နံနက်ပိုင်းအားကစားသတင်းတိုများ (၁၂.၁၁.၂၀၂၀)

အန်ဒိုရာကို (၇-ဝ)ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပေါ်တူဂီအသင်းရဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ တဂိုးပါဝင်သွင်းယူပေးခဲ့ပါတယ်။ စုစုပေါင်း (၁၀၂)ဂိုးအထိရှိလာပြီဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံအသင်းသွင်းဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုရဖို့ (၇)ဂိုးပဲလိုတော့တယ်လို့ သိရပါတယ်။

အိုင်ယာလန်ရီပတ်ဘလစ်ကို ကန်မယ့်ပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင်အနေနဲ့ ဂျူဘယ်လင်ဂမ်ကို ထည့်သွင်းကစားဖို့ရှိမရှိဆိုတဲ့ မေးခွန်းကိုဆောက်ဂိတ်က အခွင့်အရေးရရင်ပေးသွားမှာလို့ဆိုခဲ့ပါတယ်။ အကယ်လို့ ပွဲထွက်ကစားလိုက်တာနဲ့ ဘယ်လင်ဂမ်ဟာ အင်္ဂလန်ရဲ့တတိယမြောက် အသက်အငယ်ဆုံးလက်ရွေးစင်ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့နောက်ခံလူ ဂျိုးဂိုမက် အိုင်ယာလန်နဲ့ပွဲအတွက် ထရိန်နင်ဆင်းနေရင်း ဒူးဒဏ်ရာရခဲ့တာကြောင့် ဆိုးဆိုးရွားရွားမဖြစ်ဖို့ မျှော်လင့်နေရတယ်လို့သိရပါတယ်။ ကာလရှည်နားတာမျိုးမဖြစ်ဖို့မျှော်လင့်နေရပြီး၊ ဒဏ်ရာရနေတုန်းက အနားမှာဘယ်သူမှမရှိခဲ့တဲ့အတွက် ပိုဆိုးသွားခဲ့ကြောင့် နည်းပြဆောက်ဂိတ်ကပြောပါတယ်။

နယ်သာလန်အတွက် ကစားပေးနေရင်း ဘုန်းမောက်နောက်ခံလူ နသန်အကီဟာ ဒဏ်ရာရခဲ့ပါတယ်။ နယ်သာလန်နဲ့ စပိန်တို့ (၁-၁)သရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး၊ မန်စီးတီးအသင်းအတွက်တော့ နောက်တန်းပြဿနာအချို့ဝင်ရောက်လာပြီလို့ဆိုရမှာဖြစ်ပါတယ်။

နာမည်ကြီးတွေအများစုရှိနေတဲ့ ပြင်သစ်အသင်းကို ဖင်လန်အသင်းက (ဝ-၂)ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ခြေစမ်းပွဲကစားတာဖြစ်တဲ့အတွက် အနိုင်ရခဲ့တာဟာဖင်လန်အတွက် အကျိုးရှိခဲ့ပြီး၊ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံပွဲသုံးပွဲလုံး တဂိုးမှမပေးရဘဲ သုံးပွဲဆက်အနိုင်ရခဲ့မှုဖြစ်လာခဲ့ပါတယ်။

ဂျာမနီနဲ့ ချက်ရီပတ်ဘလစ်တို့ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် မန်စီးတီးကွင်းလယ်လူ ဂွမ်ဒိုဂန်က တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။ (၁-ဝ)နဲ့အနိုင်ရခဲ့ပြီး၊ လက်ရှိအချိန်မှာ (၂၀၁၉)စက်တင်ဘာလ (၆)ရက်နေ့ကတည်းက ဂျာမနီဟာ ရှုံးပွဲမရှိဖြစ်နေတဲ့အသင်းဖြစ်လာခဲ့ပါတယ်။

စပါးအသင်းက ဆွန်ယောင်မင်ကို စာချုပ်သစ်ကိစ္စအတွက် ပြောဆိုဆွေးနွေးမှုလုပ်နေပြီလို့သိရပါတယ်။ ဆွန်ယောင်မင်ရဲ့ လက်ရှိလစာထက်များပြားတဲ့ပမာဏနဲ့ကစားသမားကို ငါးနှစ်စာချုပ်အထိချုပ်ဆိုလိုနေတာဖြစ်ပြီး၊ အသင်းနဲ့ကစားသမားကြားညှိနှိုင်းနေဆဲပဲလို့ ဆိုပါတယ်။

AZ-SportsGabar