အင်္ဂလိပ်သတင်းစာတစ်ခုရဲ့ဂရင်းဝုဒ်အပေါ် မမျှတတဲ့ မှတ်ချက်တစ်ခုကြောင့်ပေါက်ကွဲနေကြတဲ့ယူနိုက်တက်ပရိသတ်များ

လက်ရှိအချိန်ဟာ ယူနိုက်တက်လူငယ်တိုက်စစ်မှူးလေးဂရင်းဝုဒ်အတွက်တော်တော်လေးကိုခက်ခဲနေတဲ့အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရတယ်လို့ဆိုရမှာပါ။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ရှိနေစဉ်စည်းကမ်းချိုးဖောက်ထားတာတွေကြောင့် အရှက်ရဖွယ်အိမ်ပြန်လွှတ်ခံခဲ့ရသလို၊ သူငယ်ချင်းဖြစ်တဲ့မန်စီးတီးလူငယ်ကစားသမားဟောင်းလေး ဝစ်စတန်ရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမှုတွေက ဆယ်ကျော်သက်လူငယ်လေးဂရင်းဝုဒ်အပေါ်ထိခိုက်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ယူနိုက်တက်အတွက်သွင်းဂိုး (၁၇)ဂိုးသွင်းယူခဲ့ပြီး နောင်တော်ကြီး ဝိန်းရွန်းနီရဲ့ဆယ်ကျော်သက်ကစားသမား ဘဝက ဂိုးသွင်းစံချိန်ကို လိုက်မီခဲ့သလိုယူနိုက်တက်ရဲ့အနာဂတ်အတွက်အလားအလာကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့သူတစ်ယောက်အဖြစ်လည်းသက်မှတ်ခံထားရတာဖြစ်ပါတယ်။ဒါပေမဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေက ဂရင်းဝုဒ်ရဲ့ ကစားသမားဘဝအပေါ်သက်ရောက်မှုတွေရှိလာခဲ့ပါတယ်။

အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ဂရင်းဝုဒ်ရဲ့ ပုံ စံဟာလေးလံထိုင်းမှိုင်းပြီး စိတ်မပါတဲ့ ပုံစံတွေဖြစ်နေတာကြောင့် ဖာနန်ဒက်စ်ကတောင် ဂရင်းဝုဒ်ကို လေ့ကျင့်ခန်းတွေကို အာရုံစိုက်ဖို့ ဝင်ရောက်ပြောဆိုခဲ့ရတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဒီရာသီနောက်ပိုင်းပွဲစဉ်တွေမှာ ယူနိုက်တက်ရဲ့ လူစာရင်းမှာ တောင် မကြာခဏဆိုသလို ချန်လှပ်ခံရတာမျိုးတွေဖြစ်လာပြီး၊ ရာသီကြိုက ပရိသတ်တွေမျှော်လင့်ထားသလောက်ပွဲထွက်ခွင့်တွေရရှိထားခဲ့ခြင်းမရှိသလို၊

သွင်းဂိုးလည်း (၂)ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။အင်္ဂလန်နိုင်ငံရဲ့ သတင်းစာတစ်ခုဖြစ်တဲ့ ဒေးလီမေးလ်သတင်းစာကနေပြီးတော့ လက်ရှိဂရင်းဝုဒ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် တစ်ချိန်က ယူနိုက်တက်ပရိသတ်တွေမျှော်လင့်ကြီးခဲ့ကြတဲ့ မော်ရစ်ဆင်လိုမျိုး တောက်ပတဲ့ အနာဂတ်တွေဟာတဖြည်းဖြည်း ပျောက်ရှသွားနိုင်တယ်လို့မှတ်ချက်ပေးပြောဆိုခဲ့တာပါ။

ဒေးလီးမေးလ်သတင်းစာရဲ့ ပြောကြားချက်အပေါ် ယူနိုက်တက်ပရိသတ်တွေကတော တော်တော်လေဒေါသထွက်နေပြီး၊ ဒီအင်္ဂလိပ်မီဒီယာဟာ လူငယ်တွေရဲ့ ကစားသမားဘဝတွေကိုဖျက်ဆီးနေတယ်လို့ ဝေဖန်ရှုံ့ချပြောဆိုခဲ့တာပါ။ ယူနိုက်တက်ပရိသတ်တွေ အနေနဲ့ဒေးလီမေးလ်သတင်းစာရဲ့ ပြောကြားချက်အပေါ်ဒေါသထွက်ခဲ့ကြပေမဲ့ ဂရင်းဝုဒ်ရဲ့အနေအထားဟာ သန်မာတဲ့ စိတ်ဓာတ်တွေနဲ့ လက်ရှိအခြေအနေတွေကိုဖြတ်ကျော်ဖို့မကြိုးစားနိုင်ခဲ့ရင်တကယ်ပဲ ကစားသမားဘဝလှပတဲ့ အနာဂတ်တွေဟာတဖြည်းဖြည်းပျောက်ရှသွားနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

AZ-SportsGabar