ရာမို့စ်နဲ့ဗန်ဒိုက်တို့ ရွေးချယ်ပေးခဲ့ကြတဲ့ သူတို့ရဲ့အခက်ခဲဆုံးပြိုင်ဘက်

ရာမို့စ်နဲ့ ဗန်ဒိုက်တို့ဆိုတာ လက်ရှိမော်ဒန်ဘောလုံးလောကမှာတော့ ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက် အိပ်မက်ဆိုးတွေပေးစွမ်းနိုင်တဲ့ ခံစစ်မှူးကြီးတွေဖြစ်ပါတယ်။ ရာမို့စ်ဆိုရင် ကမ္ဘာ့ဘောလုံးလောကထက်မှာ (၁၀)စုနှစ်တစ်ကျော် ထိပ်တန်ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လာခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး နာမည်ကြီးထိပ်တန်းတိုက်စစ်မှူးတွေတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ဝါရင့်သမ္ဘာ့ရင့်ခံစစ်မှူးကြီးဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့နောက်ခံလူ ဗန်ဒိုက်ကတော့ လီဗာပူးလ်ကိုရောက်မှ သူ့ရဲ့ခြေစွမ်းတွေကိုကမ္ဘာက သိလာတာဖြစ်တဲ့ အတွက်ကြောင့် ဗန်ဒိုက်ဆိုတဲ့နာမည်ဟာဘောလုံးလောကမှာနာမည်ကြီးလာတဲ့ (၃)နှစ်လောက်ပဲရှိပါသေးတယ်။ ဒါပေမဲ့ လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လီဗာပူးလ်အတွက် ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ခဲ့ပါတယ်။

ဘလွန်းဒီအော်ဆုဆန်ကာတင်(၃)ဦးစာရင်းမှာတောင် မက်ဆီ၊ စီရော်နယ်ဒိုနဲ့ အတူပါဝင်ခဲ့တဲ့ အတွက်ကြောင့် ဗန်ဒိုက်ကလည်း တော်တော်လေးကိုကောင်းတဲ့ ခံစစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ ဒီကစားသမား(၂)ယောက်ကိုရင်ဆိုင်ဖို့ဆိုတာတိုက်စစ်မှူးတွေအတွက်ခေါင်းခဲစရာကိစ္စတစ်ခူပါ။ဒါပေမဲ့ ဒီကစားသမားကြီး(၂)ယောက်ကလည်း သူတိူ့ရင်မဆိုင်ချင်တဲ့ ပြိုင်ဘက်တိုက်စစ်ကစားသမားရှိနေပါတယ်။

ရင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်ကစားသမားတွေထဲမှာ ရာမို့စ်ရော ဗန်ဒိုက်တို့နှစ်ဦးလုံးကနေပြီးတော့မြက်ခင်းစိမ်းတွေပေါ်မှာနောက်ထပ် ရင်မဆိုင်ချင်လောက်အောင်ခက်ခဲလွန်းတဲ့ ပြိုင်ဘက်ကစားသမားတွေကိုရွေးချယ်ပေးခဲ့ကြပါတယ်။ဗန်ဒိုက်က ” ခက်ခဲတဲ့ပြိုင်ဘက်တွေအများကြီးရှိပါတယ်၊ ဒါပေမဲ့ မက်ဆီကတော့ အားလုံးနဲ့ ကွဲပြားခြားနားလွန်းပါတယ် ” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

ရာမို့စ်ကလည်း ” အများကြီးရှိပါတယ်၊ ဒါပေမဲ့ ရော်နယ်ဒင်ဟိုကတော့ သူ့ရဲ့အကောင်းဆုံးအချိန်တွေမှာ ရပ်တန့်ဖို့ဆိုတာ ဘယ်လိုမှကိုမဖြစ်နိုင်ခဲ့ပါဘူး၊သူက တိုက်စစ်မှူးတစ်ယောက်လည်းဟုတ်သလို ပလေးမိတ်ကာ တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။ဒါ့အပြင် ရာမို့စ်က ဘာစီလိုနာကစားသမားဟောင်းတွေဖြစ်ကြတဲ့ အီတိုးနဲ့ မိုဗစ်တို့ကလည်း ထိန်းချုပ်ဖို့ခက်ခဲလွန်းခဲ့တဲ့ သူတွေဖြစ်ခဲ့တယ်လို့ပြောကြားခဲ့ပါသေးတယ်။

ရာမို့စ်အတွက်အခက်ခဲဆုံးပြိုင်ဘက်အဖြစ် ဘာစီလိုနာနဲ့ တွေ့တိုင်းအကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရတဲ့ မက်ဆီကို မရွေးချယ်ခဲ့တာကတော့အံ့အားသင့်စရာကောင်းတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

AZ-SportsGabar