(၂၀၁၈)ကမ္ဘာဖလားမှာ အမျိုးသမီးပရိသတ်တွေကနေ သုက်ရည်ရောင်းချဖို့ကမ်းလှမ်းခံခဲ့ရတဲ့ ဆက်စီအကျဆုံးကစားသမား

မိန်းမတွေမိုက်ပြီဆိုရင် ယောင်္ကျားတွေထက်ဆိုးတယ်ဆိုတဲ့ စကားက အပြောမဟုတ်ပါဘူး။ မိန်းမတွေဟာ ဘယ်လိုအရာတွေကိုပဲ ဖြစ်ဖြစ် တစ်စုံတစ်ခုအပေါ်မှာစွဲလမ်းမိသွားမိပြီဆိုရင် သူတို့ရဲ့ ရူးသွပ်မှုတွေက အဆုံးအစွန်အောင်ကို ဖြစ်နေတတ်ပါတယ်။ အခုလည်း ပြီးခဲ့တဲ့ (၂၀၁၈) ရုရှားကမ္ဘာ့ဖလားမှာ အမျိုးသမီးပရိသတ်အချို့က သူ့ရဲ့ သုတ်ရည်ကို ဝယ်ယူချင်လို့ ကမ်းလှမ်းခံခဲ့ရတဲ့ အကြောင်းကို၊

ချာလ်တန်၊ ကိုပင်ဟေဂင်တို့မှာ ကစားခဲ့တဲ့ဖူးတဲ့ ကစားသမားဟောင်းဂစ်လတ်ဆန်က ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်ရုရှားကမ္ဘာ့ဖလားမှာတုန်းကဂစ်လတ်ဆန်ဟာ ဘွန်ဒက်လီဂါ(၂)ကလပ် အက်စ်ဗွီဆန်ဟော့ဆန်အသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး၊ အိုင်စလန်လက်ရွေးအသင်းကြီးလူစာရင်းမှာရွေးချယ်ခံခဲ့ရပါတယ်။ အာဂျင်တီးနားအသင်းနဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ၊

ဂစ်လတ်ဆန်ဟာ အိုက်စလန်အသင်းအတွက် မိနစ်(၃၀)ဝင်ခန့်လူစားဝင်ရောက်ကစားခဲ့ပြီးတဲ့နောက် အင်စတာဂရမ်ဖော်လိုဝါ (၃၀၀၀၀)သာရှိတဲ့ ဂစ်လတ်ဆန်ရဲ့ အကောင့်ဟာ ဖော်လိုဝါ(၃)သိန်းအထိတိုးပွားလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အိုက်စလန်ဂိုးသမားဟာမက်ဆီရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမဲ့ ပွဲစဉ်အပြီးမှာဂစ်လတ်ဆန်ကတော့ လူပြောများခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဝင်ရောက်ကစားခဲ့ပြီးတဲ့နောက် ဂစ်လတ်ဆန်ကို (၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားရဲ့ ဆက်စီအကျဆုံးကစားသမားအဖြစ် သက်မှတ်ခံခဲ့ရပြီး အမျိုးသမီးပရိသတ်အများအပြားက ဂစ်လတ်ဆန်ရဲ့ အင်စတာဂရမ်အကောင့်ကို ဖော်လိုးလုပ်ခဲ့ကြပါတယ်။ ဆံပင်အရှည်ကိုစီးထားပြီး ပါးသိုင်းမွေးမေးရိုးကားကားနဲ့ ပုရိသအမျိုးသမီးတွေအတွက်ကြွေချင်စရာ ဖြစ်ခဲ့တဲ့ ဂစ်လတ်ဆန်ဟာ၊

အမျိုးသမီးပရိသတ်တွေရဲ့ အားပေးမှုအများအပြားခံခဲ့ရပြီးတဲ့နောက် ကြုံတွေ့လာခဲ့ရတဲ့ ထူးထူးဆန်းဆန်းအဖြစ်အပျက်တစ်ခုကတော့ ” ပွဲပြီးတော့၊ ကျွန်တော့်ဖုန်းမှာ ဝင်နေတဲ့ မတ်ဆေ့တွေကိုကြည့်ဖို့အတွက် ဖုန်းကိုယူလိုက်ပါတယ်၊ အဲ့ဒီမှာ မတ်ဆေ့တွေအများကြီးးဝင်နေခဲ့ပါတယ်၊ အဲ့ဒီထဲက တစ်ခုကတော့ ကျွန်တော့်ရဲ့ သုက်ရည်ကို ရောင်းနိုင်မလားဆိုတဲ့ မတ်ဆေ့တစ်ခုကတော့ တော်တော်လေးဆန်းပါတယ် ” လို့ ဂစ်လတ်ဆန်က ပြောကြားသွားခဲ့ပါတယ်။

လူဦးရေ (၃၄၁၀၀၀)လောက်သာရှိတဲ့ အိုက်စလန်နိုင်ငံရဲ့ ကစားသမားတစ်ယောက်ဟာ အခုဆိုရင် သူ့ရဲ့ အင်စတာဂရမ်မှာ ဖော်လိုဝါပေါင်း (၇၈၀၀၀၀)အထိရှိလာခဲ့ပြီပဲဖြစ်ပါတယ်။အသက်(၃၂)နှစ်အရွယ်မှာပဲ ဘောလုံးကစားသမားဘဝကနေ ဂစ်လတ်ဆန်က အနားယူခဲ့ပြီး လက်ရှိမှာတော့ ဖက်ရှင်မော်ဒယ်အဖြစ် လုပ်ဆောင်လျက်ရှိနေပါတယ်။

AZ-SportsGabar