ဆာဂျီယိုရာမို့စ်သာ ရမယ်ဆိုရင် ချက်စာရွက်အလွတ်နဲ့ကို ကမ်းလှမ်းမယ့် ပီအက်စ်ဂျီ

ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်နဲပတ်သက်တဲ့ အပြောင်းအရွှေ့တခုက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုရဲ့ အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုတခုကို လာမယ့်နွေမှာ ကြုံရဖို့ရှိနေပြီး၊ အပြောင်းအရွှေ့လောကမှာတော့ Blank Cheque (ချက်အလွတ်)လို့ခေါ်တဲ့ ဈေးနှုန်းနဲ့ဖြစ်လာဖို့ ရှိနေပါတယ်။

လက်ရှိရီးရဲလ်နဲ့ ရာမို့စ်က နွေဆိုစာချုပ်ကုန်မှာပါ။ အသက် (၃၀)ကျော်တဲ့ကစားသမားတွေဆိုရင် စာချုပ်သက်တမ်းတနှစ်စီပဲတိုးတဲ့ ရီးရဲလ်ရဲ့ပေါ်လစီအရ ရာမို့စ်ဟာ နှစ်နှစ်စာချုပ်ချုပ်ချင်နေတဲ့ သူ့သဘောထားက အဆင်ပြေဖို့မရှိပါဘူး။ ဒီအခြေအနေကို ပီအက်စ်ဂျီက အခွင့်ကောင်းယူပြီး၊ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရာမို့စ်ကို ပီအက်စ်ဂျီဆီခေါ်မယ်လို့ AS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဖော်ပြချက်မှာ ရာမို့စ်ကို အလွတ်ကြေးနဲ့ခေါ်ပေမဲ့ ချက်အလွတ်နဲ့ကမ်းလှမ်းမှာပါလို့ဆိုပါတယ်။ သဘောက လစာ၊ ရပိုင်ခွင့်တွေကို ကြို့သလောက်တောင်းဆိုတဲ့သဘောနဲ့ကမ်းလှမ်းမှာဖြစ်ပါတယ်။ (၃၄)နှစ်ရှိနေတဲ့ ကစားသမားတယောက်ကို ဒီလိုခေါ်တာက ထူးဆန်းနေမှာပါ။ ဒါပေမဲ့ ပီအက်စ်ဂျီမှာလည်း ရာမို့စ်ဆီကနေ ပြန်ရမယ့် အခွင့်အရေးတွေက ရှိနေပါတယ်။

လက်ရှိအချိန်ထိ ရီးရဲလ်ခံစစ်မှာ သူမပါရင်မပြီးဖြစ်နေတဲ့ ရာမို့စ်ဟာ (၄၆၂)ပွဲကစား၊ သွင်းဂိုး (၁၀၀)နဲ့ တိုက်စစ်မှူးတယောက်လို စွမ်းဆောင်ရည်ကိုပြသထားပါတယ်။ လာလီဂါငါးလုံးနဲ့ ချန်ပီယံလိဂ် လေးလုံးအထိရထားတဲ့သူ့အတွက် ဒီနှစ်ရာသီကုန်မှာ အသင်းကထွက်ဖို့ပြင်ထားပါပြီ။ ကစားခွင့်ပုံမှန်ရမယ့်အသင်းနဲ့ လစာနှုန်းထား ကောင်းမယ့်အသင်းကိုရွေးချယ်တော့မှာပါ။

ရာမို့စ်လို ချန်ပီယံလိဂ်မှတ်တမ်းကောင်းတွေပိုင်ထားတဲ့အပြင် အသင်းခေါင်းဆောင်ဟန်အပြည့်ရှိနေတဲ့ ကစားသမားဟာ ချန်ပီယံလိဂ်မရဖူးသေးတဲ့ ပီအက်စ်ဂျီအတွက် အများကြီးအထောက်အကူဖြစ်လာဖို့ှရှိနေပါတယ်။ အထူးသဖြင့် သူ့ရဲ့အတွေ့အကြုံတွေကြောင့်ပါ။ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနေနိုင်တဲ့ အခုလိုနောက်ခံလူတယောက်ကို အလွတ်ကြေးနဲ့ရမယ်သာသေချာရင်

ပီအက်စ်ဂျီက ပြောခဲ့တဲ့အတိုင်း ကြိုက်သလောက်တောင်းနဲ့ ကမ်းလှမ်းမယ်ကို သိရပါတယ်။ ဒါဟာနှစ်နှစ်လောက် စာချုပ်ချုပ်ချင်နေတဲ့ ရာမို့စ်အတွက် အကောင်းဆုံးစွဲဆောင်တာမျိုးဖြစ်လာဖို့ ကျိန်းသေရှိနေပါတယ်။ ရာမို့စ်-ပီအက်စ်ဂျီပေါင်းစည်းခန်းဖြစ်လာခဲ့ရင်တော့ ပရိသတ်တွေအတွက် အံ့သြဖို့ ကောင်းတဲ့ အစီအစဉ်တခုဖြစ်လာမှာအမှန်ပါပဲ။

AZ-SportsGabar