မန်စီးတီး(၁-၁)လီဗာပူးလ်ပွဲစဉ်မှပြောစရာဖြစ်ခဲ့တဲ့ အချက်များ

စူပါးဆန်းဒေးရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီနဲ့သရေကျသွားခဲ့ပြီး မျှတတဲ့ ရလဒ်တစ်ခုကိုထွက်ပေါ်သွားခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ လက်ရှိရာသီစတင်မှုတွေဟာပြီးခဲ့တဲ့ ရာသီကလောက်တော့ကောင်းမွန်ခြင်းမရှိပဲ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပြီးဆုံးချိန်မှာ လီဗာပူးလ်က အဆင့်(၃)နေရာမှာ ရပ်တည်နေသလို မန်စီးတီးကလည်း အဆင့်(၁၀)နေရာမှာရပ်တည်လျက်ရှိနေပါတယ်။ ဆိုတော့ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီးပြောစရာဖြစ်ခဲ့တဲ့ အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ဒဏ်ရာရ ကစားသမားစာရင်းထဲ ထပ်ပေါင်းပါဝင်လာပြန်တဲ့ အာနိုး။ ။လီဗာပူးလ်အတွက်တော့ ဒီရာသီဟာ ဒဏ်ရာတွေနဲ့ စိတ်ပျက်စရာနှစ်တစ်နှစ်လို့ဆိုရမှာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာဘောလုံးရာသီတစ်ခုစာအနားယူရဖွယ်ရှိနေသလို ညကပွဲစဉ်မှာလည်း အာနိုးတစ်ယောက်ဒဏ်ရရှိခဲ့တာကြောင့် ပွဲကစားချိန်(၆၃)မိနစ်မှာ မီလ်နာနဲ့လူစားလဲခဲ့ရပါတယ်။ အာနိုးသာကာလရှည်အနားယူရမယ်ဆိုရင် လီဗာပူးလ်အတွက်တော့ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာတော့မှာပါ။

(၂)ကလော့အတွက် အလုပ်မဖြစ်ခဲ့တဲ့ ဖာမီနိုနဲ့ ဂျိုတာ။ ။ညက ပွဲစဉ်မှာ လီဗာပူးလ်နည်းပြကလော့ဟာ ဖာမီနိုကိုရော ဂျိုတာကိုပါ ကလော့ဟာထည့်သွင်းလာခဲ့ပြီးတော့ မန်စီးတီးကိုရင်ဆိုင်ခဲ့ပါတယ်။ဂျိုတာအနေနဲ့ ညကပွဲစဉ်မှာတော့ ပုံစံကောင်းတွေပျောက်ဆုံးခဲ့ရသလို ဖာမီနိုအနေနဲ့လည်း ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရကာ(၅၉)မိနစ်မှာ ရှာကွီရီနဲ့ လူစားလဲခံခဲ့ရပါတယ်။

(၃)ပရိသတ်တွေစိတ်ပျက်ခဲ့တဲ့ ဒုတိယပိုင်း။ ။မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာပထမပိုင်းမှာအကြိတ်အနယ်ရှိခဲ့ကြပေမဲ့ ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးက ပွဲကိုထိန်းကစားနေခံ့ဲကြပြီး မန်စီးတီးအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကိုထိန်းချုပ်ပြီး ကစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းကစားပုံကတော့ နှစ်သင်းလုံးက စိတ်ပျက်စရာကောင်းခဲ့ပါတယ်။

(၄)ဒဏ်ရာကပြန်လာပြီး စတားဖြစ်ခဲ့တဲ့ မာတစ်။ ။လီဗာပူးလ်ဗဟိုနောက်ခံလူ မာတစ်ဟာလည် ညကပွဲစဉ်မှာဒဏ်ရာကနေပြန်လာပြီးနောက်ပိုင်း အကောင်းဆုံးခြေစွမ်းပြကစားခဲ့ကာ ခံစစ်မှာ စတားဖြစ်ခဲ့ပါတယ်။မနေ့ညကပွဲစဉ်မှာမာတစ်ထက်ပိုပြီး ဘောလုံးရှင်းထုက်မှု၊ လျှောထိုးဖျက်ထုက်မှုပိူများခဲ့တဲ့ လီဗာပူးလ်ကစားသမားဆိုတာ မရှိခဲ့ပါဘူး။

(၅)ပင်နယ်တီလွဲခဲ့သလို ခြေစွမ်းပါမမိုက်ခဲ့တဲ့ ဒီဘရူနီ။ ။ပွဲကစားချိန်(၄၂)မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီကို ဒီဘရုူနီတစ်ယောက်ကန်သွင်းခဲ့ရာမှာ (၂၀၁၈)ခုနှစ်အောက်တိုဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်လွဲချော်ခဲ့ရပါတယ်။ ပင်နယ်တီလွဲချာ်ခဲ့သလို ဒီပွဲစဉ်မှာ ဒီဘရူနီအနေနဲ့ဘောလုံးပေးပို့ရာမှာ အောင်မြင်မှုက(၇၆)ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ရှားရှားပါးပါး ဒီဘရူနီတစ်ယောက်ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်။

Red Devil