ေနမာကိုျပန္လည္ေခၚယူဖို႔တိုက္တြန္းခ့ဲတ့ဲ ဘာစီလိုနာကစားသမားေဟာင္းရီဗယ္ဒို

ဘာစီလိုနာအသင္းရဲ႕ကစားသမားေဟာင္း ရီဗယ္ဒိုက ဘာစီလိုနာအေနနဲ႔ အက္သလက္တီကိုအသင္းရဲ႕တိုက္စစ္မွဴး ဂရစ္မန္းကိုေခၚယူမယ့္အစား ပီအက္စ္ဂ်ီအသင္းကိုရဲ႕တိုက္စစ္မွဴး ေနမာကို ျပန္လည္ေခၚယူသင့္တယ္လို႔ အၾကံဳျပဳေျပာဆိုသြားခ့ဲပါတယ္။

ေနမာဟာ (၂၀၁၇)ခုႏွစ္က ဘာစီလိုနာအသင္းကေန ပီအက္စ္ဂ်ီအသင္းကိုကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေျပာင္းေရႊ႕ခ့ဲတာျဖစ္ပါတယ္။ ဒါေပမ့ဲ ေနမာရဲ႕ပီအက္စဂ်ီကစားသမားဘ၀ဟာ ထင္ထားသလိုမလွပခ့ဲပဲ ဒဏ္ရာျပႆနာေတြ၊ အျခားေသာပုဂၢဳိလ္ေရးျပႆနာေတြနဲ႔ ျပင္သစ္ေျမမွာ ေနမာတစ္ေယာက္ရုန္းကန္ေနခ့ဲရတာပဲျဖစ္ပါတယ္။

ေနမာဟာ ပီအက္စ္ဂ်ီမွာ လီဂူးတစ္ဖလားႏွစ္လံုးအပါအ၀င္ စုစုေပါင္းဖလားေလးလံုးရရွိခ့ဲပါတယ္။ ဒါေပမ့ဲ ဒီေအာင္ျမင္မႈဟာ ဘာစီလိုနာမွာရရွိခ့ဲတ့ဲေအာင္ျမင္မႈေတြနဲ႔ယွဥ္ရင္ ဘာမွ ေျပာေလာက္စရာေအာင္ျမင္မႈေတြမဟုတ္ပါဘူး။ ေနမာက ဘာစီလိုနာမွာ လာလီဂါအမွတ္ေပးဖလားကိုႏွစ္ၾကိမ္၊ ခ်န္ပီယံလိဂ္ဖလားတစ္ၾကိမ္နဲ႔ ကိုပါဒယ္ေရးဖလားကိုသံုးၾကိမ္အထိရရွိခ့ဲတ့ဲသူလည္းျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြမွာ ျပင္သစ္တိုက္စစ္မွဴး ဂရစ္မန္းကိုေခၚယူဖို႔ ျပင္ဆင္ေနတ့ဲ ဘာစီလိုနာကို ကစားသမားေဟာင္း ျဖစ္တ့ဲရီဗယ္ဒိုက အခုလိုပဲအၾကံဳျပဳေျပာဆိုသြားခ့ဲပါတယ္။ ရီဗယ္ဒိုက ” ဒီေႏြရာသီမွာ ဘာစီလိုနာအတြက္ေခၚယူဖို႔ကစားသမားကို ကၽြန္ေတာ့္ကိုေရြးခ်ယ္ခိုင္းမယ္ဆိုရင္ ေသခ်ာေပါက္ေနမာကိုပဲ ေရြးခ်ယ္ပါ့မယ္၊ ဂရစ္မန္းကိုေခၚယူလိုက္တာက စြန္႔စားမႈသက္သက္ပဲျဖစ္ပါလိမ့္မယ္၊ သူက ဘာစီလုိနာမွာ တစ္ခါမွ မကစားဖူးပါဘူး၊ ဒါမွမဟုတ္ မက္ဆီ၊ ဆြာရက္ဇ္

တို႔နဲ႔လည္းတစ္ခါမွ တြဲမကစားဖူးပါဘူး၊ ပီအက္စ္ဂ်ီကိုေျပာင္းေရႊ႕ခ့ဲတ့ဲ ေနမာအေနနဲ႔ ဘာစီလိုနာကိုျပန္လာရင္ အသင္းရဲ႕ပရိသတ္ေတြအားလံုးေတာ့ေပ်ာ္ရႊင္ႏိုင္လိမ့္မွာမဟုတ္ပါဘူး၊ ဒါေပမ့ဲ သူကအသင္းကို မက္ဆီ၊ဆြာရက္ဇ္တို႔နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကိုရေအာင္ကူညီေပးနိုင္ခ့ဲမယ္ဆိုရင္ ပရိသတ္ေတြက သူ႔ကို အလိုလို ခြင့္လႊတ္လာၾကပါလိမ့္မယ္ ” လို႔ အၾကံေပးေျပာဆိုသြားခ့ဲတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေနမာဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ သူ႔ရဲ႕ကိုပါအေမရိက ဖလားေမ်ွာ္လင့္ခ်က္ေတြ ပ်က္သုဥ္းခ့ဲရျပီလည္းျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

