ဒီရာသီပရီးမီးယားလိဂ်ရဲ့နေရာအလိုက်အကောင်းဆုံးကစားသမား(၁၀)ဦး

ပရီးမီးယားလိဂ်ဘောလုံးပရိသတ်တွေဟာ လက်ရှိဘောလုံးရာသီပြီးဆုံးလာတဲ့ အထိ နေရာအလိုက်အကောင်းဆုံး ကစားသမားတွေကိုမဲပေးရွေးချယ်ပေးခဲ့ကြပါတယ်။ဘီဘီစီကနေပြီးတော့ နေရာအလိုက်အကောင်းဆုံး ကစားသမားတွေကို ပရိသတ်တွေထံ မဲပေးရွေးချယ်စေခိုင်းခဲ့ရာမှာတော့ နာမည်ကြီးကစားသမားအချို့က ဒီစာရင်းမှာ ပါဝင်လာမလာခဲ့တာကိုတွေ့ခဲ့ရပါတယ်။

လက်ရှိပရီးမီးယားလိဂ်ပွဲစဉ်(၈)ပြီးဆုံးသည်အထိနေရာအလိုက်အကောင်းဆုံးကစားသမားစာရင်းမှာ ဂိုးသမားနေရာအတွက်အကောင်းဆုံးကစားသမားကတော့ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားသစ် မန်ဒီက စွမ်းဆောင်ရည်အဆင့်သက်မှတ်(၇.၂၅)နဲ့ ပထမနေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။လီဗာပူးလ်က အလီဆန်ကတော့ တတိယနေရာမှာရှိနေခဲ့ပြီး ယူနိုက်တက်က ဂိုးသမားဒီဂီယာကတော့အဆင့် (၁၀)အတွင်းတောင်ဝင်လာခဲ့ခြင်းမရှိပါဘူး။

အစွန်နောက်ခံနေရာအတွက်အကောင်းဆုံးကစားသမားအဖြစ် ပရိသတ်တွေရွေးချယ်ပေးခဲ့တဲ့ သူကတော့ လက်စတာအသင်းရဲ့ အစွန်နောက်ခံကစားသမား ခရစ္စတီယန်ဖက်ချ်က စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက် (၇.၃၃)နဲ့ အကောင်းဆုံးကစားသမားအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ချဲလ်ဆီးက ဘန်ချီဝဲလ်ကတော့ အဆင့်(၇)နေရာမှာရပ်တည်နေပြီး၊ယူနိုက်တက်က ဘစ်ဆာခါ၊ လီဗာပူးလ်ကအာနိုးတို့ဟာ အဆင့်(၁၀)အတွင်းမှာတောင်ပါလာခဲ့ခြင်းမရှိပါဘူး။

ဗဟိုနောက်ခံနေရာအတွက် အကောင်းဆုံးကစားသမားကတော့ ဆောက်သမ်တန်အသင်းရဲ့နောက်ခံကစားသမား ဂျမ်းနစ် ဗတ်စတာဂတ်က စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက် (၇.၃၄)နဲ့ ထိပ်ဆုံးမှာရပ်တည်လျက်ရှိနေပါတယ်။အသင်းကြီးတွေထဲက ချဲလ်ဆီးနောက်ခံလူသီယာဂိုဆေးလ်ဗားကတော့ အဆင့်(၇)နေရာကနေပြီးတော့ ပါဝင်လာခဲ့ပါတယ်။

ကွင်းလယ်ခံစစ်နေရာအတွက် အကောင်းဆုံးကစားသမားကိုတော့ဆောက်သမ်တန်က ဂျိမ်းစ်ဝက်ဒ်ပရော့က်စ်က စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက်(၇.၂၄)နဲ့ ထိပ်ဆုံးကနေပြီးတော့ ရွေးချယ်ခံခဲ့ရပါတယ်။ကွင်းလယ်တိုက်စစ်နေရာအတွက်ပရိသတ်တွေမဲပေးရွေးချယ်ခဲ့တဲ့ အကောင်းဆုံးကစားသမားကတော့ အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဂရီလစ်ကိုမဲပေးရွေးချယ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဂရီလစ်ရဲ့နောက်မှာတော့ စပါးကဆွန်ဟောင်မင်၊ အဲဗာတန်က ဂျိမ်းစ်ရိုဒရီဂွတ်၊ လက်စတာက မတ်ဒီဆင်တို့က အစဉ်လိုက်ရပ်တည်နေပြီး၊ ယူနိုက်တက် ဖာနန်ဒက်စ်ကတော့ ထိပ်ဆုံး(၁၀)ဦးစာရင်းထဲမှာတောင်ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ တိုက်စစ်နေရာအတွက်အကောင်းဆုံးကစားသမားကတော့ဆောက်သမ်တန်အသင်းရဲ့တိုက်စစ်မှူးဒန်နီအင့်က စွမ်းဆောင်ရည်အဆင့်သက်မှတ်ချက် (၇.၇၅)နဲ့ အဆင်(၁)နေရာမှာရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေမဲပေးရွေးချယ်ခဲ့ကြတဲ့ ဒီရာသီရီးမီးယားလိဂ်ရဲ့ နေရာအလိုက်အကောင်းဆုံးကစားသမား(၁၀)ဦးစာရင်းမှာ နာမည်ကြီးကစားသမားတော်တော်များများမပါလာခဲ့တာကတော့အံ့အားသင့်စရာကောင်းတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

AZ-SportsGabar