ဒီရာသီ ဥရောပရဲ့ အကောင်းဆုံးtrio တိုက်စစ်အတွဲ (၁၀)တွဲ

လက်ရှိဘောလုံးရာသီကတော့ အသင်းကြီးတွေအားလုံးနီးပါးရာသီအဖွင့်မလှတဲ့ ဘောလုံးရာသီတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ မက်ဆီ၊ စီရော်နယ်ဒိူရဲ့ ခေတ်တွေကုန်ဆုံးလာခြင်းနဲ့ အတု မြိုင်ဆိုင်လှတဲ့ သွင်းဂိုးတွေကိုလည်း မြင်တွေ့ရဖို့ခက်ခဲလာခဲ့ပါတယ်။လက်ရှိဘောလုံးရာသီရဲ့ ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးသွင်းအကောင်းဆူံုးဖြစ်နေတဲ့ သုံးယောက်တိုက်စစ်အတွဲ(၁၀)တွဲကိုဖော်ပြပေးလိုက်ပါတယ်။

(၁၀)ဂျုဗင်တပ်(စီရော်နယ်ဒို၊ ဒိုင်ဘာလာ၊မိုရာတာ)။ ။စီရော်နယ်ဒို၊ ဒိုင်ဘာလာ၊မိုရာတာတို့ ဦးဆောင်နေတဲ့တိုက်စစ်အတွဲကနေပြီးတော့ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး(၁၄)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီး၊ဂိုးသွင်းအကောင်းဆုံး သူံယောက်တိုက်စစ်အတွဲမှာ အဆင့်(၁၀)နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။(၉)ပီအက်စ်ဂျီ(နေမာ၊အမ်ဘာပေ၊ မော်စီကိန်း)။ ။နေမာ၊ အမ်ဘာပေ၊နဲ့မော်စီကိန်းတို့ဦးဆောင်ထားတဲ့ တိုက်စစ်အတွဲကလည်း ဒီရာသီမှာ သွင်းဂိုး(၁၄)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာပြီးခဲ့တဲ့ ရာသီက အခြေအနေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ နည်းနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

(၈)ယူနိုက်တက်(မာရှယ်၊ရက်ဖို့ဒ်၊ ဖာနန်ဒက်စ်)။ ။ယူနိုက်တက်အနေနဲ့ ပုံစံကောင်းတွေပြသနိုင်ဖို့ရုန်းကန်နေရပေမဲ့ ယူနိုက်တက်တိုက်စစ်ပိုင်းက ဖာနန်ဒက်စ်နဲ့ရက်ဖို့ဒ်တို့ကတော့ ပုံမှန်ဂိုးသွင်းခြေတွေပြသထားနိုင်ခဲ့ပါတယ်။ မာရှယ်ကတော့(၂)ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပြီး ဒီ(၃)ဦးရဲ့ သွင်းဂိုးက (၁၅)ဂိုးအထိရှိထားတာဖြစ်ပါတယ်။(၇)အတ္တလန်တာ(ဂိုမတ်ဇ်၊ ဇာပါတာ၊ မူရီရယ်)။ ။ဒီနှစ်ပိုင်းမှာ အတ္တလန်တာအသင်းရဲ့တိုက်စစ်ပိုင်းကပြောစမှတ်တွင်စရာဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရာသီမှာ ပုံစံကောင်းတွေပြသခဲ့ပြီး ဒီရာသီမှာလည်း ဂိုမတ်ဇ်၊ ဇာပါတာ၊ မူရီရယ်တို့(၃)ဦးရဲ့ သွင်းဂိုးက (၁၅)ဂိုးအထိရှိထားခဲ့ပါတယ်။

