မန္စီးတီးဟာအလုပ္လုပ္ဖို႔အေကာင္းဆံုးေနရာလို႔ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ဂြာဒီယိုလာ

မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာက အီတီဟက္ဟာ အလုပ္လုပ္ဖို႔ ျပီးျပည့္စံုတဲ့ေနရာ တစ္ခုလို႔ေျပာၾကားခဲ့ျပီး၊ သူ႔အေနနဲ႔ ေနာက္ထပ္အနည္းဆံုး (၂)ႏွစ္ခန္႔ မန္စီးတီးမွာ ဆက္ရွိေနမယ္လို႔ အသင္းပရိသတ္ေတြကို ကတိေပးသြားခဲ့ပါတယ္။

စပိန္လူမ်ိဳးနည္းျပၾကီးဟာ ျပီးခဲ့တဲ့ရာသီက မန္စီးတီးအသင္းအတြက္ အက္ဖ္ေအဖလား၊ ကာရာေဘာင္ဖလား၊ ကြန္ျမဴနတီဒိုင္း၊ ပရီးမီးယားလိဂ္ဖလား စတဲ့ အဂၤလန္ျပည္တြင္းဖလား အားလံုးကို သိမ္းၾကံဳးရယူေပးခဲ့ပါတယ္။ ျပီးခဲ့တဲ့ေႏြမွာ (၂)ႏွစ္သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီးေနာက္ ဂြာဒီယိုလာဟာ မန္စီးတီးမွာ (၂၀၂၁) ဇြန္လအထိ ရွိေနေတာ့မွာလည္းျဖစ္ပါတယ္။ ဂြာဒီယိုလာက-

” နည္းျပတာ၀န္ထမ္းေဆာင္ဖို႔နဲ႔ေဘာလံုးကစားဖို႔ဆိုရင္ အဂၤလန္ထက္ေကာင္းတဲ့ေနရာ ကမာၻေပၚမွာမရွိပါဘူး၊ တကယ္လို႔ ပြဲတစ္ပြဲကို အႏိုင္မရခဲ့ရင္ တစ္ျခားေနရာမွာရွိတဲ့ ပရိသတ္ေတြက ေလွာင္ေျပာင္ၾကလိမ့္မယ္၊ ဒါေပမဲ့ ဒီမွာေတာ့ ရံႈးရံႈးႏိုင္ႏိုင္ အားေပးၾကတယ္ ”

” ကြ်န္ေတာ္ မွတ္မိေသးတယ္၊ ဒီကိုေရာက္ေရာက္ခ်င္းႏွစ္မွာ ကြ်န္ေတာ္ အရမ္းကို ခက္ခဲခဲ့တယ္၊ ခ်န္ပီယံလိဂ္မွာ မိုနာကိုအသင္းကို ရံႈးနိမ့္ခဲ့ျပီးေနာက္၊ ပရီးမီးယားလိဂ္မွာ ကြ်န္ေတာ္တို႔ ေကာင္းေကာင္း မကစားႏိုင္ခဲ့ဘူး၊ ဒါေပမဲ့ ပရိသတ္ေတြကေတာ့ အားေပးျမဲ အားေပးခဲ့တယ္ ”

” ကလပ္က ကြ်န္ေတာ္တို႔ရဲ႕ စိတ္ကူးစိတ္သန္းေတြကို လိုက္လံျဖည့္ဆည္းေပးဖို႔ အေရးၾကီးပါတယ္၊ ပံုမွန္အားျဖင့္ ကလပ္အမ်ားစုမွာ ႏိုင္ေနခ်ိန္က်ေတာ့ လုပ္ေပးျပီး၊ ရံႈးေနျပီဆို ဒီလိုလုပ္မေပးၾကေတာ့ဘူး၊ ဒီမွာေတာ့ အဲလိုေတြမရွိဘူး၊ ဒါဟာ မန္စီးတီးအသင္းဆီ ကြ်န္ေတာ္လာခဲ့ဖို႔ ဆံုးျဖတ္ရတဲ့ အေၾကာင္းအရင္းတစ္ခုပါပဲ”

