အီတလီကလပ်ကသာ ရောင်းချမယ်ဆိုရင် NCM တိုက်စစ်ဖြစ်လာဖို့ရှိနေတဲ့ ပြင်သစ်ကလပ်

ပီအက်စ်ဂျီကလပ်ရဲ့ဥက္ကဌဖြစ်တဲ့ လီယိုနာဒိုက ဈေးကွက်ထဲမှာသာ စီရော်နယ်ဒိုက အပြောင်းအရွှေ့လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ပီအက်စ်ဂျီကခေါ်ယူဖို့ ရှိတယ်လို့ အံ့အာသင့်ဖွယ် ထုတ်ြပောလာပါတယ်။ PSGTV နဲ့ အင်တာဗျူးမှာ ဥက္ကဌပြောကြားခဲ့တဲ့ စကားကြောင့် ကောလာဟလတွေဆက်တိုက်ထွက်လာပြီး၊ အီတလီကလပ်စီးရီးအေဟာ စီရော်နယ်ဒိုကို ရောင်းချဖို့ပြင်နေပြီလို့ ဒေးလီးမေးကဖော်ပြခဲ့ပါတယ်။

(၂၀၁၈)ခုနှစ်မှာ စီရော်နယ်ဒိုကို တနှစ်လုပ်ခ ပေါင်(၂၈)သန်းနဲ့ခေါ်ခဲ့တဲ့ ဂျူဗင်တပ်ဟာ လတ်တလောဖြစ်နေတဲ့ ကိုဗစ်ကြောင့် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေပါတယ်။ မိုရာတာကို အပြီးသတ်ခေါ်ယူဖို့ပြင်နေပြီး၊ သွေးသစ်လောင်းမယ့်အပေါ် ရော်နယ်ဒိုဟာ အရောင်းစာရင်းထဲပါလာနိုင်ချိန်၊ ပီအက်စ်ဂျီ ဥက္ကဌက ချိန်သားကိုက်ဆိုသလို ဖွင့်ဟလာခဲ့ပါတယ်။

” ဒီနေ့ခေတ်ဘောလုံးလောကမှာ ဘာတွေဖြစ်လာမယ့်ဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး။ တော်ကြာ စီရော်နယ်ဒိုက အိပ်ရာကနိုးလာပြီး၊ ကျွန်တော်တနေရာမှာသွားကစားပြီး၊ ကစားချင်တယ်လို့ပြောရင်ဘယ်လိုလုပ်မလဲ။ စီရော်နယ်ဒိုကို ဘယ်သူဝယ်နိုင်လဲ။ အခုက ဈေးကွက်က ပိတ်နေတာ။ ပီအက်စ်ဂျီက ဈေးကွက်ထဲကိုဝင်လာမယ်”

” အဲဒီလိုခေါ်ဖို့ အခွင့်အရေးရလာမယ်။ ကျွန်တော်တို့က ဈေးကွက်မှာအဲဒီလိုခေါ်ဖို့အတွက် ပြောင်းလဲထားရမယ်။ ဒါက ကျွန်တော်တို့ လုပ်မယ့်ဟာပဲ။ ကျွန်တော်တို့မှာ ဦးစားပေးတွေရှိနေတယ်။ ခေါ်မယ့် စာရင်းရှိထားတယ်။ ဒါပေမဲ့ ဒီတခေါက်မှာတော့ တခါမှမမြင်ဖူးတဲ့ အပြောင်းအလဲတွေဖြစ်လာနိုင်ပါတယ်။ ” လို့ ပီအက်စ်ဂျီ ဥက္ကဌက ပြောကြားခဲ့ပါတယ်။

စီရော်နယ်ဒိုကို ဥပမာပေးပြီး၊ မထင်ထားတဲ့ အြပောင်းအရွှေ့ဖြစ်လာမယ်လို့ ပြောခဲ့တာက စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ နေမာကလည်း အသင်းမှာရှိနေချိန်၊ အမ်ဘာပေရှိနေတဲ့ ပီအက်စ်ဂျီဟာ ကမ္ဘာကျော်သုံးယောက်တွဲတဲ့ နေမာ၊ စီရော်နယ်ဒို၊ အမ်ဘာပေအတွဲတခုဖြစ်လာဖို့ ပရိသတ်တွေကမျှော်လင့်နေကြပြီး၊ ဖြစ်လာခဲ့ရင်တော့ ကမ္ဘာကျော် NCM အတွဲအသစ်ကိုမြင်လာရဖို့ရှိနေပါတယ်။

AZ-SportsGabar