ဇန်နဝါရီမှာ ကစားသမား(၃)ဦးကို အငှားချဖို့ပြင်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်တို့ဟာ အကယ်ဒမီအသင်းရဲ့ ကစားသမားလေး (၃)ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမားလေး ဂဲဘရေ့၊ ပိုင်မယ်လ်နဲ့ အဏါနောက်ခံကစားသမားလေး အီသန်လိုက်ဒ်(၃)ဦးကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အငှားချဖို့အတွက်ပြင်ဆင်လျက်ရှိနေတယ်လို့သိရပါတယ်။မန်ချက်စတာညနေခင်းသတင်းဌာနကနေပြီးတော့အဆိုပါသတင်းကိုပြောကြားခဲ့တာဖြစ်ပြီး၊

သတင်းတွေရဲ့ဖော်ပြချက်အရ အဆိုပါအသက်(၁၉)နှစ်သာရှိနေကြသေးတဲ့ ဂဲလ်ဘရေ့၊ ပိုင်မယ်လ်၊ အီသန်လိုက်ဒ်တို့(၃)ဦးလုံးဟာ ပြီးခဲ့တဲ့ နွေရာသငီအပြောင်းအရွှေ့ဈေးကွက်ထဲမှာကတည်းက ယူနိုက်တက်ကနေအငှားနဲ့ထွက်ခွာဖို့နီးစပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ဒဏ်ရာပြဿနာတွေအသီးသီးရှိနေခဲ့တာကြောင့် ယူနိုက်တက်ကနေအငှားနဲ့ထွက်ခွာမယ့် အခြေအနေတွေဟာဖြစ်မလာခဲ့ပါဘူး။

အီသန်လိုက်ဒ်၊ ပိုင်မယ်လ်တို့တို့ဟာဒူးဒဏ်ရာအသေးစားလေးတွေရှိခဲ့ကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလကမှပြန်လည်ပြီးတော့သက်သာလာခဲ့တာဖြစ်ပါတယ်။ ဂဲလ်ဘရေ့အနေနဲ့လည်း ဒဏ်ရာပြဿနာအချို့ရှိနေခဲ့တာကြောင့်ယခုလအစောပိုင်းကမှ ယူနိုက်တက်ယူ(၂၃)အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဂဲလ်ဘရေ့နဲ့ ပိုင်မယ်လ်တို့ဟာ အဲဗာတန် ယူ(၂၃)အသင်းနဲ့ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့

ယူနိုက်တက်ယူ(၂၃)အသင်းမှာ ပါဝင်ခဲ့ကြပြီး ခြေစွမ်းပြကစားနိုင်ခဲ့ကြပါတယ်။ ဒီကစားသမား(၃)ဦးလုံးဟာ ယူနိုက်တက်အသင်းကြီးနဲ့ အတူ လေ့ကျင့်ခန်းဆင်းခဲ့ကြတဲ့သူတွေဖြစ်ပြီး၊ အတွေ့အကြုံသစ်တွေရရှိဖို့အတွက် အငှားချဖို့ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဂဲလ်ဘရေ့ဟာ ဘာစီလိုနာ ဂန္ထဝင်ကစားသမားကြီးတွေံဖြစ်ကြတဲ့ ဇာဗီ၊ အင်နီယေစတာတို့နဲ့ နှိုင်းယှဉ်ခံနေရတဲ့ သူတစ်ယောက်ပြီး၊ ပြီးခဲ့တဲ့ ရာသီတုန်းက ယူရိုပါလိဂ်ပွဲစဉ်အချို့မှာ ယူနိုက်တက်အသင်းကြီးအတွက် ပါဝင်ခွင့်ရခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်နဲ့ (၃)နှစ်စာချုပ်သစ်ချုပ်ဆိုထားပြီးအလားအလာရှိတဲ့ ကစားသမားတစ်ယောက်အဖြစ်သက်မှတ်ခံထားရပါတယ်။အီသန်လိုက်ဒ်ကလည်း ယူနိုက်တက်အသင်းကြီးအတွက်ပါဝင်ကစားပေးထားခဲ့ပြီး လက်ရှိမတော့ အတွေ့အကြုံအသစ်တွေအတွက် အငှားကစားသမားဘဝနဲ့ ယူနိုက်တက်ကနေထွက်ခွာကြဖို့ရှိလာပြီပဲဖြစ်ပါတယ်။

AZ-SportsGabar