” ပရိသတ္ေတြက ရံႈးရံႈးႏိုင္ႏိုင္ အားေပးၾကတယ္၊ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ဟာ အလုပ္ကို စိတ္ရွင္းရွင္းနဲ႔ဆက္လုပ္ႏိုင္တယ္၊ ေသခ်ာပါတယ္ မန္စီးတီးဟာ အလုပ္လုပ္ဖို႔အေကာင္းဆံုးေနရာတစ္ခုပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မန်စီးတီးဟာအလုပ်လုပ်ဖို့အကောင်းဆုံးနေရာလို့ထုတ်ဖော်ပြောကြားခဲ့တဲ့ဂွာဒီယိုလာ

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက အီတီဟက်ဟာ အလုပ်လုပ်ဖို့ ပြီးပြည့်စုံတဲ့နေရာ တစ်ခုလို့ပြောကြားခဲ့ပြီး၊ သူ့အနေနဲ့ နောက်ထပ်အနည်းဆုံး (၂)နှစ်ခန့် မန်စီးတီးမှာ ဆက်ရှိနေမယ်လို့ အသင်းပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြကြီးဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းအတွက် အက်ဖ်အေဖလား၊ ကာရာဘောင်ဖလား၊ ကွန်မြူနတီဒိုင်း၊ ပရီးမီးယားလိဂ်ဖလား စတဲ့ အင်္ဂလန်ပြည်တွင်းဖလား အားလုံးကို သိမ်းကြုံးရယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေမှာ (၂)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ဂွာဒီယိုလာဟာ မန်စီးတီးမှာ (၂၀၂၁) ဇွန်လအထိ ရှိနေတော့မှာလည်းဖြစ်ပါတယ်။ ဂွာဒီယိုလာက-

” နည်းပြတာဝန်ထမ်းဆောင်ဖို့နဲ့ဘောလုံးကစားဖို့ဆိုရင် အင်္ဂလန်ထက်ကောင်းတဲ့နေရာ ကမ္ဘာပေါ်မှာမရှိပါဘူး၊ တကယ်လို့ ပွဲတစ်ပွဲကို အနိုင်မရခဲ့ရင် တစ်ခြားနေရာမှာရှိတဲ့ ပရိသတ်တွေက လှောင်ပြောင်ကြလိမ့်မယ်၊ ဒါပေမဲ့ ဒီမှာတော့ ရှုံးရှုံးနိုင်နိုင် အားပေးကြတယ် ”

” ကျွန်တော် မှတ်မိသေးတယ်၊ ဒီကိုရောက်ရောက်ချင်းနှစ်မှာ ကျွန်တော် အရမ်းကို ခက်ခဲခဲ့တယ်၊ ချန်ပီယံလိဂ်မှာ မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်၊ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး၊ ဒါပေမဲ့ ပရိသတ်တွေကတော့ အားပေးမြဲ အားပေးခဲ့တယ် ”

” ကလပ်က ကျွန်တော်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို လိုက်လံဖြည့်ဆည်းပေးဖို့ အရေးကြီးပါတယ်၊ ပုံမှန်အားဖြင့် ကလပ်အများစုမှာ နိုင်နေချိန်ကျတော့ လုပ်ပေးပြီး၊ ရှုံးနေပြီဆို ဒီလိုလုပ်မပေးကြတော့ဘူး၊ ဒီမှာတော့ အဲလိုတွေမရှိဘူး၊ ဒါဟာ မန်စီးတီးအသင်းဆီ ကျွန်တော်လာခဲ့ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်းတစ်ခုပါပဲ”

” ပရိသတ်တွေက ရှုံးရှုံးနိုင်နိုင် အားပေးကြတယ်၊ ဒါကြောင့် ကျွန်တော်တို့ဟာ အလုပ်ကို စိတ်ရှင်းရှင်းနဲ့ဆက်လုပ်နိုင်တယ်၊ သေချာပါတယ် မန်စီးတီးဟာ အလုပ်လုပ်ဖို့အကောင်းဆုံးနေရာတစ်ခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar