လာမယ့်နွေမှာ စီရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ရဲ့ပေါင်းစည်းမှုကို မြင်တွေ့ရတော့မှာလား

လာမယ့်နွေရာသီမှာ ယူနိုက်တက်နဲ့ စီရော်နယ်ဒိုတို့ရဲ့ ပြန်လည်ပေါင်စည်းမှုကို မြင်တွေ့ရတော့မှာလားဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။ အီတလီဘီလူကြီးဟာ ကိုဗစ်ရိုက်ခတ်မှုတွေထဲမှာ အထိနာခဲ့တဲ့အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဆိုတော့ အသင်းရဲ့ အသုံးစရိတ်တွေ ထွက်ငွေတွေကို လျှော့ချဖို့အတွက် တစ်နှစ်လုပ်ခပေါင်(၂၈)သန်းလောက်ပေးချေနေရတဲ့ စီရော်နယ်ဒိုကို အသင်းကေနေရောင်းချဖို့ပြင်ဆင်လာခဲ့ပါတယ်။

စီရော်နယ်ဒိုကို ဂျုဗင်တပ်တို့ဟာ ချန်ပီယံလိဂ်ဖလားရယူပေးဖို့အတွက်ခေါ်ယူထားခဲ့ပေမဲ့ လက်ရှိအချိန်အထိတော့ ဂျုဗင်တပ်အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ခြင်းမရှိသေးပါဘူး သတင်းတွေအရဂျုဗင်တပ်တို့ဟာလက်ရှိဘောလုံးရာသီမှာချန်ပီယံလိဂ်ဖလားမရရှိခဲ့ဘူးဆိုရင် စီရော်နယ်ဒိုကို အသင်းကနေရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

တစ်ဆက်ထဲမှာပဲ စီရော်နယ်ဒိုကိုခေါ်ယူဖို့အတွက် ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့က စောင့်ကြည့်လျက်ရှိပြီး၊ ဒီထဲမှာ ယူနိုက်တက်ပိုပြီးတော့အလိုရှိနေတဲ့ အခြေအနေမှာရှိနေတာဖြစ်ပါတယ်။ ပေါ်တူဂီကလာတဲ့ သတင်းတွေအရ စီရော်နယ်ဒိုကိုခေါ်ယူဖို့အတွက် ယူနိုက်တက်တို့ဟာစီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်ထံကို တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဂျော့မန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ဆက်ဆံရေးကောင်းတွေရှိထားခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ နွေတုန်းက ဆန်ချိုအပြောင်းအရွှေ့မှာတုန်းကတောင် ယူနိုက်တက်အတွက် ဝင်ရောက်ကူညီပေးခဲ့တာမျိုးတွေပြုလုပ်ခဲ့ပါသေးတယ်။ ယူနိုက်တက်အသင်းနဲ့ ဟိုးအရင်ကတည်းကဆက်ဆံရေးကောင်းတွေကို အချိန်အတော်ကြာထိန်းထားနိုင်ခဲ့တဲ့အတွက်၊

စီရော်နယ်ဒိုသာလာမယ့်နွေမှာ ဂျုဗင်တပ်ကနေတကယ်ထွက်ခွာဖြစ်ခဲ့မှာသေချာနေရင် ဂျော့မန်ဒက်စ်အနေနဲ့ ယူနိုက်တက်ဆီရောက်ရှိအောင် ကူညီပေးနိုင်ဖွယ်ရှိနေတာပဲဖြစ်ပါတယ်။စီရော်နယ်ဒိုကလည်း ယူနိုက်တက်ဆီကိုပြန်ချင်တယ်လို့ပြောကြားထားခဲ့ဖူးတာကြောင့် လာမယ့်နွေရာသီမှာ ယူနိုက်တက်နဲ့ စီရော်နယ်ဒိုတို့ရဲ့ ပြန်လည်ပေါင်းစည်းမှုကိုမြင်တွေ့သွားရမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

AZ-SportsGabar