စီရော်နယ်ဒိုရဲ့ကြံ့ခိုင်မှုနဲ့ဆိုရင် ဘယ်အသက်အရွယ်အထိဘောလုံးကစားနိုင်မလဲ

အသက်(၃၅)နှစ်ပြည့်လို့ကျော်လွန်လာခဲ့ပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာမကြာခင်မှာပဲ အသက်(၃၆)နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ယူနိုက်တက်၊ ရီးရဲလ်တို့မှာ အောင်မြင်မှုအမြင့်မားဆုံးတွေရရှိပိုင်ဆိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ လက်ရှိဂျုဗင်တပ်အသင်းမှာလည်း အကောင်းဆုံးခြေစွမ်းနဲ့ ထိပ်တန်းအဆင့်မှာရပ်တည်နေဆဲပဲဖြစ်ပါတယ်။ ဒီအချိန်အထိတော့ စီရော်နယ်ဒိုဟာအနားယူဖို့ ပတ်သက်ပြီး တစ်စံံုံတစ်ရာပြောကြားထားခဲ့ခြင်းမရှိသေးပါဘူး။

ကြံခိုင်မှုကို အရမ်းဂရုစိုက်တတ်လွန်းတဲ့ စီရော်နယ်ဒိုတစ်ယောက် ဘယ်အချိန်မှ ဘောလုံးကစားတာကနေအနားယူမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးပြောဆိုမှုတွေကတော့ရှိနေကြတာပါ။ ဒီထဲမှာ ကြံံ့ခိုင်ရေးနည်းပြဆရာတစ်ယောက်ဖြစ်တဲ့ မစ်ကလတ်လည်း ပါဝင်ခဲ့ပြီး စီရော်နယ်ဒိုတစ်ယောက် လက်ရှိကြံ့ခိုင်မှုအနေအထားနဲ့ဆိုရင် ဘယ်အချိန်ထိဘောလုံးကစားနိုင်မလဲဆိုတာကိုတွက်ချက်ပြောကြားသွားခဲ့ပါတယ်။

မစ်ကလက်က ” ရော်နယ်ဒိုမတိုင်ခင်၊ ခန္ဓာကိုယ်တည်ဆောက်ပုံအကောင်းဆုံးကစားသမားကတော့ ယူနိုက်တက်ကစားသမားဟောင်းရိုင်ယန်ဂစ်ပါပဲ၊ဂစ်ကအချက်အလတ်တွေအရ အသန်မာဆုံးသောကစားသမားဖြစ်ခဲ့ပါတယ်၊ ဂစ်က ယူနိုက်တက်မှာအသက်(၄၀)အထိကစားခဲ့တာပါ၊ ရော်နယ်ဒိုကတော့ (၄၁)နှစ်အထိကစားနိုင်ပါလိမ့်မယ်၊

ရော်နယ်ဒိုက ဂစ်ရဲ့ အမြင့်ဆုံးသောစံချိန်တွေအလွန်မှာ နောက်ထပ်အမြင့်မားဆုံးအရာတွေကိုလုပ်ပြနိုင်တဲ့ တစ်ယောက်ထဲသောသူပါ၊ သူက ဂိုးတွေလည်းအများကြီးထပ်သွင်းပါလိမ့်မယ်၊ ပြီးတော့သူ့ရဲ့ ကစားပုံတွေကိုပြောင်းလဲလိမ့်မယ်၊ သူ့ရဲ့နေရာကိုတောင်မှပြောင်းလဲနိုင်ပါတယ်၊ လေ့ကျင့်ခန်းတွေအများကြီးလုပ်ထားတယ်၊အိပ်ချိန်နဲ့အနားယူချိန်တွေကို သေချာဂရုစိုက်တယ်၊ ဖိအားတွေကိုဘယ်လိုလျှော့ချရမလဲဆိုတာ သူသိပါတယ်၊

ဒဏ်ရာတွေရခဲ့ရင်တောင်မှအမြဲတမ်းပြန်လာနိုင်တာက သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုပါပဲ၊ဒါပေမဲ့လည်း ဒါက (၁၀၀)ရာခိုင်နှုန်းမှန်ကန်နိုင်တဲ့ ခန့်မှန်းချက်တော့မဟုတ်ဘူးပေါ့ ” လို့ပြောကြားသွားခဲ့ပါတယ်။

AZ-SportsGabar