ရာမို့စ်ရဲ့ ပင်နယ်တီနှစ်လုံးလုံးမဝင်အောင် ကာနိုင်ခဲ့တဲ့ အကြောင်းရင်းကို ဆွစ်ဇာလန်ဂိုးသမားရဲ့အမြင်

ဆာဂျီယိုရာမို့စ်လို ကစားသမားအတွက် တပွဲတည်းပင်နယ်တီ နှစ်လုံးရလာက ရွှေပါပဲ။ ဂိုးအဖြစ်ကျိန်းသေတွက်လို့ရနေပြီလို့ဆိုနိုင်တဲ့အထိ သေချာပါတယ်။ ဒါပေမဲ့ ဒီလိုသေချာတဲ့အခြေအနေတွေက သူ့ရဲ့နိုင်ငံပွဲထွက်အများဆုံးဥရောပကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို မှေးမှိန်သွားစေတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ ဆာဂျီယိုရာမို့စ်ဟာ တပွဲတည်း ပင်နယ်တီနှစ်လုံးလွဲခဲ့တာကြောင့်ပါ။

ဆွစ်ဇာလန်နဲ့ စပိန်ကစားခဲ့တဲ့ (၁-၁)ပွဲစဉ်မှာ ရာမို့စ်ဟာ ချေပဂိုးဖြစ်လာမယ့် ပင်နယ်တီတွေကို ကန်ခဲ့ရပါတယ်။ (၅၉)မိနစ်နဲ့ မိနစ် (၈၀)တွေမှာပါ။ ကပ္ပတိန်အဖြစ်နဲ့ စပိန်အတွက် ကစားပေးခဲ့တဲ့သူ့အတွက် ဒီပွဲစဉ်က ဥရောပမှာနိုင်ငံပွဲအများဆုံးကစားထားတဲ့စံချိန်အဖြစ် ဘူဖွန်ကိုကျော်ဖြတ်ပြီး၊ (၁၇၇)နဲ့အများဆုံးဆိုတဲ့ စံချိန်ကိုလည်း တင်နိုင်ခဲ့ပေမဲ့ မှေးမှိန်ခဲ့ရတဲ့အထိ ဆွစ်ဇာလန်ဂိုးသမားက ဖမ်းပြနိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်ဂိုးသမားဆိုတာက လက်ရှိမိုချင်ဂလာဘတ်မှာကစားနေတဲ့ ဆွန်မာပါ။ ဆွန်မာရဲ့ မိုချင်ဂလာဘတ်က ရီးရဲလ်ကို လက်ရှိချန်ပီယံလိဂ်မှာ ဦးဆောင်ဂိုးနှစ်ဂိုးသွင်း (၂-၂) သရေနဲ့ကန်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ဆာဂျီယိုရာမို့စ်ကို ရင်ဆိုင်ဖူးတဲ့သူ့အတွက် ရာမို့စ်ပါတဲ့ စပိန်အသင်းနဲ့တွေ့ချိန်၊ အရေးပါတဲ့အနေအထားအဖြစ် ပင်နယ်တီနှစ်လုံးကို ဖမ်းနိုင်ခဲ့ပြီး၊ ဘာကြောင့်ကို အခုလိုရှင်းပြခဲ့ပါတယ်။

” ကျွန်တော် ရာမို့စ်နဲ့ ပြီးခဲ့တဲ့မကြာသေးခင်ကမှ ရင်ဆိုင်ခဲ့ပြီးသားပါ။ ဆိုလိုတာက သူ့ပင်နယ်တီတွေ ရလာခဲ့ရင်ကာကွယ်ဖို့ မကြာသေးခင်ကမှ ပြင်ဆင်ထားဖူးတယ်ဆိုတာမျိုးပါ။ သူဒုတိယအလုံးကန်တုန်းကဆိုရင် အပေါ်ြမောက်အောင်ကန်မယ်ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်ဖမ်းလို့ကောင်းတာမျိုးပဲဖြစ်သွားတယ်။ ‘ လို့ဆိုခဲ့ပါတယ်။ ရာမို့ရဲ့ပင်နယ်တီတွေကို ဂိုးသမားက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပထမတလုံးမှာ ညာထောင့်ထဲကို ကန်ခဲ့ချိန်၊ ဘေးစည်းအောက်သွားအောင်အထိ ပုတ်ထုတ်နိုင်ခဲ့ပြီး၊ ဒုတိယတလုံးမှာတော့ ညာဖက်ခြမ်းမြေလိမ့်ဘောကိုပဲ လက်ထဲမိမိရရ ဖမ်းဆုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရတဲ့အကြောင်းကလည်း မိုချင်ဂလာဘတ်-ရီးရဲလ် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ပင်နယ်တီကာကွယ်ဖို့လေ့ကျင့်ထားခဲ့ရတဲ့ အကျိုးကျေးဇူးတွေကြောင့်လို့ဆိုခဲ့တာဖြစ်ပါတယ်။ ရာမို့စ်အတွက်တော့ ကလပ်ပွဲတွေက နိုင်ငံကိုထိခိုက်ခဲ့တယ်ဆိုရမှာပါပဲ။

AZ-SportsGabar