ဒင်ဟိုပြောတဲ့ မက်ဆီထက်ပိုကောင်းတဲ့ ကစားသမား (၃)ဦး

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းအကောင်းဆုံးဘောလုံးသမားကိုပြပါဆိုရင် မက်ဆီနဲ့ စီရော်နယ်ဒိုတို့(၂)ဦးကိုပဲပြရမှာပါ။ ဒီထဲမှာမှ မက်ဆီက ဘလွန်းဒီအော်ဆုကို (၆)ကြိမ်နဲ့ အများဆုံးရရှိထားခဲ့ပြီး၊ စီရော်နယ်ဒိုက (၅)ကြိမ်နဲ့ ဒုတိယအများဆုံးရရှိထားခဲ့တာဖြစ်ပါတယ်။ ဆိုတော့ ဒီကစားသမား(၂)ယောက်လုံးဟာပြီးခဲ့တဲ့ (၁၀)စုနှစ်တစ်ခုလုံးကိုကြီးစိုးထားခဲ့ကြတဲ့ ကစားသမား(၂)ယောက်ပဲဖြစ်ပါတယ်။

ဒီထဲမှာမှ မက်စီနဲ့ စီရော်နယ်ဒိုဘယ်သူပိုကောင်းတယ်ဆိုတဲ့ပရိသတ်တွေကြားအငြင်းပွားမှုတွေကလည်းဒီနေ့အချိန်ထိရှိနေကြတုန်းပါ။ သေချာတာကတော့ ဒီ(၂)ယောက်လုံးဟာ လက်ရှိဘောလုံးကမ္ဘာမှာ ပရိသတ်တွေကိုဖျော်ဖြေမှု အပေးနိုင်ဆုံးကစားသမားတွေဆိုတာ မမှားပါဘူး။ လက်ရှိမှာတော့ မက်ဆီက အသက်(၃၃)နှစ်၊ စီရော်နယ်ဒိုက (၃၅)နှစ်ဖြစ်နေချိန်မှာ ဒီကစားသမား(၂)ယောက်ရဲ့အဆုံးသတ်ကိုမကြာခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဆိုတော့ လက်ရှိမှာတော့ ဘလွန်းဒီအော်ဆုရရှိထားတဲ့ အကြိမ်အရေအတွက်အရ မက်ဆီဟာ မော်ဒန်ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ်သက်မှတ်ထားကြတာဖြစ်ပါတယ်။ဒီအခြေအနေမှာ မက်ဆီရဲ့ စီနယာာအသင်းဖော်ဟောင်းကြီးဖြစ်တဲ့ ရော်နယ်ဒင်ဟိုကတော့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား (၃)ဦးကိုပြောကြားသွားခဲ့ပါတယ်။

ဒင်ဟိုက ” မက်ဆီဘလွန်းဒီအော်ဆုတွေကိုအနိုင်ရရှိခဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်၊ သူနဲ့ ကျွန်တော်နဲ့က ဘာစီလိုနာမှာ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်၊ ဒါပေမဲ့ ကျွန်တော်နှိုင်းယှဉ်ရတာကို မကြိုက်ပါဘူး၊မက်ဆီက သမိုင်းတစ်လျှောက်အကောင်းဆုံးဆိူတာကိပြောဖို့အတွက် ကျွန်တော့်အတွက်ခက်ခဲပါတယ်၊ မာရာဒိုနာ၊ ရော်နယ်ဒိုနဲ့ ပီလီတို့က မက်ဆီထက်ပိုကောင်းပါတယ်၊

မက်ဆီဟာဘောလုံးသမိုင်းမှာ အကောင်းဆုံးလို့ပြောဖို့ဆိုတာကတော့ တကယ်ခက်ပါတယ်၊ ကျွန်တော်သောချာပြောနိုင်တာ တစ်ခုကတော့ သူက လက်ရှိ ခေတ်မှာတော့ အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ပါပဲ ” လို့ပြောကြားသွားခဲ့ပါတယ်

AZ-SportsGabar