ဂျုဗင်က ပုတ်ထုတ်ချင်နေတဲ့ စီရော်နယ်ဒိုကို အိမ်ပြန်လာစေချင်နေတဲ့ယူနိုက်တက်

စီရော်နယ်ဒိုတစ်ယောက် ယူနိုက်တက်ကနေထွက်ခွာသွားတာဟာ (၁၀)စုနှစ်တစ်ကိုကျော်လွန်လာခဲ့ပါပြီ။ ဖာဂီရဲ့ပြုစုပျျိုးထောင်ပေးမှုတွေကြားမှာ စီရော်နယ်ဒိုရဲ့ကစားသမားဘဝဟာအလွန်တောက်ပလွန်းခဲ့ပြီးတော့ ဘလွန်းဒီအော်ဆုကို (၅)ကြိမ်အထိရရှိခဲ့ပြီး မက်ဆီပြီးရင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ ဘလွန်းဒီအော်ဆုကို အများဆုံးရတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ ကစားသမားဘဝအောင်မြင်မှုတွေဟာ ယူနိုက်တက်မှာ အစပြုခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့သွားချိန်မှာတော့ စီရော်နယ်ရဲ့ ကစားသမားဘဝတောက်ပမှုတွေက အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ရီးရဲလ်မှာ ဘလွန်းဒီအော်ဆု (၄)ကြိမ်အထိရခဲ့တာ၊ ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်(၅)ကြိမ်အထိရခဲ့တာတွေက စီရော်နယ်ဒိူရဲ့ ကစားသမားဘဝအတွက်အကောင်းဆုံးအမှတ်တရတွေဖြစ်နေခဲ့ပါတယ်။

လက်ရှိမှာတော့ စီရော်နယ်ဒိုတစ်ယောက် ဂျုဗင်တပ်မှာ ကစားလျက်ရှိနေပြီး အခုဆိုရင် ဂျုဗင်တပ်ကိုရောက်ရှိလာတာဟာ (၃)ရာသီမြောက်ထဲကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ရီးရဲလ်မှာလောက် ခြေစွမ်းတွေ မတောက်ပတော့ပေမဲ့ စီရော်နယ်ဒိုဟာထိပ်တန်းကစားသမားတစ်ယောက်အဖြစ် အားလုံးရဲ့ အထက်မှာ ရပ်တည်နိုင်နေတုန်းပါပဲ။

ဒါပေမဲ့ လက်ရှိမှာတော့ဂျုဗင်တပ်အသင်းဟာစီရော်နယ်ဒိုူကို ရောင်းချဖို့အလိုရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျုဗင်တပ်မှာ တစ်နှစ်လုပ်ခပေါင်(၂၈)သန်းအထိရရှိနေတာဖြစ်ပါတယ်။ဂျုဗင်တပ်အနေနဲ့ကိုဗစ်(၁၉)ရိုက်ခက်မှုအခြေအနေတွေကြောင့် အသင်းရဲ့ကုန်ကျစရိတ်တွေကိုလျော့ချဖို့လိုအပ်လာတဲ့အချိန်မှာ စီရော်နယ်ဒိုကိုရောင်းချလိုက်တာကသူတို့ရဲ့ကုန်ကျစရိတ်တွေကိုတော်တော်လေးသက်သာရာရောက်စေတယ်လို့ တွက်ချက်လာခဲ့ပါတယ်။

ဒီအခြေအနေမှာ ယူနိုက်တက်ကလည်း စီရော်နယ်ဒိုကိုအသင်းဆီပြန်လည်ခေါ်ဆောင်ဖို့အတွက် အလိုရှိနေတယ်လို့ သိရပြီး ပေါ်တူဂီနဲ့ မန်ချက်စတာက လာတဲ့ သတင်းတွေအရ ယူနိုက်တက်တို့ဟာစီရော်နယ်ဒိုကို အသင်းဆီပြန်ခေါ်ယူဖို့ အတွက်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုကသာ ယူနိုက်တက်ဆီပြန်လာဖို့ ဂျုဗင်တပ်ထံတောင်းဆိုခဲ့မယ်ဆိုရင် ဂျုဗင်တပ်ကလည်း စီရော်နယ်ဒိုနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပေးသွားဖွယ်ရှိနေပြီး၊

အဆင်ပြေခဲ့ရင်တော့ လာမယ့်နွေမှာ စီရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ရဲ့ ပြန်လည်ပေါင်းစည်းခန်းကို မြင်တွေ့သွားရဖွယ်ရှိနေပါတယ်။ဒါပေမဲ့ လက်ရှိသတင်းတွေအရ စီရော်နယ်ဒိုကိုခေါ်ယူဖို့ ပီအက်စ်ဂျီကလည်းအလိုရှိနေတာကြောင့် စီရော်နယ်ဒိုတစ်ယောက် အသင်းဟောင်းဆီပြန်မလား ပြင်သစ်မြေမှာ စိန်ခေါ်မှုအသစ်တွေကိုထပ်မံရှာဖွေသွားမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်လို့ဆိုရမှာပါ။

AZ-SportsGabar