နေမာကိုပြန်လည်ခေါ်ယူဖို့တိုက်တွန်းခဲ့တဲ့ ဘာစီလိုနာကစားသမားဟောင်းရီဗယ်ဒို

ဘာစီလိုနာအသင်းရဲ့ကစားသမားဟောင်း ရီဗယ်ဒိုက ဘာစီလိုနာအနေနဲ့ အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ဂရစ်မန်းကိုခေါ်ယူမယ့်အစား ပီအက်စ်ဂျီအသင်းကိုရဲ့တိုက်စစ်မှူး နေမာကို ပြန်လည်ခေါ်ယူသင့်တယ်လို့ အကြုံပြုပြောဆိုသွားခဲ့ပါတယ်။

နေမာဟာ (၂၀၁၇)ခုနှစ်က ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကိုကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နေမာရဲ့ပီအက်စဂျီကစားသမားဘဝဟာ ထင်ထားသလိုမလှပခဲ့ပဲ ဒဏ်ရာပြဿနာတွေ၊ အခြားသောပုဂ္ဂိုလ်ရေးပြဿနာတွေနဲ့ ပြင်သစ်မြေမှာ နေမာတစ်ယောက်ရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီမှာ လီဂူးတစ်ဖလားနှစ်လုံးအပါအဝင် စုစုပေါင်းဖလားလေးလုံးရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီအောင်မြင်မှုဟာ ဘာစီလိုနာမှာရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့ယှဉ်ရင် ဘာမှ ပြောလောက်စရာအောင်မြင်မှုတွေမဟုတ်ပါဘူး။ နေမာက ဘာစီလိုနာမှာ လာလီဂါအမှတ်ပေးဖလားကိုနှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်နဲ့ ကိုပါဒယ်ရေးဖလားကိုသုံးကြိမ်အထိရရှိခဲ့တဲ့သူလည်းဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ ပြင်သစ်တိုက်စစ်မှူး ဂရစ်မန်းကိုခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာကို ကစားသမားဟောင်း ဖြစ်တဲ့ရီဗယ်ဒိုက အခုလိုပဲအကြုံပြုပြောဆိုသွားခဲ့ပါတယ်။ ရီဗယ်ဒိုက ” ဒီနွေရာသီမှာ ဘာစီလိုနာအတွက်ခေါ်ယူဖို့ကစားသမားကို ကျွန်တော့်ကိုရွေးချယ်ခိုင်းမယ်ဆိုရင် သေချာပေါက်နေမာကိုပဲ ရွေးချယ်ပါ့မယ်၊ ဂရစ်မန်းကိုခေါ်ယူလိုက်တာက စွန့်စားမှုသက်သက်ပဲဖြစ်ပါလိမ့်မယ်၊ သူက ဘာစီလိုနာမှာ တစ်ခါမှ မကစားဖူးပါဘူး၊ ဒါမှမဟုတ် မက်ဆီ၊ ဆွာရက်ဇ်

တို့နဲ့လည်းတစ်ခါမှ တွဲမကစားဖူးပါဘူး၊ ပီအက်စ်ဂျီကိုပြောင်းရွှေ့ခဲ့တဲ့ နေမာအနေနဲ့ ဘာစီလိုနာကိုပြန်လာရင် အသင်းရဲ့ပရိသတ်တွေအားလုံးတော့ပျော်ရွှင်နိုင်လိမ့်မှာမဟုတ်ပါဘူး၊ ဒါပေမဲ့ သူကအသင်းကို မက်ဆီ၊ဆွာရက်ဇ်တို့နဲ့အတူ ချန်ပီယံလိဂ်ဖလားကိုရအောင်ကူညီပေးနိုင်ခဲ့မယ်ဆိုရင် ပရိသတ်တွေက သူ့ကို အလိုလို ခွင့်လွှတ်လာကြပါလိမ့်မယ် ” လို့ အကြံပေးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နေမာဟာ ဒဏ်ရာပြဿနာတွေကြောင့် သူ့ရဲ့ကိုပါအမေရိက ဖလားမျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရပြီလည်းဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar