ပရီးမီးယားလိဂ်မှာခြေစွမ်းပြနေပေမဲ့ သူဟာထိပ်တန်းအဆင့်မှာမရှိနေသေးပါဘူးဆိုတဲ့ ဆွန်ယောင်မင်

ဆွန်ယောင်မင်နဲ့ စပါးရဲ့ခြေစွမ်းက လက်ရှိမှာ ပရီးမီးယားလိဂ်ထိပ်တန်းအဆင့်ဆိုတာ ဘယ်သူမှငြင်းမရပါဘူး။ အကောင်းဆုံးခြေစွမ်းတွေနဲ့လုပ်ပြထားတဲ့အပြင် ဆွန်ယောင်မင်တဦးတည်းသွင်းဂိုးက (၈)ဂိုးအထိရှိနေပါတယ်။ ကလဲဗက်လေဝင်၊ မိုဟာမက်ဆာလား၊ ဂျေမီဗာဒီတို့နဲ့အပြိုင်ဖြစ်နေပြီး၊ တိုက်စစ်မှူး မဟုတ်တဲ့ ကစားသမားတယောက်အနေနဲ့ ပါဝင်နေသူပါ။

ဒီလိုခြေစွမ်းမျိုးတွေပြနေပေမဲ့ ဆွန်ယောင်မင်က သူ့ကိုယ်သူ ထိပ်တန်းအဆင့်ရှိကစားသမားလို့ မထင်သေးပါဘူး။ နိုင်ငံအတွက် ပြန်ကစားပေးချိန် ကိုရီးယားဘောလုံး အဖွဲ့ချုပ်နဲ့အင်တာဗျူးမှာ ဒီအကြောင်းကိုဖွင့်ဟခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုနှိမ့်ချတဲ့ စိတ်ထားကိုပြသခဲ့ပါတယ်။ ” ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက ဘယ်တုန်းကမှ မတွေးဖူးဘူး”

” အရိုးသားဆုံးပြောရမယ်ဆိုရင် ခဏလေးတောင်မှမတွေးဖူးပါဘူး။ ကျွန်တော် တော့တင်ဟမ်အတွက် အမြဲတမ်းအကောင်းဆုံးတွေပဲလုပ်ဖို့ကြိုးစားနေတာပါ။ နိုင်ငံအသင်းမှာရော၊ ကျွန်တော့်အရည်အချင်းတွေကို ပြသဖို့ကြိုးစားနေတာပါ။ နိုင်ငံအသင်းနဲ့ စပါးအသင်းအတွက် ကစားပေးရတာ မတူဘူးလို့တော့ ခံစားရတယ်။ ပရိသတ်တွေအတွက် ကျွန်တော်တို့ ပေးဆပ်နိုင်တာကို လုပ်နိုင်သမျှလုပ်ရမယ်။”

‘ ဟယ်ရီကိန်းနဲ့ ကျွန်တော်နဲ့ဆိုရင် အတူတူကစားခဲ့တာ အချိန်အကြာကြီးပဲ။ အချိန်တိုင်းမှာ ကျွန်တော်တို့အတွဲက တိုးတက်လာဖို့အတွက်ကိုပဲ အာရုံထားတယ်။ ကိန်းဆိုကျွန်တော်ထက်တောင်ငယ်တယ်။ ဒါပေမဲ့ သူကစားရင်တော့ အသားကုန်ကိုကြိုးစားတယ်။ ကိုးရီးယားနိုင်ငံမှာဆိုရင်တော့ ဟီချန်နဲ့ ယူဂျိုလည်း အတော်လေးကြိုးစားတယ်။’

” ကျွန်တော်တို့ တယောက်နဲ့တယောက်သိတာ အတော်ကြာပြီ။ တယောက်ဘာလိုလဲ တယောက်က သိနေပြီ။ နှစ်ယောက်လုံးဆိုရင် အခုအချိန်မှာ သူတို့ကလပ်တွေနဲ့ ခက်ခဲနေကြတာမျိုးတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စပါးနဲ့အတူ ကံကောင်းနေပါတယ်။ နှစ်ယောက်လုံး သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို နိုင်ငံအသင်းနဲ့အတူ ပြန်လာဖို့ မျှော်လင့်နေပါတယ်။ အကောင်းဆုံးနည်းနဲ့သူတို့ပြန်လာဖို့ ကျွန်တော်က ကူညီနိုင်မယ်လို့ ထင်မိပါတယ်။’ လို့ဆိုခဲ့ပါတယ်။

AZ-SportsGabar