ဂါရတ်ခရွတ်ရဲ့ တပတ်တာအကောင်းဆုံး အသင်းမှာ ဘယ်သူတွေပါဝင်ခဲ့ကြသလဲ

ပရီးမီးယားလိဂ်ရဲ့ရက်သတ္တပတ် (၈)ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဟယ်ရီကိန်း စပါးအတွက် ဂိုး (၁၅၀)ရှိလာပြီး၊ ပရီးမီးယားလိဂ်မှတ်တမ်းစိုက်ထူတာ၊ မန်စီးတီးနဲ့ လီဗာပူး (၁-၁) သရေကျတာ၊ အာဆင်နယ်ကို ဗီလာ (ဝ-၃)နဲ့ ဂိုးပြတ်နိုင်တာတွေအပြင် ရှက်ဖီးယူနိုက်တက် တမှတ်ပဲရသေးတာတွေက ဒီတပတ်အတွက် ထူးခြားဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

နိုင်ပွဲတွေလည်း မြိုင်ခဲ့တဲ့အတွက် ဒီတပတ်မှာ အကောင်းဆုံးလူစာရင်းကို ရွေးချယ်ဖို့ လိုလာပါတယ်။ ဘီဘီစီရဲ့ အပတ်စဉ်ရွေးချယ်တင်ဆက်ပေးနေကြဖြစ်တဲ့ တပတ်တာအကောင်းဆုံး လူစာရင်းကို ဂါရတ်ခရွတ်ကလည်း ဒီတပတ်မှာ ဆက်လက်ရွေးချယ်ပေးသွားခဲ့ပြီး၊ ပရိသတ်အကြိုက်နဲ့ ထပ်တူကြမယ့် လူစာရင်းကို ဦးစားပေးသွးခဲ့ပါတယ်။

ကစားကွက်ကတော့ (၃-၄-၃)ပါ။ အသင်းခြောက်သင်းက ကစားသမားတွေကိုပဲ ရွေးချယ်ခဲ့ကာ မန်ယူကစားသမား သုံးဦးအထိ အဲဗာတန်ကို နိုင်တဲ့ပွဲက လူစာရင်းကို ရွေးချယ်ခဲ့ပါတယ်။ လက်စတာ၊ ချဲလ်ဆီး၊ ဗီလာက နှစ်ဦးစီနဲ့ အခုလိုရွေးခဲ့ပါတယ်။ ဂိုး- ရှမိုက်ကယ် (လက်စတာ) နောက်တန်း- မက်ဂွဲယား (မန်ယူ)၊ သီယာဂို ဆေးလ်ဗား (ချဲလ်ဆီး)၊ အီဗန် (လက်စတာ)။

ဇီယက် (ချဲလ်ဆီး၊)၊ ဖရက်- ဖာနန်ဒက် (မန်ယူ)၊ ဘာကလေ (ဗီလာ)၊ တိုက်စစ်- အီဇီ (ပဲလေ့)၊ကိန်း (စပါး)နဲ့ ဝက်ကင် (ဗီလာ) တို့ကို အသီးအသီးရွေးချယ်ပေးခဲ့ပါတယ်။ ကစားသမားတွေ အားလုံးက နိုင်ပွဲရအသင်းတွေကဖြစ်နေပြီး၊ အသင်းကြီးချင်းတွေ့ဆုံတဲ့ မန်စီးတီး-လီဗာပူးပွဲက တယောက်မှ မပါဝင်ခဲ့တာကိုလည်း ထူးထူးဆန်းဆန်းတွေ့ခဲ့ရပါတယ်။

AZ- SportsGabar