နံနက်ပိုင်းအားကစားသတင်းတိုများ (၁၄.၁၁.၂၀၂၀)

လီဗာပူးအသင်းတိုက်စစ်မှူး မိုဟာမက်ဆာလားဟာ ကိုဗစ် (၁၉) ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ အီဂျစ်အတွက် အင်တာနေရှင်နယ် ဂျူတီသွားရောက်ချိန်မှာ ဘာရောဂါလက္ခဏာမှမပြဘဲ ကစားသမားဟာ ကူးစက်ခံထားရတာဖြစ်ပြီး၊ ကျန်တဲ့ အသင်းဖော်တွေကတော့ နက်ဂတစ်ပြထားတယ်လို့ ဆိုပါတယ်။

မန်ယူနဲ့ နွေရာသီမှာ သတင်းတွေမျိုးစုံထွက်ခဲ့ပေမဲ့ သူ့ရဲ့ခြေစွမ်းကို တစုံတရာသက်ရောက်ခဲ့တာမျိုးရှိလားဆိုတဲ့ မေးခွန်းအပေါ် ဂျေဒင်ဆန်ချိုက မရှိပါဘူးလို့ ဖြေကြားသွားခဲ့ပါတယ်။ သူ့အနေနဲ့ အခုလိုမျိုးအခိုက်တန့်ကို ကစားသမားတွေဘဝမှာ ကြုံရတဲ့ ကိစ္စတရပ်လို့ပဲနားလည်ထားတယ်လို့ ဆိုခဲ့ပါတယ်။

နိုက်ဂျီးရီးယားနဲ့ ဆိုင်ရာရား လီယွန်နေးတို့ကစားခဲ့တဲ့ အာဖရိကဖလား ကွာလီဖိုင်ယာပွဲစဉ်မှာ နိုက်ဂျီးရီးယားဟာ (၄-ဝ)နဲ့ဦးဆောင်ပြီးမှာ ချေပဂိုး ၄ ဂိုးပြန်ပေးခဲ့ရပြီး၊ (၄-၄)ရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ (၂၉)မိနစ်မှာ လေဂိုးပြတ်ဖြစ်နေခဲ့ပေမဲ့ ချေပဂိုးတွေတလုံးပြီးတလုံးပေးခဲ့ရကာ ၈၆ မိနစ်မှာ သရေကျသွားခဲ့ပါတယ်။

ဝုဗ်အသင်းရဲ့ကစားသမားဖြစ်တဲ့ ဂျင်မီနက်ကတော့ အပြောင်းအရွှေ့ကာလတုန်းက သူဟာ ဂျူဗင်တပ်နဲ့ မန်ယူအသင်းနှစ်သင်းမှာ လက်မှတ်ထိုးဖို့ အခွင့်အရေးရခဲ့ပေမဲ့ ဝုဗ်မှာပဲဆက်ရှိဖို့ ရွေးချယ်ခဲ့တယ်လို့ တရားဝင်ဖွင့်ဟလာခဲ့ပါတယ်။ အသင်းပြောင်းဖို့ စိတ်ကူးမရှိခဲ့ဘဲ ဝုဗ်နဲ့အတူ ခရီးဆက်သွားဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ကိုလံဘီယာကို ဝ-၃ နဲ့ အနိုင်ကန်ခဲ့တဲ့ ပွဲစဉ်မှာ ကာဗာနီဟာ ဥရုဂွေးအတွက် ပွဲထွက်ခဲ့ပါတယ်။ တဂိုးသွင်းယူပေးခဲ့ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်၊ ဥရုရွေးပွဲစဉ်နှစ်ခုလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွာရက်ကလည်း အသင်းအတွက်ပင်နယ်တီကနေ တဆင့်ဂိုးသွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။

နောက်ခံလူတွေ ဒဏ်ရာဆက်တိုက်ရနေတဲ့ လီဗာပူးအသင်းက ကစားသမားချဉ်းကပ်မှုအနေနဲ့ အိုလံပီယာကော့စ်အသင်းနောက်ခံလူ ရူဘင် ဆီမီဒို (၂၆)နှစ်ကို စုံစမ်းနေပြီလို့သိရပါတယ်။ ဗန်ဒိုက်၊ ဂိုမက်နှစ်ယောက်လုံး ဒဏ်ရာရနေတဲ့ နောက်တန်းအတွက် အင်အားဖြည့်တင်းဖို့ဖြစ်ပါတယ်။

AZ – SportsGabar