ဘောလုံးသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံး နောက်ခံကစားသမား

ဒီနေ့ခေတ်ဘောလုံးလောကရဲ့နောက်ခံကစားသမားတွေထဲမှာဆိုရင် ရီးရဲလ်မက်ဒရစ်က ရာမို့စ်၊ လီဗာပူးလ်က အာနိုးတို့ဟာ အတော်လေးကို ဂိုးသွင်းကောင်းတဲ့ နောက်ခံကစားသမားတွေအဖြစ်ရှိနေတာပါ။ အရင်တုန်းကဆိုရင်တော့ ဘရာဇီးနဲ့ ရီးရဲလ်ဘယ်နောက်ခံကစားသမား ရော်ဘတ်တိုကားလို့စ်တို့လို ကစားသမားကြီးတွေဟာတိုက်စစ်မှာလည်း တော်တော်လေးကို ဂိုးသွင်းကောင်းခဲ့တဲ့ကစားသမားကြီးပါ။

ရော်ဘတ်တိုကာလို့စ်ဆိုရင် ကစားသမားဘဝမှာ နောက်ခံကစားသမားအဖြစ် ကလပ်နဲ့နိုင်ငံအသင်းအတွက်သွင်းဂိုးပေါင်း (၁၁၅))ဂိုးအထိသွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။ နောက်ခံကစားသမားတစ်ယောက်အတွက်အဆိုပါ သွင်းဂိုးပမာဏဟာ ပုံမှန်တိုက်စစ်မှူးတစ်ယောက်ရဲ့ သွင်းဂိုးထက်တောင်များနေတယ်လို့ိဆိုရမှာဖြစ်ပါတယ်။ရာမို့စ်ဆိုရင်လည်းကလပ်အသင်းအတွက်သွင်းဂိုး(၁၀၅)ဂိုးနဲ့ နိုင်ငံအသင်းအတွက်သွင်းဂိုး(၂၃)ဂိုးအထိသွင်းယူပေးထားခဲ့ဲတာဖြစ်ပါတယ်။

ဆိုတော့နောက်တန်းကစားသမားတွေထဲမှာ ဒီနှစ်ယောက် ဂိုးသွင်းနှုန်းတော်တော်လေးကောင်းကြတဲ့ ခံစစ်မှူးတွေလို့ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရာမို့စ်နဲ့ ရော်ဘတ်တိုကားလို့စ်တို့ထက် ဂိုးသွင်းနှုန်းကောင်းတဲ့ခံစစ်မှူးတစ်ဦးကရှိနေပါတယ်။ သူဟာ ကစားသမားဘဝမှာနောက်ခံလူအဖြစ်နဲ့ ဂိုးပေါင်း(၂၅၀)ကျော်ကို သွင်းယူထားခဲ့တာကြောင့် ရာမို့စ်နဲ့ ရော်ဘတ်တိုကားလို့စ်တို့ထက် ဂိုးသွင်းနှုန်းပိုကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။

သူကတော့ လက်ရှိဘာစီလိုနာအသင်းရဲ့နည်းပြဖြစ်သူရော်နယ်ကိုးလ်မန်းပဲဖြစ်ပါတယ်။ကွင်းလယ်ခံစစ်နဲ့ ခံစစ်ကစားသမားတစ်ယောက်အဖြစ်ကစားခဲ့တဲ့ ကိုးလ်မန်းဟာသူ့ခေတ်သူ့အခါမှာတုန်းက သူ့ရဲ့ အဝေးကန်ချက်တွေ၊ အလွတ်တည်ကန်ဘောတွေနဲ့ ပင်နယ်တီသွင်းဂိုးတွေကြောင့် တော်တော်လေးလူသိများတဲ့ ကစားသမားတစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ကိုးမန်းဟာနောက်ခံလူတစ်ယောက်အဖြစ် ကစားသမားဘဝမှာနိုင်ငံနဲ့ ကလပ်အတွက်သွင်းဂိုးပေါင်း (၂၅၀)ကျော်အထိကို သွင်းယူခဲ့တာဖြစ်ပါတယ်။ ဆိုတော့ ကိုးမန်းဟာနောက်ခံကစားသမားတစ်ယောက်အဖြစ် ဂိုးသွင်းကောင်းလွန်းတဲ့ ကစားသမားတစ်ယောက်အဖြစ် ဆိုရမှာဖြစ်ပြီး၊ ဒီပမာဏတွေဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ဂိုးသွင်းနှုန်းထက်ကို ကျော်လွန်နေခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar