နံနက်ပိုင်း အားကစားသတင်းတိုများ (၈.၁၁.၂၀၂၀)

ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ ဆိုးလ်ရှားတယောက် အဲဗာတန်ကို (၁-၃)နဲ့နိုင်အပြီးမှာ ဖိအားတွေကနေ ရုန်းထွက်နိုင်ခဲ့ပြန်ပြီလို့ ဝေဖန်သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။ ရီယိုဖာဒီနန်ကလည်း ဆိုးလ်ရှားဖြစ်နေကြအတိုင်း ဖိအားဝင်လာရင်ပြန်ရုန်းထွက်တဲ့ တွန်းအားကြောင့် အခုလို နိုင်ပွဲကိုရခဲ့တာလို့ သုံးသပ်ခဲ့ပါတယ်။

အမှတ်ပေးဇယားအောက်ဆုံးမှာရောက်နေတဲ့ ရှက်ဖီးအသင်းကတော့ ချဲလ်ဆီးရဲ့ (၄-၁)ဂိုးပြတ်နိုင်ပွဲနဲ့ထပ်တွေ့အပြီးမှာ (၈)ပွဲကစား (၁)မှတ်နဲ့အတူ ရှိနေပါတယ်။ (၈)ပွဲကစားပြီးချိန်မှာ (၁)မှတ်ပဲရတဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာတန်းဆင်းရတဲ့ မှတ်တမ်းရှိပါတယ်။ ဆန်းဒါးလန်းတသင်းပဲ ဒီအနေအထာကနေ ရုန်းထွက်ပြခဲ့ဖူးပါတယ်။

လက်ကျွံနေခဲ့လို့ ချေပဂိုးဖြစ်လာမယ့်ဂိုးကို VAR ကြောင့်ပယ်ဖျက်ခံရတဲ့အပေါ် လိဒ်တိုက်စစ်မှူး ဘန်းဖို့ဒ်က သူ့အနေနဲ့ အခုလိုလက်ကျွံလည်း လူကျွံဖြစ်တာကို မသိခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ လူကျွံစည်းအတွင်းမှာရှိနေခဲ့ပေမဲ့ ဘောလုံးတောင်းတဲ့လက်က စည်းအပြင်ထွက်နေခဲ့တဲ့အပေါ် ဘန်းဖို့ဒ်က အခုလို ရှင်းပြခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ လိဒ်ဟာ (၄-၁)နဲ့ ပဲလေ့စ်ကိုရှုံးခဲ့ပါတယ်။

အဓိက ပြိုင်ဘက်ဒေါ့မွန်ကို (၂-၃)နဲ့ အနိုင်ယူလိုက်တဲ့ ဘိုင်ယန်မြူးနစ်ကတော့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ ဟာလန်းနဲ့ လီဝမ်ဒေါစကီး ကိုယ်စီအသင်းအတွက်ဂိုးသွင်းခဲ့ကြကာ ပြင်းထန်တဲ့ အားပြိုင်မှုကိုတွေ့ခဲ့ရပေမဲ့ VAR ကြောင့် လီဝမ်ဒေါစကီးရခဲ့တဲ့ နှစ်ဂိုးကိုပယ်ဖျက်ခံရတာကလည်း ပွဲချိန်တွင်းပြောစရာ ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်ဘက်တစ်ကို (၅-၂)နဲ့ အနိုင်ကန်ခဲ့တဲ့ ဘာစီလိုနာအသင်းအနေနဲ့ အသင်းခေါင်းဆောင် မက်ဆီရဲ့ပင်နယ်တီမဟုတ်တဲ့ လာလီဂါပထမဆုံးသွင်းဂိုးကို မြင်ခဲ့ရပါတယ်။ ပထမတလုံးကို မက်ဆီပင်နယ်တီကနေ သွင်းပြီးချိန်မှာ (၈၂)မိနစ်အရောက် ဒုတိယမြောက်ဂိုးကို ရခဲ့ပြီး၊ ဒီနှစ်ရာသီပင်နယ်တီမဟုတ်တဲ့ ဂိုးကို ပထမဆုံးအရယူနိုင်ခဲ့ပါတယ်။

ရန်းနက်ကို (၃-ဝ)နဲ့ ပီအက်စ်ဂျီအနိုင်ယူခဲ့ချိန်မှာ ဒီမာရီယာက သွင်းဂိုး သုံးဂိုးလုံးကို ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကို (၁၁)မိနစ်မှာ ဖန်တီးပေးခဲ့ပြီးနောက် (၂၁)မိနစ် ၊ (၇၃)မိနစ်တွေကမှာ ကိုယ်တိုင်ကပဲဂိုးအဖြစ်ပြောင်းလဲပေးခဲ့ကာ ပွဲစဉ်ရဲ့အထူးခြေစွမ်းပြကစားသမားအဖြစ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

AZ-SportsGabar