နံနက်ပိုင်း အားကစားသတင်းတိုများ (၁၅.၁၁.၂၀၂၀)

ဆွန်ဇာလန် (၁-၁) စပိန်နဲ့ ပြီးဆုံးခဲ့တဲ့ပွဲစဉ်မှာ စပိန်အသင်းခေါင်းဆောင် ရာမို့စ်ဟာ တပွဲတည်း ပင်နယ်တီ (၂)လုံးတိတိမဝင်ခဲ့ပါဘူး။ အဲဒီမတိုင်ခင်တုန်းက (၂၅)လုံးဆက်တိုက်ဝင်ထားပြီးသားဖြစ်ခဲ့တဲ့ ရာမို့စ်အတွက် အခုဖြစ်ရပ်ဟာ အတော်လေးကိုမှ အံ့အားသင့်စရာဖြစ်လာခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ပြင်သစ်တို့ရဲ့နေရှင်းလိဂ်ပွဲစဉ်ကတော့ ကန်တီရဲ့တလုံးတည်းသော အနိုင်ဂိုးနဲ့အတူ ပြင်သစ်တို့အနိုင်ရခဲ့ပါတယ်။ ဒုတိယပိုင်း ၅၃ မိနစ်အရောက်မှာ ကန်တီသွင်းပေးခဲ့တဲ့ဂိုးက ပြင်သစ်ကို (ဝ-၁)ရလဒ်နဲ့အတူ အနိုင်သုံးမှတ်ရစေခဲ့ပါတယ်။

ဂိုးသွင်းတဲ့ခြေစွမ်းက ရပ်တန့်မရဖြစ်နေတဲ့ တီမိုဝါနာကတော့ ဂျာမနီ ၃-၁ ယူကရိန်းပွဲစဉ်မှာ နှစ်ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ ဂျော့ဇကာက နှစ်ဂိုးဖန်တီးပြီး၊ ဆာနေးလည်း ဂိုးသွင်းခဲ့ချိန်မှာ တီမိုဝါနာဟာ ၃၄ ပွဲကစား ၁၅ ဂိုးသွင်း စံချိန်နဲ့ ဂျာမနီတိုက်စစ်မှာ ထိပ်တန်းအဆင့်ကိုရောက်နေပါတယ်။

အင်္ဂလန်သင်းကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်လာချင်ရင် ဘယ်ဂျီယမ်လိုအသင်းမျိုးဆီကနေ ရှာဖွေရမယ်လို့ နည်းပြဆောက်ဂိတ်က အသင်းသားတွေကို သတိပေးလိုက်ပါတယ်။ လက်ရှိ ကမ္ဘာ့နံပါတ်တစ်အသင်းဆီကနေ မဖြစ်မနေသင်ယူဖို့လိုအပ်တယ်လို့ဆိုလိုက်ပြီး၊ ဘယ်လ်ဂျီယမ်ရဲ့ ရွှေရောင်မျိုးဆက်ကို ထောက်ပြခဲ့ပါတယ်။

နည်းပြ ပတ်ဂွါဒီယိုလာသာ စာချုပ်သက်တမ်းမတိုးဖြစ်ခဲ့ဘူးဆိုရင် မက်ဆီကိုခေါ်ယူဖို့ကိစ္စဟာ ပိုဖြစ်လာနိုင်တယ်လို့ မန်စီးတီးအသင်းနီးစပ်သူအသိုင်းဝိုင်းက သတင်းထွက်လာပါတယ်။ (၃၃)နှစ်သားရဲ့ ရာသီကုန်အလွတ်ကြေးဖြစ်မယ့်အပေါ် မန်စီးတီးဟာ ခေါ်ယူဖို့ အတိအလင်းဝန်ခံထားပြီး၊ ဂွါဒီယိုလာ စာချုပ်ထပ်ချုပ်ခဲ့ရင်တော့ မသေချာဘူးလို့ သိရပါတယ်။

Issy နဲ့ ပီအက်စ်ဂျီကစားခဲ့တဲ့ အမျိုးသမီးပွဲစဉ်ကတော့ (ဝ-၁၄)ရလဒ်နဲ့အတူ ပီအက်စ်ဂျီတို့အနိုင်ရခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကစားသမား နာဒီရာ နာဒမ်တဦးတည်း ခြောက်ဂိုးအထိသွင်းယူခဲ့ပြီး၊ ဂိုးပြတ်နိုင်ပွဲတပွဲကို ပြတ်ပြတ်သားသားဖန်တီးနိုင်ခဲ့ပါတယ်။

AZ-SportsGabar