ဒေါ့မွန်မှာ ခြေစွာလွန်းနေတာကြောင့် အင်္ဂလန်အသင်းကြီးကို ခေါ်ခံလိုက်ရတဲ့ ဘယ်လင်ဂမ်

ဂျတ် ဘယ်လင်ဂမ်ကို အင်္ဂလန်အသင်းကြီးလူစာရင်းမှာ ခေါ်လိုက်ပြီလို့သိရပါတယ်။ အသက် (၁၇)နှစ်နှစ်ပဲ ရှိသေးတဲ့ ဒေါ့မွန်ကစားသမားကို အင်္ဂလန်ရဲ့လစ်လပ်သွားတဲ့ လူစာရင်းနေရာမှာ ချိန်သားကိုက်အစားထိုးခဲ့တာဖြစ်ပြီး၊ ယူ(၂၁)ကနေ လက်ရွေးစင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးနောက်ခံလူ အလက်ဇန်းဒါးအားနိုးတယောက် ဒဏ်ရာရသွားချိန်မှာပါ။

ဘယ်လင်ဂမ်က နွေရာသီကမှ ဒေါ့မွန်ကိုရောက်သွားခဲ့တာဖြစ်ပြီး၊ အသင်းအတွက် ပွဲထွက် (၁၁)ပွဲပဲ ကစားရသေးတဲ့ လူငယ်လေးဖြစ်ပါတယ်။ နိုဝင်ဘာ ၁၂ နဲ့ ၁၈ ရက်အတွင်း အိုင်ယာလန် ရီပတ်ဘလစ်၊ အိုက်စလန်၊ ဘယ်လ်ဂျီယမ်အသင်းတွေနဲ့ ကစားရမယ့်ပွဲတွေအပေါ် လူရွေးခဲ့ချိန် ဘယ်လင်ဂမ်ပါဝင်လာခဲ့ပါတယ်။ မှတ်တမ်းအရ ဘယ်လင်ဂမ်ကစားတာနဲ့ အင်္ဂလန်ရဲ့တတိယမြောက်အငယ်ဆုံး ကစားသမားဖြစ်လာမှာပါ။

လက်ရှိမှာ အင်္ဂလန်ရဲ့အသက်အငယ်ဆုံးစံချိန်ရှင်တွေက ဝဲလ်ကော့နဲ့ ရွန်းနီ အစဉ်လိုက်အနေနဲ့ ရှိနေပါတယ်။ ဘယ်လင်ဂမ်အခုလို လက်ရွေးစင်ဖြစ်လာတာက မြန်ဆန်လွန်းခဲ့တယ်ဆိုရမှာပါ။ (၂၀၁၉)မှာမှ ဘယ်လင်ဂမ်တယောက် ဘာမင်ဂမ်နဲ့အတူ (၄၄)ပွဲကစားပြီး ခြေစွမ်းပြခဲ့ချိန်မှာ ဈေးကွက်အတွင်း အပြိုင်လုခဲ့ကြပါတယ်။ ဒေါ့မွန်က ဦးသွားခဲ့ကာ စံချိန်တင်ဈေးသုံးခဲ့ပါတယ်။

အသင်းကြီးအတွက် (၄၄)ပွဲပဲ ကစားရသေးတဲ့ ကစားသမားကို ပေါင်သန်း (၃၀)လောက် ပမာဏတန်ကြေးရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ခဲ့တာဖြစ်ပါတယ်။ သြဂုတ်လမှာ အင်္ဂလန်ယူ (၂၁)အတွက် အသက်အငယ်ဆုံးစံချိန်တင်ကစားသမားအဖြစ် ပွဲထွက်ပြီး စံချိန်တင်ခဲ့ပါတယ်။ ကိုဆိုဗိုနဲ့ကန်တဲ့ စက်တင်ဘာလ (၄)ရက်နေ့မှာဖြစ်ပါတယ်။

တဖက်မှာတော့ အခုလို ယူ(၂၁)ကနေ အသင်းကြီးကိုဘယ်လင်ဂမ် ရောက်သွားတဲ့အတွက် ယူ(၂၁)မှာ မျက်နှာသစ်ကစားသမားတွေ ဆက်တိုက်ထည့်လာခဲ့ပြန်ပါတယ်။ အဲဗာတန်ရဲ့နောက်တန်းစုံတွဲဖြစ်တဲ့ တွန်ဒေးဗီးစ်နဲ့ ဂေါ့ဒ်ဖရေး၊ နောဝှစ်ချရဲ့ မက်စ်အာရွန်တို့ပါ တဖြည်းဖြည်း ယူ(၂၁)ကို ရောက်လာခဲ့ကာ အသင်းကြီးကို ကူးပြောင်းဖို့ ဖြစ်လာခဲ့ပါတယ်။

AZ-SportsGabar