နံနက်ပိုင်းအားကစားသတင်းတိုများ (၁၆.၁၁.၂၀၂၀)

ဘယ်လ်ဂျီယမ်ကို (၂-ဝ)နဲ့ ရှုံးနိမ့်သွားခဲ့တဲ့ အင်္ဂလန်အသင်းကတော့ နေရှင်းလိဂ်ဖိုင်နယ်ကို တက်လှမ်းမယ့်အခွင့်အရေး ဆုံးရှုံးသွားခဲ့ပါတယ်။ ကွင်းလယ်လူ ဂရီရယ်လစ်ရှ်ခြေစွမ်းပြခဲ့ပေမဲ့ ဘယ်လ်ဂျီယမ်ရဲ့ တိုင်လီစမန်၊ ဒရိုင်းမာတင်ရဲ့ဂိုးတွေက အင်္ဂလန်ကို ဂိုးပြတ်ရှုံးပွဲဖြစ်စေခဲ့ပြီး၊ နေရှင်းလိဂ်ဖိုင်နယ်ကို မရောက်စေခဲ့ဘဲ ရှုံးနိမ့်စေခဲ့ပါတယ်။

ဘော့စနီးယား ဟာဇီဂိုဗီနာကို (၃-၁)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နယ်သာလန်ကွင်းလယ်လူ ဝှစ်ချ်နယ်ဒန်ဟာ တဦးတည်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်အဖြစ်ပါတာဝန်ယူပွဲထွက်ခဲ့တဲ့ သူ့အတွက် နှစ်ဂိုးရဖို့ကို (၆) (၁၃)မိနစ်တွေမှာ (၇)မိနစ်ပဲ ခြားပြီး၊ အစွမ်းပြနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ လီဗာပူးကွင်းလယ်လူဟောင်း မာရှေယာနိုဟာ ဘောလုံးသမားဘဝက အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ အသက် (၃၆)နှစ်အရွယ် ကစားသမားအနားယူချိန်မှာ လက်ရှိအာဂျင်တီးနားကလပ် အက်စတူဒီယန့်မှာ ကစားနေတာဖြစ်ပြီး၊ ဘာစီလိုနာအသင်းက မာရှေယာနိုအတွက် ဂုဏ်ပြုစကားကိုတွစ်တာမှာ ရေးသားပေးခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်မှာ အထူးခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဂျက်ဂရီရယ်လစ်ရှ်နဲ့ပတ်သက်လို့ နည်းပြဆောက်ဂိတ်က ဂရီရယ်လစ်ရှ်ရဲ့ စွမ်းဆောင်ရည်ဟာ အတော်လေးကို ကောင်းမွန်လွန်းပြီး၊ ချီးကျူးဖို့တောင် သူ့အနေနဲ့ မလုံလောက်ဖြစ်ခဲ့ရတယ်လို့ ဘယ်လ်ဂျီယမ်ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ ဂိုးသမားဟောင်းကြီးဖြစ်တဲ့ ရေးကလီးမန့်စ် (၇၂)နှစ်ဟာ ဆုံးပါးသွားခဲ့ပြီလို့ သိရပါတယ်။ လီဗာပူး၊ စပါးအသင်းတို့မှာ ကစားခဲ့ဖူးပြီး၊ (၂၀၀၅)ခုနှစ်ကတည်းက ခံစားနေရတဲ့ ကင်ဆာကြောင့် အသက်အရွယ် တခုရလာချိန်မှာ အေးအေးချမ်းချမ်းပဲ ဆုံးပါးသွားခဲ့တယ်လို့ မိသားစုကထုတ်ပြန်ခဲ့ပါတယ်။

ပရိသတ်တွေ ကွင်းထဲမှာ မရှိပေမဲ့ အီတလီအသင်းဟာ နိုင်ငံတော်သီချင်းကို ကွင်းထဲမှာ ဆိုခဲ့ပါတယ်။ ပရိသတ်တွေက သဘောကျနေပြီး၊ အီတလီအသင်းရဲ့လုပ်ရပ်ကိုချီးကျူးနေကြပါတယ်။ ပွဲချိန်အတွင်းမှာလည်း ပိုလန်ကို (၂-ဝ)နဲ့အနိုင်ရခဲ့ကာ ပြီးပြည့်စုံတဲ့ နိုင်ပွဲတပွဲကို အရယူနိုင်ခဲ့ပါတယ်။

AZ – SportsGabar