ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲစဥ္မွာ ဘယ္သူအႏိုင္ရသြားမလဲ ခန္႔မွန္းလိုက္တဲ့ ေလာ္ရိုး

ယူရိုပါလိဂ္ဗိုလ္လုပြဲတုန္းက ခ်ဲလ္ဆီးအသင္းအႏိုင္ရသြားမယ္လို႔ ခန္႔မွန္းခဲ့တဲ့ ေလာ္ရိုးၾကီးတစ္ေယာက္၊ အခုလည္း ခ်န္ပီယံလိဂ္ဖိုင္နယ္ပြဲအတြက္ ေစာေစာစီးစီး ခန္႔မွန္းမႈ ျပဳလုပ္လိုက္ပါျပီ။

ပရီးမီးယားလိဂ္ကလပ္ႏွစ္သင္းေတြ႔ဆံုတဲ့ လီဗာပူးနဲ႔ စပါးအသင္းတို႕ရဲ႕ ပြဲစဥ္မွာ ခ်န္ပီယံလိဂ္ကို အႏိုင္ရသြားမယ့္ အဂၤလန္ကလပ္ကို ခန္႔မွန္းခဲ့ျပီး၊ ဂိုးမျပတ္သားတဲ့ အေျခအေနကိုပဲ ထပ္ခန္႔မွန္းေပးခဲ့ပါတယ္။

စပါးအသင္းကို လီဗာပူးအသင္းက (၁-၂)နဲ႔ အႏိုင္ရသြားမယ္လို႔ ေျပာခဲ့တဲ့အတြက္ တစ္ဂိုးအသာပဲ ေပးထားတာျဖစ္လို႔ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။ ယူရိုပါလိဂ္တုန္းကေတာ့ ခ်ဲလ္ဆီးကို (၃-၂)နဲ႔ ခန္႔မွန္းေပးရာမွာခ်ဲလ္ဆီးက (၄)ဂိုးရခဲ့ျပီး အာဆင္နယ္က (၁)ဂိုးရခဲ့တဲ့အတြက္ ဂိုးေပါင္းရလဒ္ (၅)ဂိုးကေတာ့ မွန္ခဲ့တယ္ဆိုရမွာပါပဲ။

ဘယ္အသင္းအႏိုင္ရသြားမလဲကေတာ့ လာမယ့္ (၂)ရက္ေန႔ည (၁)နာရီခြဲမွာ အေျဖေပၚမွာျဖစ္လို႔ မွန္မမွန္ကို ေစာင့္ၾကည္႔သြားရပါမယ္။

ေရႊရင္ေအး@SportsGabar

Unicode

ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ ဘယ်သူအနိုင်ရသွားမလဲ ခန့်မှန်းလိုက်တဲ့ လော်ရိုး

ယူရိုပါလိဂ်ဗိုလ်လုပွဲတုန်းက ချဲလ်ဆီးအသင်းအနိုင်ရသွားမယ်လို့ ခန့်မှန်းခဲ့တဲ့ လော်ရိုးကြီးတစ်ယောက်၊ အခုလည်း ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအတွက် စောစောစီးစီး ခန့်မှန်းမှု ပြုလုပ်လိုက်ပါပြီ။

ပရီးမီးယားလိဂ်ကလပ်နှစ်သင်းတွေ့ဆုံတဲ့ လီဗာပူးနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်မှာ ချန်ပီယံလိဂ်ကို အနိုင်ရသွားမယ့် အင်္ဂလန်ကလပ်ကို ခန့်မှန်းခဲ့ပြီး၊ ဂိုးမပြတ်သားတဲ့ အခြေအနေကိုပဲ ထပ်ခန့်မှန်းပေးခဲ့ပါတယ်။

စပါးအသင်းကို လီဗာပူးအသင်းက (၁-၂)နဲ့ အနိုင်ရသွားမယ်လို့ ပြောခဲ့တဲ့အတွက် တစ်ဂိုးအသာပဲ ပေးထားတာဖြစ်လို့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ယူရိုပါလိဂ်တုန်းကတော့ ချဲလ်ဆီးကို (၃-၂)နဲ့ ခန့်မှန်းပေးရာမှာချဲလ်ဆီးက (၄)ဂိုးရခဲ့ပြီး အာဆင်နယ်က (၁)ဂိုးရခဲ့တဲ့အတွက် ဂိုးပေါင်းရလဒ် (၅)ဂိုးကတော့ မှန်ခဲ့တယ်ဆိုရမှာပါပဲ။

ဘယ်အသင်းအနိုင်ရသွားမလဲကတော့ လာမယ့် (၂)ရက်နေ့ည (၁)နာရီခွဲမှာ အဖြေပေါ်မှာဖြစ်လို့ မှန်မမှန်ကို စောင့်ကြည့်သွားရပါမယ်။

ရွှေရင်အေး@SportsGabar