နံနက်ပိုင်းအားကစားသတင်းတိုများ (၁၁.၁၁.၂၀၂၀)

အက်ဖ်အေဥက္ကဌဖြစ်တဲ့ ဂရတ် ကလာ့ခ်ဟာ လက်ရှိမှာ ဥက္ကဌရာထူးကနေ ဆင်းပေးလိုက်ပြီလို့သိရပါတယ်။ လူမျိုးရေးခွဲခြားတဲ့စကားလုံးပါဝင်တဲ့ အသုံးအနှုန်းတွေနဲ့အတူ ဘောလုံးသမားတွေကို ပြောဆိုခဲ့တဲ့စကားတွေကြောင့် ဝေဖန်မှုတွေမြင့်တက်လာအပြီးမှာ ကိုယ်တိုင်ကပဲ ရာထူးကနေ နှုတ်ထွက်ပေးခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အင်္ဂလန်လက်ရွေးစင် အက်စတွန်ဗီလာ ကစားသမား တိုင်ရွန်မင်းက လူမည်း အမျိုးသား ဒါမှမဟုတ် အမျိုးသမီး အက်ဖ်အေဥက္ကဌကိုခန့်အပ်သင့်ပြီး၊ တန်းတူညီမျှမှုရှိရေးအတွက် အခုလိုအကြီးပိုင်းတွေကို လုပ်ဆောင်ပေးသင့်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

တံကောက်ကြော ဒဏ်ရာရခဲ့တဲ့ လုခ်ရှောဟာ မန်ယူအသင်းလူစာရင်းကနေ တလလောက်အနားယူရမယ်လို့ သိရပါတယ်။ အဲဗာတန်နဲ့ပွဲကစားချိန်မှာ လူစားလဲတုန်းက ရထားတဲ့ ဒဏ်ရာကြောင့်ဖြစ်ပြီး၊ ပွဲဆက်များတဲ့ဒဏ်ကြောင့် ဖြစ်သွားတာလို့ ဆိုးလ်ရှားကမှတ်ချက်ပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးပိုင်းခေါင်းဆောင်တွေကတော့ နည်းပြတွေက တောင်းဆိုလာခဲ့ရင်တောင် လူစားငါးဦးလဲပေးမယ့် စည်းမျဉ်းကိုပြောင်းလဲဖို့ စိတ်ကူးမရှိဘူးလို့ အသိပေးလိုက်ပါတယ်။ လက်ရှိသွားနေတဲ့အတိုင်း သုံးဦးပဲလဲရမှာဖြစ်တယ်လို့ သတင်းထွက်လာတဲ့အပေါ် တုံ့ပြန်ခဲ့ပါတယ်။

ပရိသတ်တွေထင်မထားတဲ့ အပြောင်းအရွှေ့အနေနဲ့ ဂျူဗင်တပ်-ပီအက်စ်ဂျီကြား စီရော်နယ်ဒို အပြောင်းအရွှေ့ကို မြင်လာရနိုင်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး၊ မက်ဆီကိုပါ လာမယ့်နှစ်မှာ အလွတ်ပြောင်းကြေးနဲ့ခေါ်ကာ ကမ္ဘာကျော်တွေကို စုဖို့ပြင်ဆင်နေပါတယ်။

ဝုဗ်အသင်းက ပေါင် (၃၅.၆)သန်းအထိသုံးပြီးခေါ်ထားတဲ့ တိုက်စစ်မှူး ဖေဘီယိုဆေးလ်ဗားဟာ ဝုဗ်ယူ (၂၁)မှာ ပွဲဦးထွက်မှာပဲ ခြေစွမ်းပြနှစ်ဂိုးသွင်းခဲ့ပါတယ်။ အသက် (၁၈)နှစ်ပဲရှိသေးပေမဲ့ ကမ္ဘာ့ထိပ်တန်းဖြစ်လာဖို့ သတ်မှတ်ခံထားရတဲ့ ဖေဘီယို ဆေးလ်ဗားဟာ မကြာခင်မှာအသင်းကြီးကိုရောက်လာဖို့ အစီအစဉ်ရှိနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

AZ-SportsGabar