စီရော်နယ်ဒိုနဲ့သာ ပြိုင်ရရင်ချန်ပီယံဖြစ်လာစရာအကြောင်းမရှိဘူးဆိုတဲ့ ကမ္ဘာ့အပြေးချန်ပီယံဟောင်း

ကမ္ဘာ့တာတိုအပြေးချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ အူစိန်ဘော့ဟာ သူ့အနေနဲ့ စီရော်နယ်ဒိုနဲ့ သာ အပြေးပြိုင်ခဲ့ရရင် သူဟာ စီရော်နယ်ဒိုကို ရှုံးနိမ့်သွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဂျမေကာအပြေးသမားကမ္ဘာ့တာတိုအပြေးချန်ပီယံဟောင်းဟာ(၂၀၀၉)ခုနှစ်ဘာလင် the World Athletics Championshipsပြိုင်ပွဲမှာ မီတာ(၁၀၀)ကို (၉.၅၈)စက္ကန့်နဲ့ ပြေးပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ အပြေးသမားတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမဲ့ (၂၀၁၇)ခုနှစ်မှာတော့ အပြေးသမားဘဝကနေအနားယူသွားခဲ့ပါတယ်။ဘလွန်းဒီအော်ဆု(၅)ကြိမ်ရရှိထားခဲ့တဲ့ စီရော်နယ်ဒိုဟာ(၂၀၁၉)ခုနှစ်စက်တင်ဘာတုန်းက နာပိုလီနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ (၉၂)မီတာကို တစ်နာရီ (၃၃.၁၂)ကီလိုမီတာနှုန်းနဲ့ (၁၀)စက္ကန့်အတွင်းပြေးပြခဲ့တာပါ။ အသက်(၃၅)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ (၂၀၁၈)ခုနှစ်ရုရှားကမ္ဘာ့ဖလားမှာလည်း အမြန်ဆုံးအပြေးနှုန်းနဲ့ပြေးခဲ့တဲ့ မှတ်တမ်းတစ်ခုကိုတင်နိုင်ခဲ့ပါသေးတယ်။

အပြေးသမားဘဝကနေအနားယူပြီးရင်ဘောလုံးလောကဘက်ကိုအခြေချဖို့ မအောင်မြင်ခဲ့တဲ့ အူစိန်ဘော့ဟာ စူပါအပြေးသမားလို့ကင်မွန်းတပ်ခဲ့ပြီး ဒီနေ့ခေတ်မှာ သူ့ထက်မြန်တဲ့ သူဖြစ်တယ်လို့ ဝန်ခံပြောကြားသွားခဲ့တာပါ။ ” သေချာပါတယ်၊ စီရော်နယ်ဒိုက ကျွန်တော့်ထက်မြန်ပါတယ်၊ ကျွန်တော့်အတွက်တော့ သူက နေ့တိုင်း လေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်လုပ်တဲ့ သူတစ်ယောက်ပါ၊

သူက တကယ့်ကို စူပါ အားကစားသမားပါပဲ၊ သူက ဘောလုံးပွဲတွေမှာဆိုရင် အမြဲတမ်းထိပ်တန်းအဆင့်မှာရှိနေတဲ့ သူပါ၊ သူက အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားတယ်၊ အာရုံစိုက်တယ်၊ ကျွန်တော်ထင်ပါတယ်၊ သူက ကျွန်တော်က ကျွန်တော်ထက်မြန်နေမှာပါ ” လို့ပြောကြားသွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာလက်ရှိမှာ အသက်(၃၅)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်၊

ဘောလုံးကွင်းအတွင်း အမြန်နှုန်းကို အသားပေးတဲ့ ကစားဟန်တွေနဲ့ကစားတာကိုသိပ်မတွေ့ရတော့ပေမဲ့ တခါတလေမှာလိုအပ်ရင်တော့ သူ့ရဲ့ မြန်နှုန်းမြင့်အေပြးစွမ်းအင်တွေကိုထုတ်ပြလျက်ရှိနေတုန်းပါပဲ။ ဖီဖာဒေါ့ကွန်းကနေပြီးတော့ မီတာ(၄၀၀)ပြိုင်ပွဲတစ်ခုကို ဘောလုံးသမားတွေနဲ့ ပြိုင်ရမယ်ဆိုရင် ဘယ်သူတွေနဲ့ပြိုင်ချင်လဲလို့ အူစိန်ဘော့ကိုမေးတဲ့အခါမှာတော့ ဘေးလ်၊ အမ်ဘာပေ၊ စီရော်နယ်ဒိုတို့နဲ့ ပြိုင်ချင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

AZ-SportsGabar