VARကိုသာအသုံးမပြုခဲ့ရင် ဒီရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားက ဘယ်လိုဖြစ်နေမလဲ

ဘောလုံးပွဲတွေမှာနည်းပညာအထောက်အကူအဖြစ် VARကိုအသုံးပြုလာခဲ့တာဟာဘောလုံးရာသီတစ်ခုကို ကျော်လွန်လာခဲ့ပြီပဲဖြစ်ပါတယ်။လက်ရှိအချိန်အထိတော့ ဗာနဲ့ ပတ်သက်ပြီးအငြင်းပွားမှုတွေကတော့ရှိနေဆဲပဲဖြစ်ပါတယ်။ဒါ့အပြင် ဒီနေ့အချိန်အထိတော့ ဗာဟာ ဘောလုံးပွဲတွေရဲ့ ရသကို ပိုမိုလိုစေဖို့ မှန်ကန်တဲ့ နည်းပညာအကုအညီတစ်ခုဖြစ်ရဲ့လားဆိုတာလည်း ပြောရခက်နေတုန်းပါပဲ။ ဆိုတော့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗာကိုအသုံးမပြုခဲ့ဘူးဆိုရင် အသင်းတွေရဲ့ ရပ်တည်မှုက ဘယ်လိုတွေရှိနေမလဲ တစ်ချက်ကြည့်လိုက်ကြရအောင်။

(၂၀)ရှက်ဖီး။ ။လက်ရှိတစ်မှတ်သာရထားတဲ့ ရှက်ဖီးတို့ဟာ ဗာကိုသာအသုံးမပြုခဲ့ဘူးဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပြီးဆုံးချိန်မှာတစ်မှတ်ရရှိတော့မှမဟုတ်ပဲ အမှတ်(ဝ)နဲ့ ဇယားအောက်ဆုံးမှာရပ်တည်နေမှာပါ။(၁၉)ဘန်လေ။ ။လက်ရှိရမှတ်(၂)မှတ်ရထားတဲ့ ဘန်လေကတော့ ဗာကိုအသုံးမပြုခဲ့ရင်တောင် ရမှတ်ကပြောင်းလဲသွားမှာတော့မဟုတ်ပဲ (၂)မှတ်အတိုင်းနဲ့ အဆင့်(၁၉)နေရာမှာပဲရှိနေမှာပါ။(၁၈)ဝက်ဘရွန်း။ ။ဝက်ဘရွန်းကလည်း ဘန်လေနည်းတူပါပဲ။ ဒီရာသီ ဗာကြောင့် ဘာအကျိုးအမြတ်မှမရှိထားသလို ဘာဆိုးကျိုးမှလည်းရှိမထားပဲ ရမှတ်(၃)မှတ်နဲ့ အဆင့်(၁၈)နေရာမှာပဲရပ်တည်နေမှာပါ။

(၁၇)ဖူဟမ်။ ။လက်ရှိရမှတ်(၄)မှတ်ရရှိထားတဲ့ ဖူဟမ်ဟာဗာကိုသာ အသုံးမပြုခဲ့ဘူးဆိုရင်လက်ရှိရမှတ်ထက်(၂)မှတ်ပိုလာမှာဖြစ်ပြီး အဆင့်ကတော့မပြောင်းလဲပဲ (၁၇)မှာပဲရပ်တည်နေမှာပါ။(၁၆)ဘရိုက်တန်။ ။ရမှတ်(၆)မှတ်ရထားတဲ့ဘရိုက်တန်ဟာဗာကို သာအသုံးမပြုခဲ့ဘူးဆိုရင် ရမှတ်(၈)မှတ်အထိရရှိလာမှာပဲဖြစ်ပါတယ်။(၁၅)ယူနိုက်တက်။ ။လက်ရှိအဆင့်(၁၄)မှာ ရမှတ်(၁၀)မှတ်နဲ့ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာဗာကိုသာအသုံးမပြုခဲ့ဘူးဆိုရင် ရမှတ်(၈)မှတ်နဲ့ အဆင့်(၁၅)နေရာမှာရပ်တည်နေမှာပါ။(၁၄)နယူးကာဆယ်။ ။လက်ရှိရမှတ်(၁၁)မှတ်ရရှိထားတဲ့ ကာဆယ်ဟာ ဗာကိုသာအသုံးမပြုခဲ့ရင်၊

