မန်စီးတီးနောက်ခံလူကိုခေါ်ဖို့ ကစားသမား(၄)ဦးကိုရောင်းပြီး ငွေရှာမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ (၂၀၂၀-၂၁)ဘောလုံးရာသီမှာဒေဝါလီခံရမယ့် အခြေအနေတွေနဲ့တောင်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ဘာစီလိုနာရဲ့ ကစားသမားတွေအတွက်ပေးချေနေရတဲ့ တစ်နှစ်လုပ်ခလစပမာဏဟာပေါင်သန်း (၂၀၀)ကျော်အထိရှိနေတာဖြစ်ပြီး၊ ဒီပမာဏဟာ ဥရောပအသင်းကြီးတွေထဲမှာ အများဆုံးဖြစ်နေတာပါ။ အထူသဖြင့် မက်ဆီတစ်ယောက်ထဲအတွက်ကို တစ်ပတ်လုပ်ခပေးချေနေရတဲ့ ပမာဏဟာ ပေါင်(၁)သန်းနီးပါးရှိနေတာဖြစ်ပါတယ်။

ဆိုတော့ ဘာစီလိုနာအသင်းအေနေနဲ့ ဈေးကွက်အတွင်းကစားသမားခေါ်ယူမှုတွေပြုလုပ်ရတာကအစခက်ခဲမှုတွေရှိလာခဲ့ပါတယ်။ လက်ရှိမှာလည်း ဘာစီလိုနာတို့ဟာ မန်စီးတီးအသင်းရဲ့နောက်ခံလူ အဲရစ်ဂါစီယာကိုခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပြီး၊လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ထဲမှာခေါ်ယူနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်လာတာကိုတွေ့ရပါတယ်။

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဂါစီယာဟာ လာမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်ပြီး (၂၀၁၇)ခုှနှစ်မှာ မန်စီးတီးကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ဂါစီယာအနေနဲ့ သူ့ရဲ့ငယ်ဘဝအသင်းဖြစ်တဲ့ ဘာစီလိုနာကိုပြန်ဖို့အလိုရှိနေပြီး၊ မန်စီးတီးအသင်းက စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေတာတောင် ဂါစီယာကတော့ သက်တမ်းတိုးဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီကတည်းက ဂါစီယာကိုခေါ်ယူဖို့ဘာစီလိုနာတို့ကြိုးစားခဲ့ပေမဲ့ မန်စီးတီးက ဂါစီယာအတွက်ပြောင်းရွှေ့ကြေးကို ယူရို(၁၅)သန်း သက်မှတ်ထားခဲ့တာကြောင့်ခေါ်ယူဖို့ အတွက်ကျရှုံးခဲ့ပါတယ်။ စပိန်နိုင်ငံအတွင်းကလာတဲ့ သတင်းတွေအရ လာမယ့်ဇန်နဝါရီမှာ ဂါစီယာကိုခေါ်ယူဖို့အတွက် အသင်းမှာရှိပြီးသားကစားသမား (၄)ဦးကို အရင်ရောင်းချပြီးငွေရှာဖို့ကြံနေတယ်လို့ သိရပါတယ်။

သတင်းတွေအရဘာစီလိုနာဟာ ဖာပို၊အလီနာ၊ အမ်တီတီနဲ့ မက်ဆီရဲ့ ကျောနံပါတ်(၁၀)ကိုလိုချင်နေတဲ့ ဘရိန်းဝိတ်တို့(၄)ဦးကိုရောင်းချဖို့ ရှိနေတာဖြစ်တယ်လို့ သတင်းတွေ့ ဆိုနေတာပါ။အမ်တီတီဟာ(၂၀၁၈) ကမ္ဘာ့ဖလားမှာတောက်ပခဲ့ပေမဲ့ နောက်ပိုင်း ဒဏ်ရာပြဿနာတွေနေဲ့ ရုန်းကန်လာနေခဲ့ရတာဖြစ်ပါတယ်။ လီဂါးနက်မှာ စတားတစ်ယောက်ဖြစ်ခဲ့တဲ့ ဘရိန်းဝိတ်ဟာဆိုရင်လည်းပဲဘာစီလိုနာမှာပွဲထွက်ခွင့်တောင်မရတော့တဲ့ သူဖြစ်ပါတယ်။

အလီနာကတော့ ပြီးခဲ့တဲ့ နွေတုန်းက စစပါးက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး၊ (၂၀၁၉-၂၀)ဘောလုံးရာသီမှာတုန်းကလည်း ရီးရဲလ်ဘတ်တစ်ကို အငှားထွက်ကစားနေခဲ့ရတဲ့ သူဖြစ်ပါတယ်။ ဘယ်နောက်ခံလူဖြစ်တဲ့ ဖာပိုကတော့ (၂၀၁၉)ခုနှစ်တုန်းက ဘတ်တစ်ကနေ ပေါင်(၁၈)သန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်ထိတော့လာလီဂါမှာ ဘာစီလိုနာအတွက် ပွဲထွက်ကစားရခြင်းမပြုလုပ်ရသေးပါဘူး။

လက်ရှိမှာတော့ ဒီကစားသမားလေးဦးကို အရောင်းစာရင်းတင်ထားပြီး လာမယ့်ဇန်နဝါရီထဲမှာရောင်းထုတ်နိုင်ခဲ့ရင်တော့ ဂါစီယာကို အိမ်ပြန်ခေါ်နိုင်ဖို့ ဘာစီတို့ စွမ်းဆောင်သွားနိုင်ဖွယ်ရှိနေတာပဲဖြစ်ပါတယ်။

AZ-SportsGabar