ့တာပါ။အခုခါမှာလည်းဘောလုံးလောကရဲ့အထင်ကရ နာမည်ကြီးကစားသမား (၁၅)ဦးရွေးချယ်ပေးထားတဲ့ လမ်းပတ်၊ပေါစခိုးနဲ့ ဂျာရက်တို့ ဘယ်သူပိုကောင်းလဲဆိုတဲ့ ဖြေကြားချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ဖာဖရီဂတ်စ်။ ။(စတီဗင်ဂျာရက်)။ (၂)ဘရူနိုဖာနန်ဒက်စ်။ ။( ပေါလ်စခိုး)။ (၃)မိုက်ကယ်အိုဝင်။ ။(စတီဗင်ဂျာရက်)။ (၄)တိုနီခရူး။ ။(ပေါလ်စခိုး)။ (၅)ကာကာ။ ။(စတီဗင်ဂျာရက်)။ (၆)ဟင်နရီ။ ။(ပေါလ်စခိုး)။ (၇)ဒေကို။ ။(ပေါလ်စခိုး)။ (၈)ခီယာယွန်ဒိုင်ယာ။ ။(ပေါလ်စခိုး)။ (၉)ပေါလ်အင့်။ ။(ပေါလ်စခိုး)။ (၁၀)ဘရိုင်ယန်ရော့ဆန်။ ။(စတီဗင်ဂျာရက်)။ (၁၁)ဂယ်ရီနဗီးလ်။ ။(ပေါလ်စခိုး)။ (၁၂)ကာရေဂါ။ ။(စတီဗင်ဂျာရက်)။

(၁၃)ရော့ဘီဆာဗေ့။ ။(စတီဗင်ဂျာရက်)။(၁၄)ဖာဒီနန်။ ။(ပေါလ်စခိုး)။ (၁၅)ရွန်းနီ။ ။(ပေါလ်စခိုး) တို့ကိုရွေးချယ်ပေးထားခဲ့ပါတယ်။ကစားသမား (၁၅)ဦးရဲ့ ရွေးချယ်မှုအရ ကစားသမား(၉)ဦးဟာအကောင်းဆုံးကွင်းလယ်လူအဖြစ် ပေါလ်စခိုးကိုရွေးချယ်ပေးထားခဲ့ပြီး၊ (၆)ဦးကတော့ စတီဗင်ဂျာရက်ကိုရွေးချယ်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားလမ်းပတ်ကိုတော့ တစ်ယောက်ကမှရွေးချယ်ပေးထားခဲ့ခြင်းတော့မရှိခဲ့ပါဘူး။

AZ-SportsGabar