(၆)ချဲလ်ဆီး(ဝါနာ၊ ဟာဗက်၊ ဇီယက်)။ ။ကစားသမားသစ်(၃)ဦးရဲ့ အရေးပါမှုတွေက သွင်းဂိုးတွေနဲ့ သက်သေပြနေပြီး ဒီကစားသမားသစ်(၃)ဦးရဲ့ ဒီရာသီသွင်းဂိုးက (၁၆)ဂိုးအထိရှိထားခဲ့တာဖြစ်ပါတယ်။(၅)အက်သလက်တီကို(ဆွာရက်၊ဖီလစ်၊လောရန်တီ)။ ။ဘာစီလိုနာကစားသမားဟောင်းဆွာရက်ဦးဆောင်လာတဲ့ ဖီလစ်၊လောရန်တီတို့ရဲ့ အက်သလက်တီကိုတိုက်စစ်အတွဲကလည်း ဒီရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၆)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီးတော့ ဥရောပရဲ့ ဂိုးသွင်းကြမ်းဆုံး တိုက်စစ်အတွဲထဲမှာ အဆင့်(၅)ဝင်လာခဲ့ပါတယ်။

(၄)ဒေါ့မွန်(အာလင်း၊ဆန်ချို၊မာကိုရူး)။ ။လူငယ်ကစားသမားနှစ်ယောက်ဦးဆောင်နေတဲ့ ဒေါ့မွန်အသင်းရဲ့တိုက်စစ်ပိုင်းက ကြောက်စရာကောင်းတဲ့ အထဲမှာပါပါတယ်။ အာလင်း၊ဆန်ချို၊မာကိုရူးတို့တိုက်စစ်အတွဲက ဒီရာသီမှာ သွင်းဂိုး(၁၇)ဂိုးအထိတောင်ရှိထားခဲ့တာဖြစ်ပါတယ်။(၃)လီဗာပူးလ်(ဆာလာ၊ဖာမီနို၊မာနေး)။ ။ပရီးမီးယားလိဂ်ရဲ့ချန်ပီယံသစ်ကလေးလီဗာပူးလ်အသင်းရဲ့ဆာလာ၊ဖာမီနို၊မာနေးတိုက်စစ်အတွဲကလည်း ဒီရာသီမှာ သွင်းဂိုး(၁၈)ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲအဖြစ်ပါရပ်တည်လျက်ရှိနေပါတယ်။

(၂)ဘိုင်ယန်(လီဝမ်ဒေါ့စကီး၊ဂါနာဘီ၊ ကိုးလ်မန်း)။ ။ပြီးခဲ့တဲ့ ရာသီက ဥရောပတစ်ခွင်မှာ ပွဲကြမ်းပြီး ဥရောပ ဘုရင်ဘွဲ့ခံယူသွားတဲ့ ဘိုင်ယန်တို့ဟာ ဒီရာသီမှာလည်းပုံစံကောင်းတွေဆက်လတ်ပြီးတော့ ပြသနိုင်နေပါတယ်။ ဒါ့အပြင် လီဝမ်ဒေါ့စကီး၊ဂါနာဘီ၊ ကိုးလ်မန်းတို့(၃)ဦးရဲ့တိုက်စစ်အတွဲကလည်း ဒီရာသီမှာ သွင်းဂိုး (၂၂)ဂိုးအထိတောင်သွင်းယူပြထားခဲ့တာဖြစ်ပါတယ်။(၁)စပါး(ကိန်း၊ဆွန်ဟောင်မင်၊ဘေးလ်)။ ။မော်ရင်ဟိုရဲ့ စပါးကတော့ ဒီရာသီမှာ မထင်မှတ်ပဲ ပွဲကြမ်းနေတာလို့ဆိုရမှာပါ။ဘေးလ်ပြန်လာမှုနဲ့ အတူ ကိန်း၊ဆွန်၊ဘေးလ်အတွဲကသွင်းဂိုး(၂၄)ဂိုးနဲ့ဒီရာသီဥရောပရဲ့ အကောင်းဆုံးတိုက်စစ်အတွဲအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။

AZ-SportsGabar