လင်ဒီလော့ဖ်အပါဝင် ဆွီဒင်ကစားသမားငါးဦး နိုင်ငံအတွက် ကစားပေးခွင့်မရဖို့ရှိနေ

ဗြိတိန်မှာ အခြေစိုက်ကစားနေတဲ့ ဆွီဒင်လက်ရွေးစင် ကစားသမားတွေဟာ နိုင်ငံအတွက် ကိုယ်စားပြုခွင့်မရဖို့ရှိနေပါတယ်။ ကွာရင်တိုင်းဥပဒေနဲ့သွားညှိနေတာဖြစ်ပြီး၊ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကစားမယ့်ဒိန်းမတ်နဲ့ပွဲစဉ်အတွက် ကစားသမားငါးဦးအထိ လွဲချော်မယ်လို့ အထူးသတင်းအနေနဲ့ ဖော်ပြခဲ့ပါတယ်။ ယူကေမှာကစားနေတဲ့ ဆွီဒင်ကစားသမားတွေနဲ့သီးသန့်ဆိုင်တဲ့ဥပဒေကြောင့်ပါ။

လက်ရှိဗြိတိန်မှာ အထူးတွေ့ရှိချက်တခုကြောင့် ဒိန်းမတ်ကနေ လာတဲ့ ခရီးသွားတွေ၊ ယူကေကိုလာမယ့်သူတွေကို ပိတ်ပင်ထားပါတယ်။ စနေနေ့ကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်အရ Mink လို့ခေါ်တဲ့ အကောင်လေးတွေဟာ ကိုရိုနာဗိုင်းရပ်ကို သူတို့ကနေတဆင့်လူကိုကူးစက်စေခဲ့တယ်လို့ သံသယရှိတာကြောင့် ဒိန်းမတ်ကနေ ယူကေကိုလာတဲ့သူတွေကို ပိတ်ပင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဗြိတိန်ကနေ ဒိန်းမတ်ကို သွားမယ့်သူတွေကို ခွင့်ပြုပေမဲ့ ပြန်လာဖို့လက်မခံပါဘူး။ ဒီအချိန်မှာ ဆွီဒင်အတွက် နိုင်ငံ့လက်ရွေးစင်အနေနဲ့ ဒိန်းမတ်နဲ့တွေ့မယ့်ပွဲကိုသွားကစားပေးရမယ့် ကစားသမား ငါးဦးထိရှိနေပြီး၊ ဒိန်းမတ်ကိုသွားပြီးရင် ပြန်လာခွင့်မရတဲ့အပေါ် ကလပ်တွေက မလွှတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီထဲမှာ ပါဝင်သူတွေက မန်ယူကစားသမား လင်ဒီလော့ဖ်၊

အဲဗာတန်ဂိုးသမား ရော်ဘင်အော်ဆန်၊ နယူးကာဆယ် ညာနောက်ခံလူ အီမီလ် ခရက်၊ ရိန်းဂျားအသင်း နောက်ခံလူ ဟာလန်ဒါ၊ ဝက်ဖို့ဒ်ကွင်းလယ်လူ ကန်ဆီမာတို့က နိုင်ငံအတွက် သွားကစားပေးပြီးရင် ဗြိတိန်ကို ပြန်ဝင်လာဖို့မရတော့တဲ့အတွက် ကလပ်မှာပဲ ဆက်နေရဖို့ရှိနေမှာပါ။ ပိုဆိုးတာက ဆွီဒင်ဟာ မန်နေဂျာ ဂျန်နီ အန်ဒါဆန်ကိုယ်တိုင်က ကွာရင်တိုင်းဝင်နေရတယ်လို့သိရပါတယ်။

ဒီအကျိုးဆက်ကို ခံစားရတာက ဒိန်းမတ်လည်းအတူတူဖြစ်ပါတယ်။ ဗြိတိန်ကနေ လာပြီးရင်ပြန်သွားမရတဲ့အတွက် ကစားသမားခုနှစ် ယောက်အထိ လက်ရွေးစင်ကိုခေါ်ခွင့်မရဘူးလို့သိရပါတယ်။ အဲဒီအစား လူသစ်ကိုးယောက်ကို ကစားသမားစာရင်းမှာ ရွေးခဲ့ရတဲ့အပေါ် ဆွီဒင်-ဒိန်းမတ်ပွဲဟာ အတော်လေးကို ကမောက်ကမဖြစ်လာဖို့ ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

AZ-SportsGabar