တစ်ကိုယ်ရည်အာသာဖြေတဲ့ ဗီဒီယိုပေါက်ကြားမှုကြောင့် လက်ရွေးစင်အသင်းကအထုတ်ခံရတဲ့ ကစားသမား

အချို့ကစားသမားတွေဟာခြေစွမ်းကောင်းတွေကြောင့်နိုင်ငံအတွက်ကိုယ်စားပြုကစားခွင့်ရတဲ့ လက်ရွေးစင်မှာ ရွေးချယ်ခံကြရပေမဲ့ ကစားသမားတွေဟာ ပြင်ပြလူနေမှုပုံစံတွေ၊ ပရော်ဖက်ရှင်နယ်မဆန်မှုတွေကြောင့် အသင်းရဲ့ လက်ရွေးစင်လူစာရင်းကနေပြန်လည်ထုက်ခံတာရမျိုးတွေရှိတတ်ပါတယ်။ ပြီးခဲ့တဲ့နေရှင်နယ်ပွဲတုန်းကဆိုရင် မန်စီးတီးလူငယ်ဖိုဒန်၊ ယူနိုက်တက်လူငယ် ဂရင်းဝုဒ်တို့ဟာအသင်းနာခိုရာဟိုတယ်ကို မိန်းမလေးတွေခေါ်ပြီး၊

အချစ်နယ်ကျွံခဲ့ကြတာကြောင့် လက်ရွေးစင်လူစာရင်းကနေ ချက်ချင်းအထုက်ခံရပြီး အိမ်ပြန်ပို့ခံခဲ့ရတာဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေကတော်သေးတယ်လို့ပြောရမှာဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ကစားသမားကတော့ တစ်ကိုယ်ရည်အာသာဖြေနေတဲ့ ဗီဒီယိုအွန်လိုင်းပေါ်မှာပေါက်ကြားလာတဲ့ အတွက်ကြောင့် လက်ရွေးစင်အသင်းကနေထုက်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ရုရှားနိုင်ငံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ အာတန်ဒီဇူဘာဆိုတာသူဟာ တစ်ကိုယ်ရည်အာသာဖြေနေတဲ့ ဗီဒီယိုအွန်လိုင်းမှာပေါက်ကြားလာခဲ့မှုကြောင့်နိုင်ငံလက်ရွေးစင်အသင်းကနေထုက်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေထက်မှာ အဆိုပါဗီဒီယိုနဲ့ပတ်သက်ပြီး တစ်ကိုယ်ရာ်အာသာဖြေနေတဲ့ သူဟာ ဒီဇူဘာမဟုတ်ဘူးလို့ အငြင်းပွားမှုတွေရှိနေပေမဲ့၊

ခိုင်လုံတဲ့ အချက်အလတ်တွေက ဇီဇူဘာဖြစ်ဖို့ သေချာနေတာဖြစ်ပါတယ်။ရုရှားနည်းပြဖြစ်သူ ချာချီဆော့ကလည်း ဒီဇူဘာအနေနဲ့ ရုရှားအသင်းရဲ့လာမယ့် ပွဲစဉ်တွေဖြစ်တဲ့ မော်ဒိုဗာ၊ တူရကီနဲ့ ဆာဘီးယားတို့နဲ့ ပွဲစဉ်တွေကိုလွဲချော်သွားမှာဖြစ်တယ်လို့ အတည်ပြုပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ ဒေးလီးမေးလ်သတင်းစာရဲ့ဖော်ပြချက်မှာတော့ ဒီဇူဘာရဲ့ အခြေအနေတွေဟာ၊

အားကစားရှုှုထောင့်ကနေကြည့်ရှု့မယ်ဆိုရင် ရုရှားအသင်းနဲ့ ဘယ်လိုသက်ဆိုင်မှုမျိုးမှမရှိဘူးလို့ဖော်ပြခဲ့ပါတယ်။ဒီဇူဘာဟာ (၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားမှာ ရုရှားကိုကွာတားဖိုင်နယ်ရောက်အောင် ပို့ဆောင်ခဲ့သလို အသြင်းအတွက်လည်း အရေးပါတဲ့ သွင်း၈ိုး(၃)ဂိုးကို သွင်းယူပေးခဲ့တာကြောင့် (၂၀၁၈)ကမ္ဘာ့ဖလားမှာနိုင်ငံအတွက်ဟီးရိုးဖြစ်ခဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

AZ-SportsGabar