ရော်နယ်ဒင်ဟိုရွေးချယ်ပေးတဲ့ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး (၁၁)ယောက်

ဘာစီလိုနာအသင်းရဲ့ ကစားဟောင်း ရော်နယ်ဒင်ဟိုက ချန်ပီယံလိဂ်သမိုင်းအကောင်းဆုံးကစားသမား (၁၁)ဦးကိုရွေးချယ်ပေးသွားခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုရွေးချယ်ပေးခဲ့တဲ့ အဆိုပါ ကစားသမား (၁၁)ဦးစာရင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ်ဖလား (၅)ကြိမ်ရရှိခဲ့တဲ့ လက်ရှိဂျုဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုတစ်ယောက်ပါဝင်လာခဲ့ခြင်းတော့မရှိပါဘူး။

ရော်နယ်ဒင်ဟိုဟာချန်ပီယံလိဂ်ဘောလုံးသမိုင်းမှာ အိုင်ကွန်ပလေယာတစ်ယောက်ဖြစ်ခဲ့ဲပြီးတော့ (၂၀၀၆)ခုနှစ်က ချဲလ်ဆီးအသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ လူပြောများခဲ့ပါတယ်။ရော်နယ်ဒင်ဟိုကို ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား (၁၁)ဦးကိုရွေးချယ်ပေးခဲ့ရာမှာတော့ အသင်းဖော်ဟောင်းဖြစ်တဲ့ မက်ဆီပါဝင်ခဲ့ပေမဲ့မက်ဆီထက် ပိုပြီးတော့ချန်ပီယံလိဂ်အောင်မြင်မှုတွေရရှိထားခဲ့တဲ့ စီရော်နယ်ဒိုကတော့ပါဝင်လာခဲ့ခြင်းမရှိပါဘူး။

အသက်(၄၀)အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒင်ဟိုဟာ ဂိုးသမားနေရာအတွက်တော့ချန်ပီယံလိဂ်ရဲ့ သက်တော်ရှည်ဂိုးသမားကြီး ဘူဖွန်ကို ရွေးချယ်ပေးထားခဲ့ပါတယ်။ ဘယ်နောက်ခံနေရာမှာတော့ ဘရာဇီးအသင်းဖော်ရော်ဘတ်တိုကားလို့စ်ကို ရွေးချယ်ပေးထားခဲ့ပါတယ်။ ညာနောက်ခံနေရာမှာတော့ ကာဖူးကို ထည့်သွင်းရွေးချယ်လာခဲ့တာကိုတွေ့ရပါတယ်။

ဗဟိုနောက်ခံအတွဲနေရာမှာတော့ အေစီမီလန်ဂန္ထဝင် မယ်ဒီနီနဲ့ ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး တယ်ရီတို့ကိ ရွေးချယ်ပေးသွားခဲ့ပါတယ်။ကွင်းလယ်နေရာမှာလည်း ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ လမ်းပတ်ကို ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး(၁၁)ဦးစာရင်းမှာထည့်သွင်းရွေးချယ်ခဲ့ပြီး၊ ဘရာဇီးအသင်းဖော် ကာကာနဲ့ မတ်ခီလီတို့ကိုရွေးချယ်ပေးခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ ညာတောင်ပံနေရာမှာ အာဆင်နယ်နဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဟင်နရီကိုရွေးချယ်ပေးလာခဲ့ပြီး၊ ဘယ်တောင်ပံနေရာမှာတော့ ဘာစီလိုနာ အသင်းဖော်ဟောင်းမက်ဆီကို ရွေးချယ်ပေးသွားခဲ့ပါတယ်။တိုက်စစ်နေရာအတွက်လည်း ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုကိုရွေးချယ်ပေးသွားခဲ့ပါတယ်။ဒင်ဟိုရဲ့ရွေးချယ်မှုမှာ စီရော်နယ်ဒိုလိုကစားသမားမျိုးမပါတာကတော့တော်တော်လေးအံ့အားသင့်စရာကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။

AZ-SportsGabar