နံနက်ပိုင်းအားကစားသတင်းတိုများ (၁၃.၁၁.၂၀၂၀)

ဆာဘီးယားကို (၁-၁)သရေကျပြီး၊ ပင်နယ်တီ ၅-၄ နဲ့ အနိုင်ရခဲ့တဲ့ စကော့တလန်အသင်းကတော့ သမိုင်းစံချိန်သစ်ကိုတင်သွားနိုင်ခဲ့ပါတယ်။ ၂၃ နှစ်ကြာဝေးကွာနေတဲ့ ယူရိုပွဲစဉ်ကို ပထမဆုံးအကြိမ်ပြန်တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး၊ အင်္ဂလန်၊ ခရိုအေးရှား၊ ချက်ရီပတ်ဘလစ်တို့နဲ့ အတူတူ တအုပ်စုတည်း ရင်ဆိုင်ကစားရတော့မှာလို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာခေါ်သုံးဖို့ လျာထားခဲ့တဲ့ ဘယ်လင်ဂမ်ကို ဆောက်ဂိတ်က အိုင်ယာလန်ရီပတ်ဘလစ်ကို (၃-ဝ)နဲ့အနိုင်ရတဲ့ပွဲမှာထည့်သုံးခဲ့ပါတယ်။ လူစားဝင်လာပြီးချိန်မှာ အင်္ဂလန်ရဲ့ တတိယမြောက်အသက်အငယ်ဆုံးပွဲထွက်ကစားသမားဖြစ်လာခဲ့ပါတယ်။

အင်တာနေရှင်နယ် ခြေစမ်းပွဲကန်ခဲ့ကြတဲ့ ဝေးလ်နဲ့ ယူအက်စ်အေပွဲစဉ်ကတော့ (ဝ-၀)နဲ့ ပြီးဆုံးခဲ့ပါတယ်။ အမေရိကန်ရဲ့ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ ထွန်းတောက်လာတဲ့ ဟန်ကိုမြင်ခဲ့ရပြီး၊ ရိုင်ယန်ဂစ်မရှိသေးတဲ့ ဝေးလ်ကတော့ သရေရခဲ့တာက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။

လီဗာပူးနောက်ခံလူ ဂျိုးဂိုမက်ဟာ ဒဏ်ရာကိုအောင်မြင်အောင် ခွဲစိတ်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ဘယ်ဒူးကို သက်သာလာဖို့အတွက် လက်ကျန်ရာသီတခုလုံအနားယူရဖို့ရှိနေတယ်လို့သိရပါတယ်။ ဗန်ဒိုက်အပြင် အဓိက နောက်ခံလူနောက်တဦးဒဏ်ရာထပ်ရသွားတာက လီဗာပူးအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပါပြီ။

မြောက်အိုင်ယာလန်ကို (၁-၂)နဲ့အနိုင်ကစားခဲ့တဲ့ ဆလိုဗာကီးယားကတော့ ယူရို (၂၀၂၀)ဝင်ခွင့်ကိုရသွားခဲ့ပါတယ်။ (၁-၁)သရေကျနေခဲ့ချိန် အချိန်ပိုဆက်ကန်ခဲ့ရပြီး၊ (၁၁၀)မိနစ်အရောက်မှာမှ အသင်းအတွက် အနိုင်ဂိုးကိုရခဲ့ပါတယ်။

ဂျော်ဂျီယာကို (ဝ-၁)နဲ့ အနိုင်ရခဲ့တဲ့ မြောက် မက်ဆီဒိုးနီးယားကတော့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် ယူရိုပွဲစဉ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နယ်သာလန်၊ ယူကရိန်း၊ သြစတြေးလျတို့နဲ့အတူ အုပ်စုစီမှာ ယူရို (၂၀၂၀)ကို ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး၊ ကမ္ဘာ့အဆင့် (၆၅)အထိ ရောက်လာခဲ့ပြီလို့သိရပါတယ်။

AZ-SportsGabar