ပရီးမီးယားလိဂ်မှာ ဦးဆောင်နိုင်ခဲ့ပြီးနောက် ထရမ့်ကိုလှမ်းစားတဲ့ ဆောက်သမ်တန်

ဆောက်သမ်တန်တို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲကစားပြီးချိန်မှာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အှတ်ပေးဇယားကို လီဗာပူးလ်ထက် တစ်ပွဲအသာ၊ ရမှတ်တူဂိုးကွာခြားချက်နဲ့ ဦးဆောင်ထားနိုင်လိုက်ပါတယ်။ ဆောက်သမ်တန်အတွက်တော့ အခုလိုပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ထိပ်ပိုင်းကို ဦးဆောင်လိုက်နိုင်တာဟာ အသင်းရဲ့သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ်ပဲဖြစ်ခဲ့ပါတယ်။

အခုလို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နိုင်ခဲ့တဲ့ ဆောက်သမ်တန်တို့ဟာ အပျော်လွန်တာပဲလား၊ တမင်စားတာပဲလားမပြောတတ်ပေမဲ့ လက်ရှိအမေရိကန်မှာကျင်းပနေတဲ့ ရွေးပွဲအခြေအနေတစ်ခုနဲ့ အတူ အမေရိကန်ရဲ့ လက်ရှိသမ္မတထရမ့်ကို လှမ်းကလိလိုက်ပါတယ်။ ဒါကတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားပုံကို၊

တွစ်တာမှာ Stop the Count (ရေတွက်နေတာကိုရပ်လိုက်ပါ )ဆိုတဲ့ ကပ်ပ်ရှင်နဲ့ ဆောက်သမ်တို့ဟာအသင်းရဲ့ တွစ်တာမှာတင်ထားခဲ့တာဖြစ်ပါတယ်။ ဒါဟာ လက်ရှိ ဂျိုးဘိုင်ဒမ်အသာစီးရနေတဲ့ အမေရိကန်မှာကျင်းလျက်ရှိနေတဲ့ ရွေးကောက်ပွဲမှာ မဲပေးမှုတွေကို စာနဲ့တစ်ဆင့်ရေတွက်နေတာကို ရပ်တန့်ဖို့ STOP THE COUNT ဆိုပြီး တွစ်တာမှာတင်ခဲ့တဲ့ ထရမ့်ကို လှောင်ပြောင်နေသလိုမျိုးဖြစ်ခဲ့တာပါ။

ဆောက်သမ်တန်အသင်းရဲ့ ပရိသတ်တွေကတော့ သူတို့အသင်းဟာ လက်ရှိအခြေအနေနဲ့ ပရီးမီးယားလိဂ်ရာသီကိုသိမ်းလိုက်ဖို့မျှော်လင့်နေပုံရတယ်ဆိုပြီးတော့ ဟာသပြုလုပ်ခဲ့ကြပါတယ်။ ဆောက်သမ်တန်ရဲ့ အဆိုပါ Stop The Count တွစ်တာပို့မှာ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြား ရေးပန်စားလျက်ရှိနေပြီး ထရမ့်ကို တမင်ပြောင်တာပဲလား၊ အပျော်လွန်သွားလို့ တင်လိုက်တာပဲလားဆိုတာ ဆောက်သမ်တန်က အသိဆုံးပဲဖြစ်မှာပါ။

AZ-SportsGabar