ရမှတ်(၁၀)မှတ်နဲ့အဆင့်(၁၄)နေရာမှာရှိနေမှာဖြစ်ပါတယ်။(၁၃)အဲဗာတန်။ ။လက်ရှိရမှတ်(၁၃)မှတ်ရရှိထားတ့ဲအဲဗာတန်ဟာလည်း ဗာကိုသာအသုံးမပြုခဲ့ဘူးဆိုရင် ရမှတ်(၁၀)မှတ်သာရရှထားတော့မှာဖြစ်ပါတယ်။(၁၂) လိဒ်။ ။လက်ကလည်း ဗာကြောင့်ဘာအကျိုးသက်ရောက်မှုမှမရှိထားတဲ့အသင်းဖြစ်ပြီးရမှတ်(၁၀)မှတ်နဲ့ အဆင့်(၁၂)နေရာမှာရှိနေမှာပါ။(၁၁)ဝက်စ်ဟမ်း။ ။လက်ရှိအဆင့် (၁၂)နေရာမှာ ရမှတ်(၁၁)မှတ်နဲ့ရပ်တည်နေတဲ့ ဝက်စ်ဟမ်းဟာ ဗာကြောင့် ဘာအကျိုးသက်ရောက်မှုမှမရှိထားခဲ့ပေမဲ့ပြိုင်ဘက်အသင်းတွေရဲ့ ဗာအကျိုးသက်ရောက်မှုတွေကြောင့် အဆင့်(၁၂)ကနေ(၁၁)ကိုရောက်ရှိလာမှာဖြစ်ပါတယ်။

(၁၀)အာဆင်နယ်။ ။လက်ရှိအဆင့်(၁၁)နေရာမှာရှိနေတဲ့ အာဆင်နယ်ကလည်း ဗာကြောင့် ဘာအကျိုးသက်ရောက်မှုမှမရှိထားခဲ့ပေမဲ့ ပြိုင်ဘက်အသင်းတွေရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ရမှတ်(၁၂)မှတ်နဲ့ အဆင့်(၁၀)နေရာကိုရောက်ရှိလာမှာဖြစ်ပါတယ်။(၉)မန်စီးတီး။ ။မန်စီးတီးဟာလည်း ဗာကြောင့် အကျိုးသက်ရောက်မှုမရှိထားခဲ့ပေမဲ့ ပြိုင်ဘက်အသင်းတွေရဲ့ပြောင်းလဲသွားတဲ့ ရပ်တည်ချက်တွေကြောင့် အဆင့်(၉)နေရာကိုရောက်ရှိနေမှာဖြစ်ပါတယ်။(၈)ဝုဗ်။ ။လက်ရှိရမှတ်(၁၃)မှတ်ရရှိထားပြီး ဗာသာမပါခဲ့ရင် ရမှတ်က (၁၄)မှတ်အထိရှိနေမှာဖြစ်ပါတယ်။

(၇)ပဲလေ့။ ။လက်ရှိရမှတ်(၁၃)မှတ်နဲ့ ဗာသာမပါခဲ့ရင် ရမှတ်(၁၄)မှတ်အထိရရှိနေခဲ့မှာဖြစ်ပါတယ်။(၆)ဗီလာ။ ။လက်ရှိအဆင့်(၆)နေရာမှာ ရမှတ်(၁၅)မှတ်နဲ့ ရပ်တည်နေတဲ့ ဗီလာတို့ဟာဗာမပါခဲ့ရင်လည်း ရမှတ်ရော အဆင့်ပါပြောင်းလဲမှုရှိလာမှာမဟုတ်ပါဘူး။(၅)ချဲလ်ဆီး။ ။ချဲလ်ဆီးဟာလည်း ရမှတ်(၁၅)မှတ်ရရှိထားခဲ့ပြီး ဗာမပါခဲ့ရင်လည်း ရမှတ်ရော ရပ်တည်မှုပါပြောင်းလဲသွားမှာမဟုတ်ပါဘူး။(၄)ဆောက်သမ်တန်။ ။ဆောက်သမ်တန်ကလည်း ရမှတ်(၁၆)မှတ်ရရှိထားခဲ့ပြီး ဗာသာမပါခဲ့ရင်လည်း လက်ရှိအတိုင်းပဲရှိနေမှာဖြစ်ပါတယ်။

(၃)လက်စတာ။ ။လက်ရှိဇယားထိပ်မှာရမှတ်(၁၈)မှတ်နဲ့ရှိနေတဲ့ လက်စတာဟာဗာသာမပါခဲ့ရင်ရမှတ်(၂)မှတ်လျော့နည်းသွားမှာဖြစ်ပြီး၊ အဆင့်(၃)နေရာမှာရပ်တည်နေရမှာပါ။(၂)စပါး။ ။စပါးကလည်းရမှတ်(၁၇)မှတ်နဲ့ ဗာမပါလည်း ပြောင်းလဲမှုမရှိပဲ အဆင့်(၂)နေရာမှာရပ်တည်နေမှာဖြစ်ပါတယ်။ (၁)လီဗာပူးလ်။ ။လက်ရှိရမှတ်(၁၇)မှတ်နဲ့ အဆင့်(၃)နေရာမှာရပ်တည်နေပြီး၊ ဗာသာမပါခဲ့ရင် ရမှတ်(၁၉)မှတ်နဲ့ အဆင့်(၁)နေရာမှာရပ်တည်လျက်ရှိနေပါတယ်။

AZ-SportsGabar