စူပါကွန်ပြူတာရဲ့တွက်ချက်မှုအရ ဒီရာသီပရီးမီးယားလိဂ်ဖလားက ဘယ်သူ့အတွက်လဲ

စူပါကွန်ပြူတာကတွက်ချက်ခန့်မှန်းပေးလိုက်တာကတော့ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံံဆုကို လီဗာပူးလ်အသင်းကပဲ ထပ်မံပြီးတော့ရရှိသွားလိမ့်မယ်ဆိုတာပါပဲ။ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့သရေပွဲစဉ်အပြီးမှာအဆိုပါခန့်မှန်းချက်ကိုတွက်ချက်ခန့်မှန်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးနဲ့ လီဗာပူးလ်တို့(၂)သင်းထဲသာယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး၊

လီဗာပူးလ်က နောက်ဆုံးမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာပါ။ဒီရာသီမှာတော့ လီဗာပူးလ်က ပြီးခဲ့တဲ့ ရာသီကလောက်ကောင်းမွန်တဲ့ စတင်မှုတွေရှိမထားခဲ့ပေမဲ့ ပုံမှန်ခြေစွမ်းနဲ့ ရလဒ်ကောင်းတွေရယူထားနိုင်ခဲ့ကာ လက်ရှိမှာတော့ အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။စူပါကွန်ပြူတာက လက်ရှိအဆင့်(၁၀)နေရာမှာရပ်တည်လျက်ရှိနေတဲ့ မန်စီးတီးကိုတော့ အဆင့်(၂)နဲ့ ရာသီသိမ်းမယ်လို့ခန့်မှန်းတွက်ချက်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်း ကစားသမားအင်အားဖြည့်တင်းမှုတွေများစွာပြုလုပ်ထားခဲ့ပေမဲ့ ထင်သလောက်ရလဒ်ကောင်းတွေယူမပြထားနိုင်တဲ့ ချဲလ်ဆီးကိုတော့ အဆင့်(၃)နဲ့ရာသီသိမ်းမယ်လို့ခန့်မှန်းထားခဲ့ပါတယ်။ မော်ရင်ဟိုလက်ထက်ပုံစံကောင်းတွေပြသနေတဲ့ စပါးကိုတော့ အဆင့်(၄)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားမယ်လို့ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

လက်ရှိအဆင့်(၁)နေရာမှာ ရပ်တည်လျက်ရှိနေတဲ့ လက်စတာကိုတော့ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်တောင်အခြေအနေမရှိပဲ အဆင့်(၅)နဲ့ ရာသီသိမ်းမယ်လို့ခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။အာတီတာလက်အောက်မှာပုံစံကောင်းတစ်ချို့ပြသထားနိုင်ခဲ့တဲ့ အာဆင်နယ်ကိုတော့ အဆင့်(၆)နဲ့ ဘောလုံးရာသီသိမ်းနိုင်လိမ့်မယ်လို့ခန့်မှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီလက်အောက်မှာ ဂျိမ်းရိုဒရီဂွတ်ပါဝင်လာမှုနဲ့အတူတောက်ပလျက်ရှိနေတဲ့ အဲဗာတန်အသင်းကိုတော့ ရာသီကုန်မှာ အဆင့်(၇)နဲ့ ရာသီသိမ်းနိုင်မယ်လို့ခန့်မှန်းခဲ့ပါတယ်။ လက်ရှိဆိုးလ်ရှားလက်အောက် အခြေအနေတွေမမှန်တဲ့ ယူနိုက်တက်ကိုတော့ ချန်ပီယံလိဂ်တောင်ဝင်ခွင့်မရပဲ အဆင့် (၈)နေရာနဲ့ ရာသီသိမ်းနိုင်မယ်လို့ စူပါကွန်ပြုူတာက တွက်ချက်ခန့်မှန်းပေးသွားခဲ့ပါတယ်။

AZ-SportsGabar