ဒိုင်ယာပြောပြတဲ့ အင်္ဂလန်ရဲ့ မာစတာတစ်ဦးအကြောင်း

အင်္ဂလန်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ဒိုင်ယာက ယူနိုက်တက်ကွင်းလယ်လူ ပေါစခိုးလ်ဟာအင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာဆိုရင် အသင်းဖော်တွေရဲ့အထင်ကြီးလေးစားမှုတွေကိုခံရတဲ့ သူတစ်ဦးဖြစ်တယ်ဆိုတဲ့ အကြောင်းကိုထုက်ဖော်ပြောဆိုသွားခဲ့ပါတယ်။ဒိုင်ယာဟာ အစ်ဆွတ်တောင်းနဲ့ နယူးကာဆယ်တို့မှာ ကစားခဲ့တဲ့ကစားသမားဟောင်းတစ်ဦးဖြစ်ပြီးတော့၊

(၂၀၀၂)ခုနှစ်ကမ္ဘာ့ဖလားမှာ အင်္ဂလန်လက်ရွေးစင်အသင်းမှ ပါဝင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒိုင်ယာဟာခြေစွမ်းကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပေမဲ့ ပေါစခိုးလ်၊ ဂျာရက်နဲ့လမ်းပတ်တို့ရဲ့ရွှေရောင်မျိုးဆက်မှာ ပုံမှန်ပွဲထက်ခွင့်ရဖိုွှအတွက်တော့ရုန်းကန်ခဲ့ရတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြန်ပါတယ်။ဒါပေမဲ့ပေါလ်စခိုး၊ ဂျာရက်၊ လမ်းပတ်တို့လို ကွင်းလယ်ကစားသမားတွေနဲ့ အတူ၊

အင်္ဂလန်အသင်းရဲ့ ကွင်းလယ်မှာအရွေးချယ်ခံခဲ့ရတာကတော့ ဒိုင်ယာအတွက် ကစားသမားဘဝမှာမမေ့နိုင်စရာအခိုက်အတန့်တစ်ခုဖြစ်ခဲ့မှာပါ။ ပြီးခဲ့တဲ့ ရက်က အင်တာဗျုးတစ်ခုမှာလည်း ယူနိုက်တက်ကွင်းလယ်ပေါစခိုးနဲ့ ပတ်သက်ပြီး သူ့အတွက်အံ့အားသင့်စရာဖြစ်ခဲ့ရတဲ့ အကြောင်းအရာတစ်ခုကို အခုလိုပဲထုက်ဖော်ပြောကြားလာခဲ့ပါတယ်။

” သူက ထရိန်နင်မှာ တကယ့်ဆရာကြီးပါပဲ၊ တစ်နေ့ကို သူက (၃)ဂိုး (၄)ဂိုးလောက်ကိ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ဂိုးသွင်းယူနေတာပါ၊ ကျွန်တော်သူနဲ့ စကားတော့ အများကြီးမပြောဖူးပါဘူး၊ သူက သူပေးပို့လိုက်တဲ့ ပစ်မှတ်တိုင်းကို ဘယ်တော့မှလွဲတယ်ဆိုတာမရှိခဲ့ပါဘူး၊ ကျွန်တော်ပေါစခိုးမတိုင်ခင်အရင်က ဒီလိုမျိုးတစ်ခါမှကို မတွေ့ခဲ့ဖူးတာပါ၊

ပေါစခိုးက ကျွန်တော်ကစားခဲ့ဖူးသမျှကစားတွေထဲအကောင်းပါပဲ၊ ဇာဗီတို့ ဇီဒန်းတို့လိုကစားသမားတွေကလည်း သူတို့ရဲ့ အကြိုက်ဆုံးကစားသမားတွေကအဖြစ် ပေါလ်စခိုးကိုပဲရွေးချယ်ခဲ့ကြတာပါ ” လို့ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်မှာ ပေါလ်စခိုး၊ ဂျာရက်နဲ့လမ်းပတ်တို့ကွင်းလယ်အတွဲ သူ့ခေတ်သူ့အခါတုန်းက တော်တော်လေးကို strong ဖြစ်တဲ့ ကွင်းလယ်trio အတွဲဖြစ်ခဲ့တာပါ။

AZ-SportsGabar