ရွန်းနီကိုယ်တိုင်နည်းပြအဖွဲ့ဝင်လုပ်ပြီး၊ ဘရစ္စတိုးစီးတီးကိုရင်ဆိုင်မယ့် ဒါဘီကောင်တီ

မန်ယူအသင်းဂန္ဓဝင်ဟောင်း ဝိန်းရွန်းနီကိုယ်တိုင်ကန်နေတဲ့ ဒါဘီကောင်တီအသင်းကတော့ လက်ရှိမှာ ယာယီနည်းပြတွေပါဝင်တဲ့ နည်းပြအုပ်စုနဲ့ ရပ်တည်မှာဖြစ်ပါတယ်။ အမှတ်ပေးဇယားအောက်ဆုံးထိအောင် ရောက်သွားတဲ့ နည်းပြ ဖီလစ်ချောင်ကို ထုတ်ပယ်အပြီးမှာ နည်းပြအသစ်တဦးရှာခဲ့ပေမဲ့ ဒါဘီကောင်တီအတွက် သင့်တော်တဲ့ နည်းပြချက်ချင်း ရမလာခဲ့ပါဘူး။

လက်ရှိဒါဘီကောင်တီကပ္ပတိန် ရွန်းနီ၊ အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ရွန်းနီ၊ လီယမ် ရိုဆမ်နီရော်၊ ရှေးဂစ်ဗင်နဲ့ ဂျပ်စတင် ဝေ့ါကာတို့ စုပေါင်းပြီး၊ ယာယီနည်းပြအဖွဲ့ကို ချက်ချင်းဖွဲ့စည်းခဲ့ပါတယ်။ နည်းပြသစ်တဦးကို ရှာဖွေနေတယ်လို့လည်း ဒါဘီကအတည်ပြုထားခဲ့ပြီး၊ နည်းပြသစ်အပြောင်းအလဲကို အသင်းပိုင်ရှင်သစ် ရှိတ်ခါလတ်ဆီလွှဲပြောင်းပြီးရင် စတင်မှာဖြစ်ပါတယ်။

ဖိလစ်ချောင်

ရှိတ်ခါလတ်ဆိုတာက လက်ရှိမန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ တဝမ်းကွဲညီအကိုဖြစ်ပြီး၊ ဒါဘီကိုလက်ရှိဝယ်ယူမယ့်သူပါ။ သူရဲ့ဝယ်ယူမှုကို (၄၈)နာရီအတွင်းအပြီးသတ်ပြီးမှသာ နည်းပြသစ်အပြောင်းအလဲကို လှုပ်ရှားမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေက အဆင့်မြင့်နည်းပြတဦး ဒါဘီကို ရောက်လာတော့မယ်လို့ အချက်ပြနေတာလို့လည်း ဘောလုံးအသိုင်းအဝိုင်းကသတ်မှတ်ထားပါတယ်။

နည်းပြသစ်ရောက်မလာခင် ဝိန်းရွန်းနီကို နည်းပြအဖွဲ့ထဲထည့်လိုက်တာက အသင်းမှာလက်ရှိအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ကစားသမားကို မကြာခင်မှာကစာမယ့် ဘရစ္စတိုးစီးတီးပွဲအတွက်ပါ။ နည်းပြအဖြစ်တော့ တာဝန်ယူရဦးမှာမဟုတ်ဘဲ နည်းပြလက်မှတ်ရှိတဲ့ လီယမ် ရိုဆမ်နီရော်ကပဲ ဒါဘီကောင်တီရဲ့ ယာယီနည်းပြလို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အသင်းကို တာဝန်ယူခဲ့တဲ့ ဖိလစ်ချောင်ကတော့ (၆၅)ပွဲတာဝန်ယူရာမှာ (၂၀)ပွဲနိုင်ပွဲနဲ့ အဆိုးရွားဆုံး ကာလကိုပိုင်ဆိုင်ထားခဲ့ပြီး၊ လမ်းပတ်ထားခဲ့တဲ့ ဒါဘီကောင်တီနဲ့မတူဘဲဖြစ်ခဲ့ပါတယ်။ ဒီနှစ်ရာသီ (၁၁)ပွဲမှာလည်း (၁)ပွဲပဲ အနိုင်ရအောင်စွမ်းဆောင်ထားနိုင်ချိန်မှာတော့ ဒါဘီကောင်တီအနေနဲ့ ချန်ပီယံရှစ်မှာ ဆက်ရပ်တည်ဖို့ ထုတ်ပယ်လိုက်ချိန်၊ ရွန်းနီကိုယ်တိုင် နည်းပြအဖွဲ့ဝင်ထဲရောက်ခဲ့တာဖြစ်ပါတယ်။

AZ- SportsGabar