လက်ရှိကစားနေဆဲကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံကစားသမား (၁၀)ဦး

ကန်နာဗာရိုခေတ်လွန် မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကြီးစိုးနေခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရှင်စာရင်းမှာ နောက်ခံကစားသမားတစ်ဦးက ကမ္ဘာ့အကောင်းဆုံးဆု ဒုတိယရရှိခဲ့တာဟာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ပထမဆုံးပါပဲ။ဗန်ဒိုက်အနေနဲ့ လီဗာပူးလ်နဲ့ အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ယောက်အဖြစ်သတ်မှတ်ပေးဖို့ အဓိက အကြောင်းအရင်းတွေဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူတွေဖြစ်ကြတဲ့ ရာမို့ဒ်၊ ဗာရာနီတို့ဟာလည်း လက်ရှိဘောလုံးကမ္ဘာ့ရဲ့အကောင်းဆုံးဗဟိုနောက်ခံလူတွေံအဖြစ် သက်မှတ်ခံထားရတဲ့ သူတွေဖြစ်ပြီး၊ ရီးရဲလ်ပရိသတ်တွေနဲ့ လီဗာပူးလ်ပရိသတ်တွေကြား ဘယ်နောက်ခံလူက အကောင်းဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားမှုတွေရှိနေကြဆဲပဲဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ဒေးလီးစတားသတင်းစာကနေပြီးတော့ရွေးချယ်ပေးထားတဲ့ လက်ရှိကစားနေဆဲ ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံကစားသမား (၁၀)ဦးကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ (၁၀)နံပါတ်(၁၀)နေရာမှာရှိနေတဲ့ သူကတော့ ဂျုဗင်တပ်အသင်းရဲ့ဝါရင့်နောက်ခံကစားသမားကြီး ဘိုနူချီပဲဖြစ်ပါတယ်။(၉)နံပါတ်(၉)နေရာမှာရှိနေတဲ့ ဗဟိုနောက်ခံလူကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက်ခံလူ အလာဘာပဲဖြစ်ပါတယ်။

(၈)နံပါတ်(၈)နေရာမှာရပ်တည်လျက်ရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူကတော့ယူနိုက်တက်အသင်းက စိတ်ဝင်စားလျက်ရှိနေတဲ့ အင်တာမီလန်အသင်းရဲ့နေက်ခံလူ စကမ်နီယာပဲဖြစ်ပါတယ်။(၇)နံပါတ်(၇)နေရာမှာတော့ဘိုင်ယန်မြူးနစ်ကစားသမားဘိုတန်ကပဲရှိနေတာပါ။(၆)နံပါတ်(၆)နေရာအတွက်တော့ဘာစီလိုနာအသင်းရဲ့ဗဟိုနောက်ခံလူပီကေးကရပ်တည်လျက်ရှိနေပါတယ်။

(၅)နံပါတ်(၅)နေရာမှာရပ်တည်နေတဲ့သူကတော့ မန်စီးတီးအသင်းရဲ့ နောက်ခံလူ လာပေါ်တီပဲဖြစ်ပါတယ်။(၄)ဒီအဆင့်မှာရှိနေတဲ့ ကစားသမားကတော့မန်စီးတီး၊ ယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ နာပိုလီနောက်ခံလူ ကူလီဘလီပဲဖြစ်ပါတယ်။(၃)နံပါတ်(၃)နေရာမှာရှိနေတဲ့ သူကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့်ကစားသမားကြီး ရာမို့စ်ပဲဖြစ်ပါတယ်။

(၂)ဒုတိယနေရာမှာရပ်တည်နေတဲ့ သူကတော့ ရာမို့စ်ရဲ့အသင်းဖော်ဗာရာနီပဲဖြစ်ပါတယ်။(၁)ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူအဖြစ်ဒေးလီးစတားကရွေးချယ်ပေးခဲ့တဲ့ ဗဟိုခံစစ်မှူးကတော့ လီဗာပူးလ်အသင်းရဲ့နောက်ခံလူ ဗန်ဒိုက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ဗန်ဒိုက်ဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရဖွယ်ရှိနေပါတယ်။

AZ-SportsGabar