ပွဲထွက်ခွင့်အတွက် ဆိုးလ်ရှားပြောကြားခဲ့တာတွေကြောင့် ယူနိုက်တက်မှာနေပျော်တယ်ဆိုတဲ့ ဗန်ဒီဘီခ့်

ဗန်ဒီဘီခ့်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အေဂျက်အသင်းကနေယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့တဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေက ဗန်ဒီဘီခ့်အပေါ်အများကြီး မျှော်လင့်ထားခဲ့ကြပေမဲ့ ဖာနန်ဒက်စ်နဲ့ ကစားပေါက်တူနေတဲ့ ဗန်ဒီဘီ့်ဟာ ယူနိုက်တက်မှာ အရန်ခုံမှာသာအချိန်ကုန်နေခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိပြိုင်ပွဲစုံမှာ ဗန်ဒီဘီခ် ဟာ ယူနိုက်တက်အတွက် ပွထြွက်ခွင့်(၂)ပွဲသာရရှိထားခဲ့သေးတာဖြစ်ပြီး ကျန်တဲ့ ပွဲစဉ်တွေမှာ အရန်ကစားသမားအဖြစ်နဲ့ သာအချိန်ကုန်နေခဲ့ရတာဖြစ်ပါတယ်။ဗန်ဒီဘီခ့်အနေနဲ့ ပါဝင်ကစားထားခဲ့တဲ့ ပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းတွေပြသထားခဲ့ပေမဲ့ ဆိုးလ်ရှားက အရန်ခုံမှာပဲထိုင်နေခိုင်းခဲ့တဲ့ အပေါ်မှာ ဗန်ဒီဘီခ့်ရဲ့ ခြေစွမ်းတွေနဲ့ စိတ်ဓာတ်တွေအပေါ် အကျိုးသက်ရောက်မှုတွေရှိလာမှာကို ယူနိုက်တက်ပရိသတ်တွေက စိတ်ပူနေကြတာပါ။

ဒါပေမဲ့ ဗန်ဒီဘီခ့်ကတော့ ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ဆိုးလ်ရှားပြောကြားခဲ့တဲ့ စကားတွေကြောင့် သူ့အနေနဲ့ ယူနိုက်တက်မှာနေပျော်တယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲပြောကြားလာခဲ့ပါတယ်။ ဗန်ဒီဘီခ့်က ” ဒီစကားက ကျွန်တော့်ကို ကျွန်တော်ပြောတာပါ၊ ကျွန်တော်အခုထက်ပိုပြီး ပွဲထွက်ခွင့်ရချင်ပါတယ်၊ ဒါပေမဲ့ ယူနိုက်တက်လို အသင်းမှာရှိနေရတာကို ကျွန်တော် တကယ်ပဲ နှစ်သက်ပါတယ်၊

ဒီမှာ အရမ်းကို ရိုးရိုးရှင်းရှင်းနဲ့ လူတိုင်းက ကျွန်တော့်ကို ကူညီပေးကြပါတယ်၊ ကျွန်တော်ကလည်း စိတ်ရှည်တတ်တဲ့ သူတစ်ယောက်ပါ၊ ဒါပေမဲ့ လည်း ဖြစ်နိုင်သလောက် အမြန်ဆုံးပွဲထွက်ခွံင့်တေံအများကြီးရချင်ပါတယ်၊ ကျွန်တော်ပါဝင်ကစားထားခဲ့တဲ့ မိနစ်တိုင်းမှာစွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့တယ်လို့ ကျွန်တော်ကတော့ထင်မိပါတယ်၊ကျွန်တော်ယူနိုက်တက်အတွက်တစ်ခုခုပြုလုပ်ပေးနိုင်တယ်ဆိုတာကိုပြသခဲ့ပြီးပြီလို့ထင်ပါတယ်၊

အိုလီက ကျွန်တော့်ကို စိတ်ရှည်ဖို့ပဲ ပြောထားပါတယ်၊ ပြီးတော့ ကျွန်တော်လုပ်နေတာကို အကောင်းဆုံးဆက်လတ်လုပ်ဆောင်နေဖို့ပြောပါတယ်၊ ပြီးတော့ မြင်ခင်းစိမ်းတွေပေါ်မှာ ကျွန်တော်အကောင်းဆုံးလုပ်ပြနေတာကို သူသိတယ်လို့လည်းပြောပါတယ်၊ ကျွန်တော့်ရဲ့ အချိန်တွေကရောက်လာမှာပါ၊ ဒီကနေထိုင်ပြီး စောင်နေဖို့ပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်။

AZ-SportsGabar