နံနက်ပိုင်းအားကစားသတင်းတိုများ (၁၇.၁၁.၂၀၂၀)

အိုက်စလန်အသင်းကို ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ တောင်ပံကစားသမား စတာလင်တို့ ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရပါတယ်။ ဟန်ဒါဆန်အနေနဲ့ ခြေထောက်နာကျင်မှုဒဏ်ရာကို ခံစားနေရပြီး၊ စတာလင်ကတော့ ခြေသလုံးနောက်ပိုင်းကြွက်သား နာကျင်မှုကို ခံစားနေရတယ်လို့ အသင်းကထုတ်ပြန်ခဲ့ပါတယ်။

ဥရုဂွေးအတွက် ကစားပေးဖို့ ရောက်ရှိနေတဲ့ တိုက်စစ်မှူး ဆွာရက်ဟာ ကိုဗစ်ပေါ့စတစ်ထွက်ခဲ့တယ်လို့သိရပါတယ်။ (၇)ရက်ကြာ သီးခြားခွဲနေရမယ့်အပေါ် အသင်းတွေနဲ့ ထရိန်နင်ပူးပေါင်းနိုင်ဦးမှာမဟုတ်ဘဲ အက်သလက်တီကိုရဲ့ပွဲစဉ်အချို့ကို လွဲချော်နိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

တချိန်က ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့လို့ လူသိများခဲ့တဲ့ အပြေးချန်ပီယံကြီးကတော့ လက်ရှိမှာ စီရော်နယ်ဒိုနဲ့ အပြေးပြိုင်ရင် သူရှုံးနိမ့်မှာဖြစ်ပြီး၊ စီရော်နယ်ဒိုက သူ့ထက်မြန်နေဆဲဖြစ်မှာပါလို့ ချီးကျူးခဲ့ပါတယ်။

ကမ္ဘာကျော် ရုပ်ရှင်မင်းသား ရိုင်ယန်ရေးနိုးတယောက် သူကိုယ်တိုင် ပိုင်ရှင်အဖြစ်ပါဝင်ထားတဲ့ ဘောလုံးအသင်းတသင်းရှိလာခဲ့ပြီလို့ သိရပါတယ်။ အင်္ဂလန်နေရှင်နယ်လိဂ် တနည်း အဆင့်ငါးလိဂ်မှာ ကန်နေတဲ့ Wrexham AFC မှာ ပူးတွဲပိုင်ရှင်အနေနဲ့ ပါဝင်ထားတာဖြစ်ပြီး ပိုင်ရှင်အမည်ခံယူထားပြီဖြစ်ပါတယ်။

အီတလီအတွက် တာဝန်ထမ်းဆောင်ပေးရင်း ကစားနေတဲ့ မိုဟာမက် အယ်နီနီဟာ ကိုဗစ် (၁၉) ပေါ့စတစ် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ မိုဟာမက် ဆာလားကူးစက်ခံရပြီးနောက် အယ်နီနီပါ ထပ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး၊ အီဂျစ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ကိုဗစ် နက်ဂတစ်ထွက်ခဲ့တဲ့အတွက် မန်ယူအသင်းဟာ သူတို့ရဲ့နောက်ခံလူ အဲလက်တဲလက်ကို ဝက်စ်ဘရွန်းကို ရင်ဆိုင်မယ့် ပရီးမီးယာလိဂ်ပွဲစဉ်အတွက် အသုံးပြုသွားဖို့ရှိနေပါတယ်။ လုခ်ရှောဒဏ်ရာရနေတဲ့အတွက် ဘယ်နောက်ခံလူ မရှိဖြစ်နေတဲ့အပေါ် အခုလို ပွဲထွက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

AZ-SportsGabar